ကင်မရာအကြောင်းအထွေထွေ

လူ့မျက်လုံးရဲ့မြင်ကွင်း
Unicode Version | Zawgyi-One Version

ခုလိုကင်မရာတွေ များစွာထွက်ရှိနေတဲ့ခေတ်မှာ ကင်မရာတလုံးဝယ်ရန်အတွက် ထွက်ရှိသမျှသောကင်မရာတွေရဲ့ spec တွေကိုသိနားလည်ဖို့ဆိုတာမလွယ်ကူပါဘူး။ ဒါကြောင့်ဒီဆောင်းပါးမှာ ကင်မရာတလုံးဘယ်လိုအလုပ်လုပ်သလဲ၊ လေ့လာလိုတဲ့ဓာတ်ပုံပညာရပ်ပေါ်မူတည်ပြီး ဘယ်လိုကင်မရာမျိုးကိုရွေးချယ်ရမလဲ၊ ဓာတ်ပုံအပေါ်ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ တို့ကိုရှင်းပြသွားပါမယ်။

ကင်မရာတစ်လုံး၏ အစိတ်အပိုင်းများ

ကင်မရာတစ်လုံးကို အစိတ်အပိုင်းများစွာနဲ့ ဖွဲစည်းတည်ဆောက်ထားပါတယ်။ ၎င်းတို့ထဲကမှ တချို့သောအစိတ်အပိုင်းတွေကတော့ ဓာတ်ပုံတစ်ပုံအတွက်အရေးကြီးတာကြောင့် လေ့လာသိရှိထားဖို့လိုပါတယ်။ အသေးစိတ်ကို နောက်ပိုင်းမှာရှင်းပြမှာဖြစ်ပြီး အောက်မှာယေဘူယအားဖြင့်ရှင်းထားပါတယ်။

  • ကိုယ်ထည် – ကင်မရာရဲ့ကိုယ်ထည်အခွံဖွဲစည်းတည်ဆောက်မှုပါ။ ဓာတ်ပုံရဲ့အရည်အသွေးနဲ့မဆိုင်ပေမယ့် ကင်မရာကိုလွယ်ကူစွာသက်သာစွာ ကိုင်တွယ်နိုင်မှုနဲ့တော့သက်ဆိုင်ပါတယ်။
  • မှန်ပြောင်း – မှန်ပြောင်းဆိုတာ ကင်မရာရဲ့ မျက်စိပါ။ အလွန်နက်နဲ့တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ အရည်အသွေးအမျိုးမျိုးရှိတဲ့ မှန်ပြောင်းအမျိုးမျိုးရှိပါတယ်။ ဒါကြောင့် မှန်ပြောင်းအမျိုးမျိုးရဲ့ခြားနားချက်ကိုသိထားသင့်ပါတယ်။ မှန်ပြောင်းတွေအလုပ်လုပ်ပုံနဲ့ မှန်ပြောင်းတွေက ဓာတ်ပုံအပေါ်ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ နောက်မှဆက်ရှင်းပြပါမယ်။
  • ဆန်ဆာ – ဆန်ဆာဆိုတာ ဒီဂျစ်တယ်ခေတ်ရဲ့ဖလင်ပါ။ မှန်ပြောင်းကိုဖြတ်သန်းဝင်ရောက်လာတဲ့ အလင်းနဲ့ဆန်ဆာနဲ့ထိတွေ့ပြီး ပုံရိပ်ပေါ်စေပါတယ်။ ၎င်းနောက် ထိုပုံရိပ်ကို SD သို့ CF card ကဲ့သို့ memory card ထဲတွင်သိမ်းဆည်းထားလိုက်ပါတယ်။ ဆန်ဆာရဲ့ အရည်အသွေးနဲ့အရွယ်အစားဟာအလွန်အရေးကြီးပြီး ပုံရဲ့အရည်အသွေးကိုအကျိုးသက်ရောက်စေပါတယ်။
  • Memory Card – ဒီဂျစ်တယ်ကင်မရာမှာ ပုံတွေကို memory card ထဲမှာသိမ်းပါတယ်။ memory card ဝယ်တဲ့အခါမှာ ဓာတ်ပုံထည့်သိမ်းနိုင်တဲ့အရွယ်အစားကလွဲလို့ ကျန်တာတွေကိုအများစုကထည့်သွင်းမစဉ်းစားကြပါဘူး။ read နဲ့ write အမြန်နှုန်းအမျိုးမျိုးနဲ့ memory card အမျိုးမျိုးရှိပြီး နှေးတဲ့ memory card ကိုသုံးမိရင် ကင်မရာရဲ့လုပ်ဆောင်နိုင်စွမ်းရည်ကျဆင်းပါတယ်။ ဒါကြောင့် memory card တွေရဲ့ အမြန်နှုန်း class ခွဲခြားမှုနဲ့ ကင်မရာအမျိုးမျိုး လုပ်ဆောင်ချက်အမျိုးမျိုးအတွက် အနည်းဆုံးလိုအပ်တဲ့ အမြန်နှုန်းကိုရှင်းပြပါမယ်။

