ဂျယ်လီငါးတစ်ကောင်ထဲမှာ ထူးထူးခြားခြား ပိတ်မိနေတဲ့ ငါးတစ်ကောင်

www.timsamuelphotography.com
Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


ဂျယ်လီငါးတစ်ကောင်ထဲမှာ အကြောင်းတစ်စုံတစ်ရာကြောင့် ပိတ်မိနေတဲ့ ငါးတစ်ကောင်အတွက်ကတော့ နေ့ကောင်းလေးတစ်နေ့ကနေ နေ့ဆိုးတစ်နေ့အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။

ထူးထူးဆန်းဆန်း ဒီဓါတ်ပုံကို သြစတျေးလျ နိုင်ငံသာ ဓါတ်ပုံဆရာ တင်မ် ဆမ်မျူရယ်လ် ကနေ မှတ်တမ်းတင်ထားခဲ့ပြီး သူရဲ့ အင်စတာဂရမ် အကောင့်မှာ ၂၀၁၅ ဒီဇင်ဘာလထဲမှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း DiscoverOcean လို့ခေါ်တဲ့ နာမည်ကျော် အင်စတာဂရမ်အကောင့်ကနေ ဒီဓါတ်ပုံကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖော်ပြခဲ့လို့ လူအများစု သတိထားမိသွားပါပြီ။

” ငါးတစ်ကောင် ဂျယ်လီငါးတစ်ကောင်ထဲမှာ ပိတ်မိနေတာကို ကျွန်တော်ရှာတွေ့ခဲ့ပါတယ်။ ငါးက ဂျယ်လီငါးထဲမှာ ပိတ်မိနေလို့ ဂျယ်လီငါးသွားတဲ့အတိုင်း ထိန်းချုပ်ခဲ့နေရတယ်ဗျ” လို့ ဆမ်မျူရယ်က သူ့ရဲ့ အင်စတာဂရမ်ဓါတ်ပုံကို ခေါင်းစဉ် တပ်ခဲ့ပါတယ်။

I found a fish inside a jellyfish! He was trapped in there, but controlled where the jellyfish was moving

A photo posted by Tim Samuel (@timsamuelphotography) on

နယူးဆောက်သ်ဝေးလ်းစ် ပြည်နယ်ကမ်းရိုးတမ်းမှာ တည်ရှိတဲ့ ဘိုင်ရွန်ပင်လယ်အော် ရေလက်ကြားမှာ မနက်စောစော ရေငုပ်နေတုန်း ဆမ်မျူရယ်က ဒီမြင်ကွင်းကိုတွေရှိခဲ့ပါတယ်။ သူကတော့ ပင်လယ်လိပ်တွေကို တွေ့ရှိနိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။

” အခြေအနေကောင်းရင် ပင်လယ်ထဲဆင်းလို့ရသမျှဆင်းတယ်ဗျ” လို့ Mashable Australia ကို အီးမေးလ်ထဲမှာ ပြောပြခဲ့ပါတယ်။ ဘိုင်ရွန်ပင်လယ်အော်မှာ ပင်လယ်လိပ်တွေအများအပြားရှိတယ်၊ အဲဒီနေ့က ကျွန်တော်ပင်လယ်လိပ်တစ်ချို့ကို ရေကူးရင်း ဓါတ်ပုံရိုက်နိုင်ဖို့ မျှောလင့်ခဲ့ပါတယ်။

ဓါတ်ပုံဆရာသက်တမ်း ငါးနှစ်အတွင်းမှာ ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မကြုံဖူးတဲ့အပြင် သူရဲ့ တခြား အလုပ်ဖြစ်တဲ့ နေ့တိုင်းရေထဲဆင်းပြီး အချိန်ပေးရတဲ့ ရေလွှာလျှောစီးနည်းပြဘဝမှတောင် မတွေ့ခဲ့ဘူးပါဘူး။

” ကျွန်တော် တော်တော်လေးထူးခြားတာတစ်ခုကို ရခဲ့တာတော့ သိခဲ့ပါတယ် ဒါပေမယ့် အဲဒီ ဥစ္စာက တခြားဘယ်သူမှ ဓါတ်ပုံမရိုက်ဖူးခဲ့ဘူးဆိုတာတော့ မသိခဲ့ပါဘူး၊ ဒါ့အပြင် တခြားသူတွေမြင်ဖူးတယ်ဆိုတာ မကြားခဲ့ဖူးပါဘူး” လို့ ပြောပါတယ်။

တခြားဓါတ်ပုံတစ်ပုံမှာတော့ ငါးရဲ့ မျက်လုံးတွေဟာ သာမန်ထက် ပြူးကျယ်နေလို့ စိုးရိမ်တဲ့ အသွင်အပြင်ကိုဖော်ပြနေတဲ့အပြင် ပင်လယ်ပြင်ထဲကို ထွက်ပြေးဖို့ကြိုးစားပေမယ့် ဂျယ်လီငါးရဲ့ ကိုယ်ထဲမှာ ဆက်ပြီးပိတ်မိနေတဲ့ပုံကို မြင်နိုင်ပါတယ်။

Trapped inside a jellyfish

A photo posted by Tim Samuel (@timsamuelphotography) on

တခြားမြင်ကွင်းတစ်ဖက်ကနေ ငါးကို ရိုက်ထားတဲ့ပုံကိုလဲ ဆမ်မျူရယ်က တင်ထားပြီး တကယ့်ကို ထူးဆန်းနေတာပါ။

ကွင်းစ်လန်းဒ် တက္ကသိုလ် Centre of Marine Sience ကငါးဇီဝဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ တွဲဘက်ပါမောက္ခ အီယန် တီဘတ်ထ်စ် ကတော့ ဂျယ်လီငါးတစ်ကောင်ရဲ့အောက်မှာ တခြားငါးတစ်ကောင် အရိပ်ခိုရင်း ပိတ်မိသွားတာဖြစ်နိုင်ပါတယ်လို့ပြောပါတယ်။

” ပြောရခက်ပါတယ်၊ ဒီငါးက ပိတ်မိနေလို့ ပြဿနာတက်နေတာလား အထဲမှာပျော်နေတာလားဆိုတာကို” လို့ ဒေါက်တာ တီဘက်ထ်စ်က ပြောပြပါတယ်။ ” ဓါတ်ပုံဆရာရဲ့ ပုံစာထဲမှာ ပိတ်မိနေတယ်လို့ပြောပေမယ့်၊ ကျွန်တော့စိတ်ထင် အဲဒီငါးက အထဲမှာ အကာအကွယ်ရပြီး ပျော်နေပုံရတယ်ဗျ” ။

နောင်တစ်ချိန် သင့်မှာ ဆိုးရွားတဲ့နေ့တစ်နေ့ရှိလာပြီဆိုပါစို့၊ ဂျယ်လီငါးထဲမှာ ပိတ်မိနေတဲ့ငါ့းတစ်ကောင် ပျော်နေတာကို စဉ်းစားကြည့်လိုက်ပါ လို့ တိုက်တွန်းပါတယ်။

ကိုးကား။ ။ Mashable မှ Jonhhy Lieu ရဲ့ A photo of a fish trapped inside a jellyfish is a strangely beautiful sight ဆောင်းပါးကို ဘာသာပြန်ပါသည်။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*