ခရီးသွားတွေအတွက် National Geographic မဂ္ဂဇင်းက ရွေးချယ်ပေးလိုက်တဲ့ အကောင်းဆုံး ခရီးဆောင်ကင်မရာ ဆယ်လုံး

Unicode Version | Zawgyi-One Version

ခရီးသွားတွေအတွက် National Geographic မဂ္ဂဇင်းက ရွေးချယ်ပေးလိုက်တဲ့ အကောင်းဆုံး ခရီးဆောင်ကင်မရာ ဆယ်လုံး

“သေးငယ်ပေါ့ပါးတဲ့ ကင်မရာတွေကို ရွေးချယ်ပြီး သင့်ရဲ့ ခရီးသွားဓာတ်ပုံတွေကို အဆင့်မြှင့်တင်ပါ ” လို့ တွမ် အိုဘရိုင်ယန်က ဆိုထားပါတယ်။

Nat Geo Travel က National Geographic ရဲ့ ဓာတ်ပုံအင်ဂျင်နီယာ တွမ် အိုဘရိုင်ယန် နဲ့အခြားသော ကင်မရာ ကျွမ်းကျင်သူတွေရဲ့ အမြင်ကို အခြေခံလို့ ခရီးသွားရင် ရှိထားသင့့်တဲ့ ကင်မရာတွေကို စုစည်းထားပါတယ်။ ဒီကင်မရာတွေက ပေါ့ပါးပြီး ပုံကောင်းတွေရရှိနိုင်တာမို့လို့ခရီးသွားရာမှာသယ်ဆောင်သွားဖို့ အသင့်တော်ဆုံးပါ။ သူတို့ရဲ့ အကောင်းဆုံးရွေးချယ်ထားတဲ့ ကင်မရာတွေအကြောင်း ဖတ်ရှုပြီး သင်တို့ရဲ့ နောင်လာမယ့် ခရီးစဉ်အတွက် ပြင်ဆင်လိုက်ကြပါ။

FUJIFILM X-T2

Fuji Film X-T2

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

XT-2 ရဲ့ လေးစားဖို့ကောင်းတဲ့ ဖွဲ့စည်းတည်ဆောက်ပုံက သူ့ရဲ့အစ်ကိုတော်ဖြစ်တဲ့ X-T1 ထက်ပိုကောင်းပြီး သူ့ထက် အဆင့်တစ်ဆင့်မြင့်တယ်လို့ပြောရမယ့် X-Pro2 ကို ကောင်းကောင်းယှဉ်နိုင်ပါတယ်။ ကင်မရာတွေအကြောင်းလေ့လာဆန်းစစ်သူတွေရဲ့အသံတွေကို ကိုးကားခြင်းအရ ကင်မရာပေါ်က ထိန်းချုပ်တဲ့ ခလုတ်တွေက ဘာနဲ့မှ မလဲနိုင်လောက်အောင် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ သင့်ရဲ့လက်ထဲမှာ လက်တွေ့ရော စိတ်ကူးထဲမှာပါ ရိုးရှင်းစွာ အသုံးပြုနိုင်တဲ့ကင်မရာဖြစ်ပါတယ်။ XT-2 ကင်မရာရဲ့ ၂၄.၃ မဂ္ဂါပစ်ဇယ်ဆင်ဆာက အရာတိုင်းကို လှပသေသပ်စွာ ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ သို့ပေမယ့်လည်း သူရဲ့ ရှေးကျတဲ့ပုံစံဒီဇိုင်းကို မြင်ရုံနဲ့ စိတ်မပျက်သွားပါနဲ့။ ဘယ်နေရာကိုပဲခရီးထွက်ထွက် ဒီကင်မရာက တကယ့်ကိုပဲ ကြယ်ငါးပွင့်ပေးရမယ့် ကင်မရာဖြစ်ပြီး သင်လက်ကနေ ချချင်မှာတောင်မဟုတ်ပါဘူး။
ကင်မရာအတွက်အကြံပေးချက်