ကိုယ်ထည်

ကင်မရာရဲ့ကိုယ်ထည်ကင်မရာအသုံးပြုသူတွေကို ကင်မရာကိုယ်ထည်ဒီဇိုင်းရဲ့အကျိုးသက်ရောက်စေမှုကတော့ – ကိုယ်ထည်အကြီးအသေးပေါ်မူတည်ပြီး ကင်မရာကိုကိုင်တွယ်တဲ့အခါ အသုံးပြုရလွယ်ကူသက်သာ သို့မဟုတ် ခက်ခဲစေပါတယ်။ သေးငယ်သောလက်ရှိသူတွေအတွက် ကိုယ်ထည်ကြီးသောကင်မရာက အသုံးပြုရခက်ခဲပြီး ကြီးမားသော လက်ရှိသူတွေအတွက် သေးငယ်သောကင်ရာကိုအသုံးပြုရခက်ခဲပါတယ်။ ထို့ကြောင့်ကင်မရာကိုမဝယ်ယူမှီ ၎င်းကင်မရာကိုကိုင်တွယ်ကြည့်ရှုပြီး ပုံမှန်ကိုင်တွယ်ရိုက်ကူးရန်သင့်မသင့်စမ်းသပ်ကြည့်သင့်ပါတယ်။

ကင်မရာအရွယ်အစားကိုလိုက်ပြီး ကင်အရာ control ခလုတ်တွေဒိုင်ခွက်တွေရဲ့တည်နေရာတွေ ပြောင်းလဲမှုရှိပါတယ်။ အလွယ်တကူ ချိန်-ရိုက်ကင်မရာမှာ control ခလုတ်တွေဒိုင်ခွက်တွေသိပ်မပါတဲ့အတွက်အသုံးပြုရလွယ်ကူပါတယ်။ ဒါပေမယ့် DSLR အသေးတစ်လုံးမှာရင် control ခလုတ်တွေပါလာပါပြီ။ ပိုမြင့်တဲ့ DSLR မှာ အရေးပါတဲ့ control ခလုတ်တွေကို လက်လှမ်းအလွယ်တကူမှီတဲ့နေရာတွေမှာထားထားပါတယ်။ ဒါပေမယ့်ဒါဟာအလွယ်ပြောလိုက်တဲ့သဘောပါ။ ကိုယ်နဲ့လက်သင့်မယ့်ကင်မရာကိုကိုယ်တိုင်စမ်းသပ်ဝယ်သင့်ပါတယ်။ လက်မသင့်ဘူး၊ အဆင်မပြေဘူးဆိုရင်တခြား model တစ်ခုကိုစမ်းကြည့်ပါ။

The Lens

မှန်ပြောင်းမှန်ပြောင်းအမျိုးမျိုးမှာ အသုံးဝင်တဲ့နေရာ အမျိုးမျိုးရှိပါတယ်။ ဒါကြောင့် မှန်ပြောင်းတွေတစ်ခုနဲ့တစ်ခု ကွဲပြားခြားနားမှုကို သေသေချာချာသိနားလည် သင့်ပါတယ်။ ပထမဦးဆုံး zoom lens နဲ့ prime lens တွေရဲ့ခြားနားချက်ကို သိသင့်ပါတယ်။ zoom lens သုံးပြီးမြင်ကွင်းကိုအကျဉ်းအကျယ်ကစားလို့ရပါတယ်။ ဒီ မှန်ပြောင်းတွေဟာ အရွယ်အစားပိုကြီးပြီးဈေးလဲကြီးပါတယ်။ ပိုလေးပါတယ်။

prime lens တွေကတော့မြင်ကွင်းအကျဉ်းအကျယ်ကစားလို့မရပါဘူး။ ဈေးပေါပြီအရွယ်အစားလည်းသေးငယ်ပါတယ်။ ဈေးနည်းတာချင်းတူရင် prime lens က ပိုကြည်လင်ပြတ်သားပါတယ်။

