ကန်နွန်ရဲ့ အသစ်ထွက်မယ့် EOS 5D Mark IV ကင်မရာ

Unicode Version | Zawgyi-One Version

ကန်နွန် ကရွေးချယ်ထားတဲ့ ဓာတ်ပုံဆရာ တော်တော်များများဟာ EOS 5D Mark IV ကို စမ်းသပ်ရိုက်ကူးနေကြတယ်လို့ကျွန်တော်တို့ကြားသိရပြီး ဒီ ကင်မရာကို August လမှာ တရားဝင်ကြေညာလိမ့်မယ်လို့ထင်ကြေးပေးနေကြပါတယ်။ ဆိုလိုတာကတော့ ကင်မရာ ရဲ့ hardware spec တွေကအတည်ဖြစ်ပြီဖြစ်ပြီး software ကိုသာအနည်းငယ်အပြောင်းအလဲလုပ်ဖို့ ကျန်ရှိတာပါ။

အတည်ဖြစ်မယ့် spec ကိုခန့်မှန်းရခက်ပေမယ့် ကင်မရာရဲ့ video feature တွေကိုတော့အနည်းငယ်သိထားပါတယ်။ သေချာတဲ့ video spec တွေတော့ –

– 4K video

– 120fps @ 1080p တို့ဖြစ်ပါတယ်။

4K @ 60fps ကတော့သိပ်မသေချာသေးပါ။ ကင်နွန်ဟာ 4K video မှ still frame grab လုပ်လို့ရတဲ့နည်းပညာ အပေါ်မှာလည်းကြော်ငြာငွေတွေသုံးနေပါတယ်။

ဒီ camera ဟာ PowerShot G7 X II မှာပါတဲ့ DIGIC 7 sensor ကိုသုံးတဲ့ ပထမဦးဆုံး ကင်မရာ ဖြစ်လာလေမလားဆိုတာကတော့ စိတ်ဝင်စားစရာစောင့်ကြည့်ရဦးမှာပါ

တခြားကောလဟာလထွက်နေတဲ့ spec တွေကတော့ –

– Built-in Wi-Fi
– Built-in GPS
– Touchscreen
– BG-E20 new battery grip တို့ဖြစ်ပြီး October, 2016 မှာစတင်ရောင်းချနိုင်ပါတယ်။

via Canon Rumours


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*