အချိန်ကြာကြာအသုံးပြုဖို့အတွက် လျင်မြန်စွာ ဘထ္ထရီအားကုန်ခြင်းမှ ကာကွယ်နိုင်ဖို့ Vertical Power Booster Grip ကို ဝယ်ယူပါ။ ဒီအပိုပစ္စည်းက နောက်ထပ် ဘထ္ထရီ ၂ လုံးတပ်ဆင်လို့ရပြီး ကင်မရာကို 11 fps အထိတိုးမြှင့်ပေးခြင်း၊ focus ဖြတ်ရာမှာပိုမိုမြန်ဆန်လာခြင်း၊ 4K အရည်အသွေး ရုပ်ရှင်ရိုက်ကူးတဲ့အခါ အချိန်ပိုမိုရိုက်ကူးလာခြင်း စတဲ့ အကျိုးခံစားမှုတွေ ရရှိလာနိုင်မှာဖြစ်ပါတယ်။ ထပ်ဆောင်းအနေနဲ့ အခြားသော Fuji X series ကင်မရာတွေလို ဖလင်အရောင်အသွေးစနစ်က ကင်မရာမှာပါလာမှဖြစ်ပါတယ်။ Post processing တောင် သိပ်လို့ဖို့မလိုပဲ အံ့အားသင့်ဖွယ် JPEG တွေကို ရရှိနိုင်ပါလိမ့်မယ်။

ဘယ်မှာဝယ်မလဲ: fujifilmusa.com

Sensor: 24.3-megapixel, 23.6mm x 15.6mm (APS-C) X-Trans CMOS III with primary color filter

စွမ်းဆောင်ရည်များ: Full-mechanical dial core settings, Wi-Fi, electronic viewfinder, five-axis image stabilization, cinema 4K video, weather-sealed body, dual SD card slots, Fujifilm film emulations
PHOTOGRAPH COURTESY FUJIFILM 2016

OLYMPUS OM-D E-M1 MARK II

OLYMPUS OM-D E-M1 MARK II

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

ဒီဇင်ဘာလ အစောပိုင်းမှာ ဈေးကွက်အတွင်းဝင်လာခဲ့တဲ့ ဒီကင်မရာအတွက် အသိအမှတ်ပြုတယ်ဆိုတဲ့ သတင်းစကားတွေက ဈေးကွက်မဝင်ခင်ကတည်းက ကြိုတင်ရရှိပြီးသားဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် focus လဲမြန်တယ် shutter လဲမြန်တယ် ပိုပြီးအရေးကြီးတဲ့ 15 fps အထိရိုက်နိုင်တဲ့ mechanical shutter လဲပါတယ်လို့ ပြောရပါလိမ့်မယ်။ ဈေးကွက်ထဲမှာ အမြန်ဆုံးဖြစ်တဲ့ Canon EOS-1DX Mark II ထက် 1 fps သာ နှေးသွားတာကို တွေ့ရပါတယ်။ Olympus ရဲ့ ဂန္ထဝင် Autofocus စနစ်က ပြတ်သား တိကျ ပြီး မြန်ဆန်အတွက်ကြောင့် ဘယ်လို အရာဝထ္တုကိုမဆိို အလျင်နှုန်းအမျိုးမျိုးမှာ ပြတ်ပြတ်သားသား ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ လေကြောင်းပြပွဲမှာ ပျံသန်းနေတဲ့လေယာဉ်ပျံတွေပဲဖြစ်ဖြစ် ညနေ နေဝင်ရီတရောမှာ အကသမားတွေကို ရိုက်ကူးတာပဲဖြစ်ဖြစ် အဆင်ပြေတယ်လို့ ဆိုလိုတဲ့သဘောပါပဲ။ ဒီအရာတွေကို ၂၀.၄ မဂ္ဂါပစ်ဇယ် ဆင်ဆာနဲ့ တွဲဖက်ပေးလိုက်တာအခါ သင်ကိုယ့်ကိုမေးခွန်းတစ်ခုမေးမိပါလိမ့်မယ်။ ” ဒီကင်မရာကို ဘယ်တော့လောက် စမ်းသပ်ကြည့်လို့ရနိုင်ပါမလဲ” ဆိုတဲ့မေးခွန်းပါပဲ။

ကင်မရာအတွက်အကြံပေးချက်

ကင်မရာကို အဝေးထိန်းစနစ်နဲ့ အသုံးပြုခြင်းဟာ အကောင်းဆုံးသော နည်းစနစ်တစ်ခုဖြစ်ပြီး းOlympus က ဒီစနစ်ကို တော်တော်လေး လွယ်ကူအောင် ပြုလုပ်ထားပါတယ်။ Olympus Image Share App ကို အင်တာနက်က ဒေါင်းလုပ်ယူပြီး ကင်မရာရဲ့ Wi-Fi စနစ်ကို ဖွင့်ပေးလိုက်တာနဲ့ အလွယ်တကူချိတ်ဆက်ပြီး ကင်မရာထဲက ပုံတွေကို ဖုန်းပေါ်မှာကြည့်တာ ကင်မရာရဲ့လုပ်ဆောင်မှုတွေကို ဖုန်းကနေ ထိန်းချုပ်တာ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဖုန်းရဲ့စကရင်ကနေ touch နဲ့ focusing လုပ်ရတာ တော်တော်လေး သဘောကျဖို့ကောင်းပါတယ်။ ဒီကင်မရာကို ကျွန်တော် monopod တစ်ခုမှာ တပ်ဆင်ပြီး ကျွန်တော့် ခေါင်းပေါ်မှာထား၊ ဖုန်းစကရင်ကနေ ရိုက်ကူးတာ တော်တော်လေး အဆင်ပြေပါတယ်လို့ National Geographic Magazine နဲ့ National Geographic Traveler ရဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ ဂျင်မ် ရစ်ချက်ဆင်က ပြောပြသွားပါတယ်