နောက်နားလည်ရမှာတစ်ခုကတော့ wide angle မြင်ကွင်းကျယ်မှန်ပြောင်းနှင့် medium, telephoto, and ultra telephoto ဆိုတဲ့အဝေးဆွဲမှန်ပြောင်းတွေရဲ့ခြားနားမှုပါ။ lens တစ်လုံးရဲ့ focal length ပေါ်မှုတည်တဲ့အခေါ်အဝေါ်တွေပါ။ focal length ကို millimetres နဲ့တိုင်းတာပါတယ်။ focal length သေးတဲ့ lens တွေကမြင်ကွင်းကျယ်တွေဖြစ်ပြီး focal length ကြီးတဲ့ lens တွေကအဝေးဆွဲ tele photo lens တွေပါ။

အောက်မှာ lens အမျိုးအစားအသီးသီးရဲ့ သိသင့်သိထိုက်သည်များကို ရှင်းပြထားပါတယ်။

မြင်ကွင်းကျယ်မှန်ပြောင်း

wide-angle မြင်ကွင်းကျယ် lens ဆိုတာ focal length 35mm ထိရှိတဲ့ lens တွေကိုခေါ်တာပါ။ focal length သေးလေလေ မြင်ကွင်းကျယ်လေ လေဖြစ်ပါတယ်။ fisheye lens တွေမှာအလွန်ကျယ်တဲ့မြင်ကွင်းရှိပြီး 8-10mm focal length ရှိပါတယ်။ ပုံမှန် wide angle lens တလုံးရဲ့ focal length ကတော့ 14-28mm ရှိပါတယ်။ ပုံထဲမှာပြထားတဲ့အတိုင်း wide angle lens တွေရိုက်ရင် မြင်ကွင်းကျယ်ရရှိပါတယ်။ ပုံပျက် distortion ဝင်စေပြီး ဖြောင့်တန်းနေရမည့်ပုံများကို ကောက်ကွေးနေသကဲ့သို့မြင်ရစေပါတယ်။ အချို့သော lens များတွင်ဤကဲ့သို့ distortion ဖြစ်မှုကို ပြန်လည်ပြုပြင်ပေးသော နည်းပညာပါရှိပြီး ဈေးပိုမိုကျသင့်ပါမည်။

နေရာကျဉ်းကျဉ်း

ပုံမှန် standard lens တွေကတော့ 35-50mm ရှိပြီး လူ့မျက်လုံးရဲ့မြင်ကွင်းနှင့်အနီးကပ်ဆုံးတူညီသောမြင်ကွင်းကိုရရှိစေပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း wide angle lens များက distortion ဖြစ်စေပြီး အရာဝတ္ထုတခုနှင့်တခုပိုဝေးသကဲ့သို့မြင်ရစေပါတယ်။ ဝေးဆွဲ telephoto lens များက အရာဝတ္ထုများ တခုနှင့်တခု ပိုနီးကပ်နေသကဲ့သို့ထင်ရစေပါတယ်။ ပုံမှန် standard lens များ၏မြင်ကွင်းမှာ ပကတိအနေအထားနှင့်အနီးစပ်ဆုံးဖြစ်ပါတယ်။ standard lens တွေထဲမှာ 50mm prime lens ဟာ ဈေးအသက်သာဆုံးဖြစ်တတ်ပြီး အရည်အသွေးတူတခြား zoom lens များထက် ဒေါ်လာရာချီပြီးသက်သာပါတယ်။ standard lens တွေဟာ အသုံးဝင်တဲ့ lens တွေဖြစ်ပါတယ်။ သို့သော်နေရာကျဉ်းကျဉ်းတွင်ရိုက်ကူးရန်သို့မဟုတ် အဝေးမှအရာများဆွဲယူရိုက်ကူးရန်လိုအပ်လာသောအခါ၎င်း lens များကိုသုံးမရတော့ပါ။

