ကင်နွန်မှ L-series မှန်ဘီလူးအသစ်နှစ်လုံးထုတ်ဖော်ပြသ

Unicode Version | Zawgyi-One Version

5D Mark IV ကင်မရာကို ကင်နွန်ကထုတ်ဖော်ပြသလိုက်ပြီးနောက်ပိုင်းမှာတော့ L-series မှန်ဘီလူးနှစ်လုံးဖြစ်တဲ့ EF 16-35mm F2.8L III USM နဲ့ EF 24-105mm F4L IS II USMကို ပါ ထပ်မံထုတ်ဖော်ပြသခဲ့ပါတယ်။

24-105-4
EF 24-105mm F4L IS II USM

24-105mm F4L II မှာတော့ ပိုမိုကောင်းမွန်တဲ့ Image Stabilization စနစ်ထည့်သွင်းပေးထားပြီး အရင် မှန်ဘီလူးအဟောင်းထက် 1 stop ပိုများတဲ့အပြင် (အဟောင်းမှာ 3 stops ပဲရှိ) ghosting နဲ့ Flare တွေကို ပိုမိုကာကွယ်ပေးမယ့် Air Sphere coating ကိုလည်း အတူထည့်သွင်းပေးထားပါတယ်။ Aperture bland နှစ်ခုကို ထပ်တိုးပြီး ထည့်သွင်းပေးထားလို့ ယခုမှန်ဘီလူးအသစ်မှာ ၁၀ ခုဖြစ်လာပြီး sunstar တွေဖန်တီးနိုင်ဖို့ ပိုကောင်းတဲ့ အချက်ဖြစ်တယ်ဆိုတာ ငြင်းဖို့ခက်သွားပါပြီ။

16-35-2-8
EF 16-35mm F2.8L III USM

ကင်နွန်ရဲ့ 16-35 F2.8L မှန်ဘီလူးရဲ့ တတိယမြောက်မျိုးဆက်ဖြစ်တဲ့ EF 16-35mm F2.8L III USM မှာတော့ ပိုကြီးတဲ့ အချင်းဝက်ရှိတဲ့ GMO (ပုံသွင်းမှန်လောင်း) ထားတဲ့ မှန်ဘီလူးခုံးနှစ်ဖက် ထည့်သွင်းတပ်ဆင်အသုံးပြုထားပါတယ်။ သူ့ရဲ့ ယခင် မော်ဒယ်ဟောင်းမှန်ဘီလူးတွေလိုပဲ ရေနဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့အပြင် ကင်နွန်ရဲ့အဆိုအရ ပိုမိုပြီး အကြမ်းခံနိုင်ပါတယ်လို့ဆိုပါတယ်။ Mark II နဲ့ ကျွန်တော်တို့ နှိုင်းယှဉ်တဲ့အခါမှာတော့ Mark III က သိသိသာသာကြီးကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။ ထို့အပြင ် လှပတဲ့ sunstar တွေကို ရနိုင်တယ်လို့ ြင်းခုံနေကြပေမယ့် ဒီမှန်ဘီလူးအသစ်မှာတော့ ၁၈ ခုအထိရလာပါပြီ။

ဈေးနှုန်းတွေကတော့ EF 16-35mm F2.8L III USM ကို အမေရိကန်ဒေါ်လာ 2199 နဲ့ ရောင်းချမှာဖြစ်ပြီး EF 24-105mm F4L IS II USM ကိုတော့ အမေရိကန်ဒေါ်လာ ၁၀၉၉ နဲ့ရောင်းချမှာပါ။ မှန်ဘီလူးနှစ်လုံးစလုံးကို အောက်တိုဘာလထဲမှာ ဈေးကွက်အတွင်းဖြန့်ချိမှာဖြစ်ပါတယ်။

 

EF 16-35mm F2.8L III USM / EF 24-105mm F4L II USM အချက်အလက်များ

Canon EF 16-35mm F2.8L III USM Canon EF 24-105mm F4L IS II USM
Principal specifications
Lens type Zoom lens
Max Format size 35mm FF
Focal length 16–35 mm 24–105 mm
Image stabilization No Yes (4 stops)
Lens mount Canon EF
Aperture
Maximum aperture F2.8 F4
Minimum aperture F22
Aperture ring No
Number of diaphragm blades 9 10
Optics
Elements 16 17
Groups 11 12
Special elements / coatings 1 dual-surface aspherical, 1 aspherical + fluorine, Air Sphere,

Sub-wavelength Structure coatings

Fluorine and Air Sphere Coatings
Focus
Minimum focus 0.28 m (11.02) 0.45 m (17.72)
Maximum magnification 0.25× 0.24×
Autofocus Yes
Motor type Ring-type ultrasonic
Full time manual Yes
Focus method Internal
Distance scale Yes
DoF scale No
Physical
Weight 790 g (1.74 lb) 795 g (1.75 lb)
Diameter 89 mm (3.48) 84 mm (3.29)
Length 128 mm (5.02) 118 mm (4.65)
Sealing Yes
Colour Black
Zoom method Rotary (internal) Rotary (extending)
Power zoom No
Zoom lock No
Filter thread 82.0 mm 77.0 mm
Hood supplied Yes
Hood product code EW-88D EW-83M
Tripod collar No

Ref: DPreview


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*