ဘယ်မှာဝယ်မလဲ: getolympus.com

Sensor: Micro 4/3, 20.4-megapixel Live MOS

စွမ်းဆောင်ရည်များ: 60 frames-per-second (fps) shooting with electronic shutter, 15 fps shooting with mechanical shutter, weatherproof, Wi-Fi, five-axis image stabilization, cinema 4K video
PHOTOGRAPH COURTESY OLYMPUS

SONY A7R II

SONY A7R II

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

SONY ရဲ့ a7 စီးရီး ကင်မရာတွေက mirrorless ကင်မရာတွေရဲ့ ဖွံ့ဖြိုးမှုကို အားတက်သရောနဲ့ ရှေ့ကိုလှမ်းချီနိုင်အောင် တွန်းအားပေးခဲ့ပါတယ်။ ထိပ်သီး DSLR ကင်မရာတွေနဲ့ ထိပ်တိုက် ယှဉ်ပြိုင်လို့ရတဲ့ mirrorless ကင်မရာတွေထဲမှာ a7R II က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၄၂.၄ မဂ္ဂါပစ်ဇယ် ဆင်ဆာနဲ့ တွဲဖက်ထားတဲ့ ဒီကင်မရာက ဘယ်အခြေနေနေမျိုးမှာပါဖြစ်ဖြစ် အဆင်ပြေပါလိမ့်မယ်။ ဒီလောက် မဂ္ဂါ ပစ်ဇယ်ပမာဏရှိတဲ့ ဆင်ဆာဆိုတာ အနည်းငယ်သော medium format မဟုတ်တဲ့ DSLR တွေနဲ့ medium format ကင်မရာတွေမှာသာ ရှိကြတာပါ။ ဈေးနှုန်းကြီးတာလေးတစ်ခုကို သင်က သည်းခံနိုင်တယ်ဆိုရင် ဒီကင်မရာက စိတ်ပျက်စေလောက်မှာ မဟုတ်ပါဘူး။
ကင်မရာအတွက်အကြံပေးချက်

ဆိုနီရဲ့ မှန်ဘီလူးတွေက ကောင်းတယ်ဆိုပေမယ့် ဈေးက Canon နဲ့ Sigma တို့လိုမျိုးအခြားသော ကင်မရာထုတ်လုပ်သူတွေရဲ့ မှန်ဘီလူးတွေနဲ့ ယှဉ်ရင် များနေတတ်ပါတယ်။ ထို့အတွက် Metabones တံဆိပ် မှန်ဘီလူး adapter ကို ဝယ်ယူပြီး အခြားသော သင့်ရှိပြီးသား DSLR မှန်ဘီလူးတွေနဲ့ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ တခုလေး မကောင်းတဲ့ဟာက SONY ရဲ့ မူလ E-mount မှန်ဘီလူးတွေလောက် focus လုပ်ရာမှာ မမြန်ဘူးလို့ဆိုပါတယ်။

ဘယ်မှာဝယ်မလဲ: sony.com

Sensor: 35mm, full-frame, 42.4-megapixel Exmor R CMOS

စွမ်းဆောင်ရည်များ: Wi-Fi, electronic viewfinder, five-axis image stabilization, 4K video, hybrid autofocus, USB charging
PHOTOGRAPH BY REBECCA HALE, NATIONAL GEOGRAPHIC STAFF