လူ့မျက်လုံးရဲ့မြင်ကွင်း

focal length 60-100mm အတွင်းရှိ lens များကို medium lens များအဖြစ်သတ်မှတ်လို့ရပါတယ်။ zoom lens တော်တော်များများဟာ 28mm မှစပြီး 70mm တွင်ဆုံးလေ့ရှိပါတယ်။

အဝေးဆွဲမှန်ပြောင်း

telephoto lens များကို အဝေးမှအရာဝတ္ထုများကိုဆွဲရိုက်ရန်သုံးပါတယ်။ 100mm ကျော်လျှင် telephoto lens အဖြစ်သတ်မှတ်လေ့ရှိပြီး 400mm ကျော်လျှင် ultra telephoto အဖြစ်သတ်မှတ်ပါတယ်။ ၎င်း lens များသည် အဝေးမှအရာများကို ဆွဲယူရိုက်နိုင်သော်လည်း ပိုမိုလေးလန်ကြီးမားကာ အလင်းရောင်နည်းသောအခြေအနေတွင်ရိုက်ကူးရန် မသင့်တော်ပါ။ လှုပ်ခါမှုကိုလျော့နည်းစေသော နည်းပညာပါရှိပြီး အလင်းရောင်နည်းသောအခြေအနေတွင် ရိုက်ကူးရန် အပါချာကျယ်သော lens များရှိသော်လည်း ၎င်းတို့ကြောင့် ဈေးနှုန်းသည်လည်းများစွာမြင့်နိုင်ပါသည်။

The Sensor

ဆန်ဆာဆန်ဆာဆိုသည်မှာ မှန်ပြောင်းကိုဖြတ်၍ ဝင်လာသောအလင်းကိုဖမ်းယူသောအရာ ဖြစ်ပါသည်။ ဆန်ဆာတည်ဆောက်ပုံနှင့် အရွယ်အစားအသည် ပုံကိုကြီးမားစွာအကျိုးသက်ရောက်စေပါသည်။

ဆန်ဆာရဲ့အရွယ်အစားဟာတကယ်ပဲအရေးကြီးပါတယ်။ ချိန်-ရိုက်ကင်မရာငယ်လေးများတွင် အလွန်သေးငယ်သေးဆန်ဆာပါရှိပါတယ်။ ၎င်းကင်မရာများတစ်ခုနှင်ုတစ်ခု၏ ဆန်ဆာ၏အရွယ်အစားခြားနားမှုသည် ပြောပလောက်အောင် အရေးမပါသော်လည်း lens များကိုပြောင်းလဲတတ်ဆင်၍ရသော ကင်မရာများဖြစ်သော DSLR/MILC/CSC/EVIL အစရှိသောကင်မရာများတွင်ပါရှိသောဆန်ဆာ၏ အရွယ်အစားသည်ခြားနားမှုသည်အရေးပါသောအရာဖြစ်ပါသည်။

ယေဘူယအားဖြင့်ပြောရသော် ကြီးမားသောဆန်ဆာများသည် အလင်းရောင်နည်းပါးသောအခြေအနေတွင် ပုံထွက်ပိုကောင်းပြီး depth of field ခေါ် ဖိုကပပြတ်သောနယ်မြေကိုလည်း ပိုမိုထိန်းချုပ်ရလွယ်ကူစေပါသည်။ resolution ပိုမိုကောင်းမွန်ပြီး noise ပိုမိုနည်းပါးပါသည်။

