ကင်နွန်မှန်ပြောင်းတွေမှာ မကြာခင် digital display ပါတော့မည်

ကန်နွန်မှန်ပြောင်း
(image credit: Petapixel)
Unicode Version | Zawgyi-One Version

အသစ်ထွက်မယ့် ကင်မရာနဲ့မှန်ပြောင်းတွေအတွက် ပုံမှန်နဲ့မတူတမူထူးခြားတဲ့ အရာတွေချပြဖို့ ကင်နွန်စီစဉ်ထားပါတယ်။ 5D Mark IV နဲ့အတူ DSLR ထဲမှာပထမဦးဆုံးအရာတစ်ခု ကိုမိတ်ဆက်ပါမယ်။ ဒါ့အပြင်အသစ်ထွက်မယ့်မှန်ပြောင်းတွေမှာ ပထမဦးဆုံးအနေနဲ့ digital display ပါရှိနိုင်ပါတယ်။

70-300mm f/4-5.6 IS ကိုအသစ်လဲတဲ့ 70-300 f/4-5.6 IS II မှာ Zeiss Batis မှန်ပြောင်းများကဲ့သို့ digital display ပါရှိမယ်လို့ Canon Rumors website ကပြောပါတယ်။

ကန်နွန်မှန်ပြောင်း2
(image credit: Petapixel)

2015 April မှာမိတ်ဆက်ခဲ့တဲ့ Zeiss Batis 25mm f/2 နဲ့ 85mm f/1.8 မှန်ပြောင်းတွေကတော့ OLED display ပါရှိတဲ့ ကမ္ဘာပထမဦးဆုံးမှန်ပြောင်းတွေဖြစ်ပါတယ်။

focus display နဲ့ depth of field ကို၎င်း display မှာပြပါတယ်။ backlit ဖြစ်လို့လဲ လုံးဝအမှောင်ထဲမှာ အလင်းမရှိသော်လဲ မြင်နိုင်ပါတယ်။

ကန်နွန်မှန်ပြောင်း3
(image credit: Petapixel)

ကန်နွန်မှန်ပြောင်းရဲ့ display မှာဘာတွေပေါ်မလဲဆိုတာကိုတော့ မသိသေးဘူးလို့ Canon Rumors ကပြောပါတယ်။ ၎င်းမှန်ပြောင်းတွေမှာ Nano USM ခေါ် focusing နည်းပညာပါရှိမှာဖြစ်ပြီး 2016 September မှာပြုလုပ်မယ့် Photokina ပြပွဲမတိုင်မှီကြေညာနိုင်ပါတယ်။

via Petapixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*