PANASONIC LUMIX DMC-GX8

PANASONIC LUMIX DMC-GX8

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

နှစ်ပေါင်းများစွာကြာခဲ့ပါပြီ Panasonic ရဲ့ G စီးရီး ကင်မရာတွေက ဓာတ်ပုံပညာရှင် ဝါသနာရှင်တွေအတွက် ဒုတိယ ကင်မရာတွေအဖြစ် နာမည်ကျော်ကြားခဲ့ပြီး ယခု GX8 ကင်မရာကလည်း အငြင်းပွားဖွယ်ရာမရှိပါဘူး။ Micro 4/3 ဆင်ဆာကင်မရာတွေနဲ့တွဲဖက်ရတဲ့ မှန်ဘီလူးတွေရဲ့ မျိုးရိုးဗီဇကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ဒီကင်မရာရဲ့ ရွေ့လျားလို့ရတဲ့ Electronic Viewfinder က တကယ်ကို အသိအမှတ်ပြုဖို့လိုပြီး ၉၀ ဒီဂရီ ၄၅ ဒီဂရီ သို့မဟုတ် ဒေါင်လိုက်အနေအထား မှာ ထားလို့ရလို့ angle အနိမ့်ပိုင်းက ရိုက်တဲ့ ရိုက်ချက်တွေ ဗီဒီယိုတွေကို ဒီကင်မရာနဲ့ ရိုက်ကူးနိုင်ပါတယ်။

ကင်မရာအတွက်အကြံပေးချက်

National Geographic Society ရဲ့ ဓါတ်ပုံနဲ့ဆိုင်တဲ့ ပရောဂျက်တွေမှာ ဒီကင်မရာကို အသုံးပြုခဲ့ပြီးပါပြီ။” ဒီကင်မရာကို gimbal လိုမျိုးမြင်ကွင်းငြိမ်အောင် ပြုလုပ်တဲ့ အရာနဲ့ တွဲဖက်ပြီး အဝေးထိမ်းကားမှာ တပ်ဆင်ပြီး ခင်္သြေ့ တွေကို ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်” လို့ National Geographic Society ရဲ့ Remote Imaging ဌာနမှ မိုက် ရှာပတ်ထ် က ပြောဆိုသွားပါတယ်။

ဘယ်မှာဝယ်မလဲ: panasonic.com

Sensor: Micro 4/3, 20.3-megapixel Live MOS

စွမ်းဆောင်ရည်များ: Wi-Fi, tilt electronic viewfinder, five-axis image stabilization, tilt and swivel OLED monitor, splashproof, dustproof, low-light autofocus
PHOTOGRAPH BY BECKY HALE, NATIONAL GEOGRAPHIC STAFF

FUJIFILM X100T (OR X100S)

FUJIFILM X100T (OR X100S)

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

X100T နဲ့ သူ့ရဲ့အစ်ကိုတော် X100S တို့မှာ အကြောင်းပြချက်ကောင်းတွေနဲ့အတူ များစွာသော ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီကင်မရာတွေကပင် range finder စတိုင် ကင်မရာတွေရဲ့ ကျော်ကြားမှုကို ပြန်လည်မိတ်ဆက်ပေးခဲ့ပါတယ်။ XT-1 လိုမျိုးပဲ ကောင်းမွန်တဲ့ ဆင်ဆာနဲ့အတူ ဖလင်ပုံထွက် အရည်အသွေးတွေကို ဒီကင်မရာမှာ မြင်တွေ့နိုင်ပါတယ်။ သူတို့ရဲ့ အသေတပ်ဆင်ထားတဲ့မှန်ဘီလူးကြောင့် သက်တောင့်သက်သာနဲ့ ခရီးသွားရင်းရိုက်ကူးနိုင်တယ်လို့ကြွေးကြော်ထားပါတယ်။ အထူးသဖြင့်ဒီကင်မရာအသေးလေးတွေက ခရီးသွားဓာတ်ပုံဆရာရဲ့ လက်ထဲမှာ သေသေသပ်သပ်နဲ့ ပေါ့ပေါ့ပါးပါး ကိုင်တွယ်နိုင်ပါတယ်။
ကင်မရာအတွက်အကြံပေးချက်

ဒီကင်မရာက ကျွမ်းကျင်တဲ့ဓာတ်ပုံသမားတွေအတွက် လိုသလိုသုံးလို့ရတဲ့ အလွတ်တမ်းလက်နက်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ သင်ခရီးသွားချိန်မှာ ဒီကင်မရာကို အစွမ်းကုန်အသုံးချချင်ရင်တော့ ဘထ္ထရီအပိုဆောင်ထားဖို့လိုအပ်ပါတယ်။ သင့်ကင်မရာရဲ့တံဆိပ်ကို ကွယ်ချင်တဲ့အခါ တိပ်အချို့၊ လက်ကောက်ဝတ်မှာ ကင်မရာကိုတွယ်ချိတ်ထားဖို့ လက်ကောက်ဝတ်ကြိုး၊ လက်အနေအထားကြီးတဲ့သူတွေအတွက် သေးငယ်တဲ့ကင်မရာမှာ ကိုင်တွယ်ရလွယ်စေဖို့ host shoe mounted thumb rest စတာတွေထပ်မံတပ်ဆင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ဒီအရာတွေမပါလည်း ကျွန်တော့်အတွက်ကတော့ဒီကင်မရာက နေရာစုံမှာ အသုံးတည့်ပါတယ်။