DSLR အများစုတွင် APS-C ဟုလူသိများသောဆန်ဆာအရွယ်အစားပါရှိပါသည်။ APS-C ဆန်ဆာသည် ပုံမှန် 35mm ရှိသောဖလင်တကွက်၏ ထက်ဝက်ခန့်ရှိကာ 35mm ဆန်ဆာအတွက်ထုတ်လုပ်ထားသော မှန်ပြောင်းများ၏မြင်ကွင်းကို ယေဘူယအားဖြင့် 1.6 ဆခန့် တိုးချဲ့မြင်စေပါသည်။ ဆိုလိုသည်မှာ 35mm lens ကို APS-C အသုံးပြုထားသော DSLR တွင်တပ်ဆင်အသုံးပြုခြင်းသည် 35mm အရွယ်ရှိဆန်ဆာပါရှိသော DSLR တွင် 56mm lens ကိုအသုံးပြုပါကမြင်ရသောမြင်ကွင်းနှင့်ဆတူမြင်ရပါမည်။ ဤအချက်သည် telephoto lens များအတွက်ကောင်းသောအချက်ဖြစ်သော်လည်း wide angel အတွက်မှုမကောင်းပေ။ 35mm ဆန်ဆာအတွက်ထုတ်လုတ်ထားသော 10mm fish eye lens တစ်လုံးသည် APS-C ဆန်ဆာပေါ်တွင် 16mm wide angle lens တစ်လုံး၏မြင်ကွင်းကိုသာရရှိပါမည်။

အဆင့်မြင့် DSLR များတွင် full-frame ဆန်ဆာဟုခေါ်သော 35mm ဖလင်အရွယ်အစားရှိဆန်ဆာပါရှိသည်။ အပေါ်တွင်ပြောခဲ့သောဆန်ဆာကြီးမားခြင်းကြောင့်ရရှိသောအကျိုးကျေးဇူးများအပြင် APS-C ဆန်ဆာများတွင်ဖြစ်ပေါ်သော 1.6ဆတိုးချဲ့မြင်မှုလည်းမရှိပေ။

ဆန်ဆာတစ်ခုနှင့်တစ်ခု၏ ကွာခြားမှုကို ၎င်းဆန်ဆာဖြင့်ရိုက်ထားသော ဓာတ်ပုံကိုမြင်မှသာလျှင်ဆုံးဖြတ်နိုင်ပေမည်။ သေးငယ်သောဆန်ဆာရှိသောကင်မရာမှ megapixel များသောပုံထွက်လျှင် ၎င်းကင်မရာကိုရှောင်ပါ။ ဆိုလိုသည်မှာ ကင်မရာတစ်လုံးကို ရွေးချယ်လျှင် megapixel တစ်ခုတည်းအပေါ်မူတည်၍မရွေးပါနှင့်။ megapixel များသောကင်မရာသည် noise ပိုများပြီး ပုံထွက်မကောင်းသည့်ကင်မရာဖြစ်နိုင်ပါသည်။

Memory Card

အမြန်နှုန်းအရွယ်အစားအမျိုမျိုးနှင့် အမြန်နှုန်းအမျိုးမျိုးရှိသော memory card များရှိပါသည်။ ယနေ့အချိန်တွင်အသုံးအများဆုံး memory card မှာ SD သို့ CompactFlash card ဖြစ်ပါတယ်။ ယနေ့ကင်မရာအများစုမှာ အလွန်လျင်မြန်သောကြောင့် memory card ၏ အမြန်နှုန်းသည် အရေးကြီးပါသည်။ ကင်မရာသည်အလွန်လျင်မြန်စွာ ပုံများကိုဆက်တိုက်ရိုက်နိုင်သော်လည်း memory card တွင်နှေးကွေးစွာသိမ်းဆည်းနေပါက ကင်မရာ၏စွမ်းဆောင်ရည်ပြည့်နှုန်းဖြင့်ရိုက်နိုင်မည်မဟုတ်ပါ။

ယနေ့ဓာတ်ပုံကင်မရာများဖြင့်လည်း ဗီဒီယိုရိုက်ကူးနိုင်သောပြီး ဗီဒီယိုရိုက်ရန်လျင်မြန်သော memory card လိုပါသည်။ ချိန်-ရိုက်ကင်မရာများအတွက် Class 6 SD card သာလိုအပ်သော်လည်း DSLR များအတွက်မူ Class 10 မှသာလျှင်သင့်တော်ပါမည်။ CompactFlash card မှာပိုမိုမြန်ဆန်သောနှုန်းရှိသောကြောင့် ၎င်းတို့ကို higher-end DSLR များတွင်အသုံးပြုပါသည်။

via lifehacker


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

1 Comment on ကင်မရာအကြောင်းအထွေထွေ

Leave a Reply

Your email address will not be published.


*