ခရီးသွားဓာတ်ပုံဆရာတစ်ဦးရဲ့ ကျောပိုးအိတ်

IMAGE: SWEE ONG/ROVING LIGHT
Unicode Version | Zawgyi-One Version

စင်ကာပူအမျိုးသား ဝူဆွီးအုန် ဟာ ခရီးသွားဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဓာတ်ပုံတွေကို National Geographic မှာ ပုံနှိပ်ဖော်ပြခွင့်ရခဲ့သူတစ်ဦးဖြစ်ပါတယ်။

ကျောပိုးအိတ် တစ်လုံးလွယ်ပြီး ကိုယ်ပိုငွေကြေးနဲ့ ကမ္ဘာအနှံ့ကို ဝူ တစ်ယောက် ခရီးသွားခဲ့ပြီး သူ့ရဲ့ ခရီးသွားအတွေ့အကြုံတွေကို ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ခဲ့ပါတယ်။ ခရီးတစ်ခေါက်ထွက်ရင် ရက်သတ္တပတ် တစ်ပတ်ကနေ သုံးလလောက်အထိတောင် ကြာနိုင်တာမို့လို့ သူ့အတွက် တကယ်ပဲ အသုံးဝင်တဲ့ ကင်မရာနဲ့ ကင်မရာအပိုပစ္စည်းတွေကိုသာ အတူတကွ သယ်ဆောင်သွားလေ့ရှိပါတယ်။

ခုချိန်မှာတော့ သူ့ရဲ့ ကျောပိုးအိတ်ထဲမှာ မရှိမဖြစ် ပစ္စည်း ၈ မျိုးသာ သယ်ဆောင်သွားပြီး DSLR ဘော်ဒီတစ်လုံး၊ မှန်ဘီလူးအမျိုမျိုး၊ GoPro နဲ့ Macbook တစ်လုံးတို့ပါဝင်ပါတယ်

သိပ်မကြာခင်အချိန်က သူ့ရဲ့ အိတ်ကို ဝန်ထုပ်ဝန်ပိုးလျော့စေဖို့ iPhone 6S Plus တစ်လုံးကို ဝူ က ကင်မရာအိတ်ထဲ ထပ်ဖြည့်လိုက်ပါတယ်။

” Street Photography အတွက် iPhone က အကောင်းဆုံးပဲလို့ ကျွန်တော်သိသွားလို့ ခုချိန်မှာ Street Photography အတွက်ဆို ပထမဦးစားပေးအဖြစ် iPhone ကိုပဲသုံးပါတယ်။ iPhone ပေါ်လာခဲ့ခြင်းက ကျွန်တော်ရဲ့ gear တွေအပြောင်းအလဲဖြစ်စေခဲ့ပြီး ကျွန်တော့်ရဲ့ အိတ်ကိုပါ အကျုးသက်ရောက်မှုရှိပါတယ်” လို့ ဝူ က Mashable ကို ပြောခဲ့ပါတယ်။

“သေချာ ရွေးချယ်ထုပ်ပိုးခြင်းဆိုတာ ခရီးသွား ဓာတ်ပုံဆရာတစ်ဦးအတွက် မရှိမဖြစ်တဲ့ ကျွမ်းကျင်မှုတစ်ခုပါ။ လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ မှန်ဘီလူး/ဂီယာမရှိမှာ ဆိုတဲ့ ပူပင်မှုလေးက ခင်ဗျားမှာ ရှိသမျှ gear တွေကိုယူသွားသင့်တယ်လို့ ကိုယ့်ကိုကိုယ် တိုက်တွန်းမှုတစ်ခုရှိနိုင်ပါတယ်။ သို့ပေမယ့်လည်း ကျွန်တော့်အတွက်ကတော့ လေးလေးလံလံပစ္စည်းတွေသယ်ယူခြင်းဆိုတာ ကျွန်တော့်အတွက်တော့ ပင်ပန်းနိုင်လို့ သိပ်စိတ်မကူးဖြစ်ပါဘူး။ ” လို့ ဝူ က Mashable မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

အောက်မှာတော့ ဝူ ရဲ့ iPhone 6S နဲ့ ရိုက်ကူးထားတဲ့ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။

 

IMAGE: SWEE ONG/ROVING LIGHT
IMAGE: SWEE ONG/ROVING LIGHT
IMAGE: SWEE ONG/ROVING LIGHT
IMAGE: SWEE ONG/ROVING LIGHT
IMAGE: SWEE ONG/ROVING LIGHT
IMAGE: SWEE ONG/ROVING LIGHT

 

သူရဲ့ ခရီးသွား အတွေ့အကြုံတွေကို သူ့ရဲ့ ဘလော့ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Via Mashable


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*