ဘယ်မှာဝယ်မလဲ: fujifilmusa.com

Sensor: 16.3-megapixel X-Trans CMOS II

စွမ်းဆောင်ရည်များ: Fixed lens, Wi-Fi, hybrid optical-electronic range finder viewfinder, hybrid autofocus, built-in optical neutral-density filter, HD video
PHOTOGRAPH BY REBECCA HALE, NATIONAL GEOGRAPHIC STAFF

PANASONIC LUMIX G85 4K

PANASONIC LUMIX G85 4K

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

ဒီကင်မရာအသေးမှာပါတဲ့ လုပ်ဆောင်ချက်အချို့က သူနဲ့အရွယ်အစားတူတဲ့ အချို့ကင်မရာတွေမှာ ပုံမှန်အားဖြင့်မပါဝင်တဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ယှဉ်ကြည့်လိုက်တာနဲ့တင် နှာတဖြားသာနေတာကိုတွေ့ရပါလိမ့်မယ်။ တစ်ခုချင်းဆီကိုပြောရရင် ကောင်းမွန်စွာရာသီဥတုဒဏ်ကို ခံနိုင်ခြင်း၊ ဓာတ်ပုံရိုက်တဲ့ရဲ့ အလုပ်ထဲမှာ အကြမ်းခံပြီး အသုံးပြုလို့ရခြင်း စတာတွေကိုလည်း တွေ့ရပါလိမ့်မယ်။ မဂ္ဂါပစ်ဇယ်အားဖြင့် GX8 ထက်အနည်းငယ်လျော့ကျသွားပေမယ့် ဈေးသက်သာခြင်း၊ ပိုကောင်းတဲ့ ရာသီဥတုအကြမ်းခံမှု၊ အကြမ်းခံတဲ့လက်ကိုင်၊ SLR နဲ့တူညီတဲ့ ဒီဇိုင်း နဲ့ Low pass filter မပါတဲ့အတွက် တိကျပြတ်သားမှု သိသိသာသာတိုးလာခြင်း စတဲ့ ကောင်းကွက်တွေကျန်ပါသေးတယ်။ DSLR နဲ့ ပုံစံတူတဲ့ ဒီကင်မရာဒီဇိုင်းကြောင့် စွန့်စားပြီးရိုက်ကူးရတဲ့အခြေအနေမျိုး ဥပမာ ဝေလငါးတွေအနီးမှာ လှေလှော်ပြီး ဓာတ်ပုံရိုက်တာမျိုးမှာ အသုံးတည့်လှပါတယ်။
ကင်မရာအတွက်အကြံပေးချက်

ဒီကင်မရာမှာ Image Stabilization မပါဝင်တဲ့အတွက် IS II ပါတဲ့ Panasonic မှန်ဘီလူးကိုအသုံးပြုဖို့လိုပါတယ်။ ဗီဒီယိုအတွက်လည်း ကောင်းမွန်တဲ့ကင်မရာဖြစ်လို့ ကောင်းမွန်တဲ့ မိုက်ခရိုဖုန်းလိုမျိုး သို့မဟုတ် ကင်မရာကို steady လုပ်ပေးနိုင်တဲ့လက်ကိုင်မျိုးကို ဗီဒီယိုရိုက်ကူးမယ်ဆိုရင် သယ်ဆောင်သွားဖို့လိုအပ်ပါလိမ့်မယ်။

ဘယ်မှာဝယ်မလဲ: panasonic.com

Sensor: Micro 4/3, 16 megapixels

စွမ်းဆောင်ရည်များ: DSLR-like styling; five-axis, gyro sensor-based stabilization; weatherproof, rugged body; 4K video; focus bracketing and stacking; high-speed focusing; shutter-shock reduction
PHOTOGRAPH COURTESY PANASONIC

