ထိုင်ရာမှမထ ရေခဲတောင်တက်နိုင်တဲ့ Mammut #Project360

ထိုင်ရာကမထ တောင်တက်နိုင်
Unicode Version | Zawgyi-One Version

တောင်တက်ပစ္စည်းတွေထုတ်လုပ်တဲ့ Mammut ရဲ့ #Project360 လို့ခေါ်တဲ့ ပရိုဂျက်ကနေပေါက်ဖွားလာတဲ့ Mammut #Project360 ဆိုတဲ့ app နဲ့ မိတ်ဆက်ပေးလိုပါတယ်။

တောင်တက်လမ်း

Mammut ရဲ့ #Project360 ဟာ 360-degree ပတ်လည် ရိုက်လို့ရတဲ့ အကြမ်းခံ ကင်မရာတွဲကို ကျွမ်းကျင်တောင်တက်သမားတွေနဲ့အတူ ကမ္ဘာပေါ်ရှိ အထင်ကရတောင်တက်ခရီးတွေဆီကိုစေလွှတ်တဲ့ ပရိုဂျက်ဖြစ်ပါတယ်။

ပတ်လည်ဓာတ်ပုံ

ဒီ app ရဲ့ အကျိုးကျေးဇူးကြောင့် ကျွန်တော်အားလုံး ထိုင်နေရာကမထပဲ ကမ္ဘာပေါ်မှာ အခက်ခဲအကြမ်းတမ်းဆုံးဆိုတဲ့ တောင်တက်လမ်းတွေကို ကိုယ်ကိုတိုင်ခံစားနိုင်ကြတော့မှာပါ။ အောက်မှာပေးထားတဲ့ link ကိုနှိပ်ပါ။ Mammut #Project360 app ကို ဒေါင်းလုတ်ဆွဲလို့လည်း ရပါတယ်။

Mammut #Project360

Google Cardboard တို့လို Virtual Reality headset ကိုသုံးပြီးကြည့်ရှုမယ်ဆိုရင်တော့ ကိုယ်တိုင်တက်ရောက်နေသလို ခံစားနိုင်မှာဖြစ်ပါတယ်။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*