OLYMPUS TG-4

OLYMPUS TG-4

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

ကင်မရာထုတ်လုပ်သူအများစုအနေနဲ့ အနည်းဆုံးတော့ အိပ်ဆောင် ရေစိုခံအကြမ်းခံ ကင်မရာတစ်လုံးလောက်ကို တစ်ကြိမ်လောက်ထုတ်လုပ်ခဲ့ဖူးကြပါတယ်။ သို့ပေမယ့်လည်း Olympus ကတော့ သူရဲ့ အကြမ်းခံကင်မရာစီးရီးကို ဆက်လက်ပြီး မျိုးစေ့ချနေဆဲပါပဲ။ RAW ရိုက်ကူးလို့ရတဲ့ TG စီးရီးကင်မရာတွေရဲ့အားသာချက်တစ်ခုဖြစ်ပြီး RAW ရိုက်လို့ရတဲ့ ပထမဆုံး အကြမ်းခံကင်မရာလည်းဖြစ်ခဲ့ပါတယ်။ အဓိက အချက်တွေကတော့ မီတာ ၅၀လောက် ရေအနက်အထိ အသုံးပြုလို့ရတယ်။ အမြင့်ကနေ ပစ်ချခံနိုင်တယ်၊ အလွန်အေး သို့မဟုတ် ဖုန်ထူထပ်တဲ့နေရာတွေမှာအသုံးပြုလို့ရတာတွေဖြစ်ပြီး ဟိုနားဒီနားသွားရင် အမြဲအသုံးပြုနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။

ကင်မရာအတွက်အကြံပေးချက်

သင့်မှာ ဒီအကြမ်းခံနိုင်တဲ့ ကင်မရာကို ပိုင်ဆိုင်ထားချိန်မှာ သင့်ခရီးကို ဒီကင်မရာကို သယ်သွားဖို့သင့်မသင့်ဆိုတာ မေးခွန်းမေးစရာ မလိုအပ်လှပါဘူး။ ၁.၇ ဆချဲ့ပေးနိုင်မယ့် teleconverter လိုမျိုး၊မက်ကရိုရိုက်ဖို့ LED ring light လိုမျိုးနဲ့ ရေအနက် ၁၅၀ ပေလောက်အထိ အသုံးပြုနိုင်မယ့် ရေလုံကိုယ်ထည်လိုမျိုးတွေဝယ်ယူထားရင် မမှားနိုင်ပါဘူး။

ဘယ်မှာဝယ်မလဲ: getolympus.com

Sensor: 1/2.3 BSI CMOS, 16 megapixels

စွမ်းဆောင်ရည်များ: Wi-Fi, advanced GPS, supermacro modes (microscope-like), underwater mode, full HD video, interval shooting
PHOTOGRAPH COURTESY OLYMPUS

SONY A6500

SONY A6500

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

a6000 စီးရီးကင်မရာတွေနဲ့ပက်သက်ပြီး ထူးခြားတဲ့အချက်က ဒီအမျိုးအစား စီးရီးကင်မရာတွေအချင်းချင်းတောင် မော်ဒယ်တွေက တစ်ခုထက်တစ်ခု ပိုပိုပြီးကောင်းတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာကို သတိထားမိပါလိမ့်မယ်။ ၄၂၅ ပွိုင့်ပါတဲ့ phase detection auto focus စနစ်၊ အလွန်လျင်မြန်တဲ့ auto focus နဲ့ တိုးချဲ့လို့ရတဲ့ shooting buffer အချိန် စတဲ့ အချက်တွေကို ပြောတာပါ။

ကင်မရာအတွက်အကြံပေးချက်

a6000 စီးရီးအတွက် နောက်ဆုံးနဲ့ အကာင်းဆုံးလို့ပြောလိုု့ရတဲ့ SONY a6500 က သေးငယ်ခြင်း၊ ဝင်ရိုးငါးခုပါ Image stabilization နဲ့ internal 4K video ရိုက်ကူးနိုင်ခြင်း၊ focus ကို touch screen မှာ အမြန်ဆုံးလုပ်နိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ ” တောင်တန်းဒေသ သို့မဟုတ် အားကစားပွဲတွေကို ယူသွားပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် a6500 တစ်လုံးနဲ့တင်အဆင်ပြေပါတယ်” လို့ National Geographic Partners ရဲ့ system engineer ဖြစ်တဲ့ အဲရစ် မော်စ့် က ညွှန်းဆိုထားပါတယ်။

ဘယ်မှာဝယ်မလဲ: sony.com

Sensor: Micro 4/3, 16.3 megapixels

စွမ်းဆောင်ရည်များ: Tilt touch screen capable of touch to focus, Wi-Fi, electronic viewfinder, five-axis image stabilization, 425-point 4D Focus autofocus, 4K video with S-Log
PHOTOGRAPH COURTESY SONY

SONY RX100 V

SONY RX100 V

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

အဆင့်မြင့် အိတ်ဆောင်ကင်မရာ စီးရီးအတွက် SONY က RX100 V ကို ဆက်လက်ပွဲထုတ်ထားတာပါ။ အလွန်လျင်မြန်တဲ့ phase detection auto focus စနစ်၊ burst စနစ်ရိုက်ကူးမှု အမြန်နှုန်းကို တိုးမြှင့်ပေးထားခြင်း နဲ့ 4K video ရိုက်ကူးခြင်းစနစ်တွေကို ဒီကင်မရာ သေးသေးလေးမှာ တပ်ဆင်ထားပါတယ်။ နောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေကို အမြန်နှုန်းမြင့်မြင့်နဲ့ ကိုယ်ထည်သေးသေး ကင်မရာလေးထဲမှာ ထည့်သွင်းထားတာဟာ လေးစားစရာပါ။ ဒီလိုမျိုး စွယ်စုံအရည်အသွေးတွေနဲ့ပြည့်နေလို့ ဘယ်အချိန်သုံးသုံး အကောင်းဆုံးကင်မရာလေးလို့တောင် အချို့က တင်စားပြီး ညွှန်းဆိုထားပါတယ်၊ လက်သင့်ခံစရာပါပဲ။ အထူးသဖြင့် သင့်ရဲ့ဝန်စည်စလှယ်တွေထဲမှာ နေရာသိပ်မရှိပေမယ့် ကင်မရာကြီးတွေရဲ့ လုပ်ဆောင်မှုကိုလိုနေသေးရင် RX100V ကလွဲလို့တခြားဟာ ရွေးဖို့မရှိလောက်ပါဘူး။
ကင်မရာအတွက်အကြံပေးချက်

Sony PlayMemories App ကို သင့်ရဲ့ မိုဘိုင်းထဲကို ဒေါင်းလုပ်ယူဖို့မမေ့ပါနဲ့။ သင့်အတွက် အချို့သော အခမဲ့ app တွေကို SONY က ထောက်ပံ့ပေးမှာဖြစ်ပြီး အဲဒီ app တွေက တခြားနေရာမှာဆိုရင် ဒေါ်လာအနည်းငယ်ပေးပြီးဝယ်ယူရပါတယ်။ Smart Remote Control App နဲ့အတူ သင့်ကင်မရာကို ဖုန်းကတဆင့်ကြည့်ရှု၊ ထိန်းချုပ်၊ ရိုက်ကူးတာမျိုး လုပ်နိုင်ပါတယ်။ “Sky HDR app ကတော့ app တွေထဲမှာ ကျွန်တော့ စိတ်ကြိုက်တစ်ခုဖြစ်ပြီး filter တစ်ချပ်မလိုအပ်လောက်အောင် ကောင်းကင်ရဲ့ အလင်းအမှောင်ကိုထိန်းချုပ်နိုင်ပါတယ်။ ထို့အတူ Time-lapse app နဲ့ time-lapse တွေကိုလည်းဖန်တီးနိုင်ပါသေးတယ်” လို့ National Geographic Traveler ရဲ့ ပင်တိုင် ဓာတ်ပုံဆရာ ဘော့ဘ် ခရစ်စ် က ရှင်းပြထားပါတယ်။

ဘယ်မှာဝယ်မလဲ: sony.com

Sensor: 20.1-megapixel, 1.0-inch-type stacked CMOS

စွမ်းဆောင်ရည်များ: Wi-Fi, pop-up electronic viewfinder, 24 frames per second burst shooting, phase-detection autofocus, 4K video, pocket-size, superslow-motion video.
PHOTOGRAPH COURTESY SONY

NIKON COOLPIX P900

NIKON COOLPIX P900

ဘာကြောင့်ရွေးချယ်ခဲ့လဲ?

ဒီဆောင်းပါးမှာပါတဲ့ ကင်မရာတွေထဲမှာ သင်လက်လှမ်းမီနိုင်တဲ့ ဈေးနဲ့ အတူ ဒီဈေးထက်သာလွန်တဲ့ စွမ်းဆောင်မှုတွေကို နီကွန်ရဲ့ Coolpix P900 ကင်မရာမှာတွေ့နိုင်ပါတယ်။ ၈၃ဆ အထိ အနီးကပ်ဆွဲယူရိုက်ကူးနိုင်တဲ့ မှန်ဘီလူးကို ဒီကင်မရာမှတပ်ဆင်ထားတဲ့အတွက် ၃၅ မမ ဖလင်အချိုးနဲ့တွက်ပြရရင် ၂၄ မမ ကနေ ၂၀၀၀ မမ အထိဖြစ်သွားတာကို အံမခန်းဖွယ် တွေ့နိုင်ပါတယ်။ အဲဒီထက်ပိုစွမ်းတာက ကင်မရာရဲ့ digital zoom စနစ်ကိုပါဖွင့်ပြီးအသုံးပြုရင် ၂၀၀၀ မမ ရဲ့ နှစ်ဆအဖြစ် ၄၀၀၀ မမ အထိပါတိုးသွားတယ်ဆိုတာပါပဲ။ အလွန်ကောင်းမွန်တဲ့ ပုံရိပ်တည်ငြိမ်မှုစနစ်ကြောင့်သာ ဒီလိုမျိုး အလွန်ဝေးလံတဲ့နေရာက အရာတွေကို ဘာအထောက်အကူမှမပါပဲ ရိုက်ကူးနိုင်တယ်ဆိုတာ ငြမ်းချက်မရှိပါဘူး။ ထို့အတွက် ကင်မရာကိုအသုံးပြုသူအနေနဲ့ သမားရိုးကျ ဈေးကြီး လေးလံတဲ့မှန်ဘီလူးကြီးတွေကို သယ်ဆောင်သွားဖို့မလိုပဲ ဒီကင်မရာနဲ့တင်လုံလောက်ပါတယ်။ အခြားခရီးဆောင်ကင်မရာတွေ မစွမ်းဆောင်နိုင်တဲ့ ခရီးသွားပုံရိပ်တွေကို ဒီကင်မရာနဲ့ ရိုက်ကူးနိုင်ပါတယ်။ လေးစားဖွယ်ကောင်းတဲ့ zoom စနစ်ကြောင့် သင့်ရဲ့ ဆာဖာရီ တောတွင်းခရီးစဉ်တွေအတွက် အသင်တော်ဆုံးကင်မရာဖြစ်ပါတယ်။
ကင်မရာအတွက်အကြံပေးချက်

ဒီကင်မရာရဲ့ focal range ကိုအသားပေးဖော်ပြတဲ့အနေနဲ့ နီကွန်က လကို သီးသန့်ရိုက်ကူးတဲ့ စနစ်ကိုပါ ကင်မရာစနစ်မှာ အခြားသော စနစ်တွေလိုပဲ ထပ်ဆောင်းထပ်သွင်းပေးထားပါတယ်။ ဒီစနစ်ကြောင့် ခလုပ်တစ်ချက်နှပ်ပြီး လကို အလိုအလျောက် ၂၀၀၀ မမ အထိ အနီးကပ်ဆွဲယူပြီး ရိုက်ကူးနိုင်ပါလိမ့်မယ်။ သို့ပေမယ့်လည်း အလွန်ဝေးလံတဲ့ နေရာကို ရိုက်ကူးခြင်းဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ IS စနစ်ကင်မရာမှာပါတာတောင် ပိုကောင်းတဲ့ပုံတွေရချင်ရင်တော့ tripod ဆောင်ထားဖို့လိုပါသေးတယ်။

ဘယ်မှာဝယ်မလဲ: nikonusa.com

Sensor: 1/2.3, 16 megapixels

စွမ်းဆောင်ရည်များ: Wi-Fi, electronic viewfinder, articulating screen, multi-axis horizon viewfinder aide, GPS, image stabilization, USB charging, many useful preset modes
PHOTOGRAPH BY REBECCA HALE, NATIONAL GEOGRAPHIC STAFF

ထပ်ဆောင်းရွေးချယ်မှု

ကျွန်တော်တို့အများစုက နောက်ဆုံးပေါ်နဲ့ အကောင်းဆုံး ကင်မရာ ကိုယ်ထည် မှန်ဘီလူးတွေကို အသုံးပြုရတာနှစ်သက်ကြပါတယ်။ သို့ပေမယ့် သတိထားရမှာက ခရီးသွားနေစဉ် ဓာတ်ပုံရိုက်ကူးခြင်းဆိုတာ ဂီယာတွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ သင့်ခရီးစဉ်အတွင်းမှာ ဓာတ်ပုံတွေကို ခရီးသွားနေချိန်ရိုက်ကူးတယ်ဆိုတာ သင့်ရဲ့အတွေ့အကြုံနဲ့ အချိန်အခိုက်အတန့်ကိုသာ ရိုက်ကူးခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဓာတ်ပုံရိုက်ကူးနေစဉ်မှာ သင့်လက်ထဲမှာ အဆင်ပြေဆုံး နဲ့ သင့်ကိုပျော်ရွှင်မှုပေးစွမ်းနိုင်မယ့် ကင်မရာတစ်လုံးကိုသာရွေးချယ်လိုက်ပါ။ သင့်အကြိုက်ဆုံးကင်မရာနဲ့ သင်မြင်ရမယ့် လောကကြီရဲ့ အလှကိုမှတ်တမ်းတင်ပြီး ချစ်သူခင်သူတွေကို သင်မြင်ခဲ့ရသလို ပြန်လည်မျှဝေပါလို့ တိုက်တွန်းပါရစေ

PHOTOGRAPH BY JUERGEN

Ref: Top 10 Compact Cameras for Travelers by Tom O’Brien


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*