ဒစ်ဂျစ်တယ်ဓာတ်ပုံပညာသိကောင်းစရာ – အပါရှာ

ဖိုကပ်ပြတ်နယ်နိမိတ်
Tempest by Sheldon Evans on 500px
Unicode Version | Zawgyi-One Version

အော်တိုမုဒ်ကိုပဲသုံးနေရာမှ လွတ်မြောက်ဖို့အတွက် exposure triangle လို့ခေါ်တဲ့ အိုင်ဆို၊ အပါရှာ၊ ရှပ်တာစပီး တို့ကိုကောင်းစွာသဘောပေါက်ဖို့လိုပါတယ်။ဒီနေ့တော့ အပါရှာအကြောင်းကိုရှင်းပြပါမယ်။

အပါရှာဆိုတာဘာလဲ

အလွယ်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် အပါရှာဆိုတာ မှန်ပြောင်းမှာပါတဲ့ အပေါက်တစ်ပေါက်ပါ။ ဒီအပေါက်ကျယ်ရင် အလင်းပိုဝင်ပြီး သေးရင်အလင်းအနည်းငယ်သာဝင်ပါတယ်။

အပါရှာကို f/2.8, f/4, f/5.6,f/8,f/22 ဆိုတဲ့ f-stops နဲ့တိုင်းတာပါတယ်။

အပါရှာ

အပေါ်မှာပြထားတဲ့အတိုင်း f/1.4 ရှိတဲ့ အပါရှာဟာ f/2 ရှိတဲ့အပါရှာ တစ်ဆပိုကျယ်တဲ့အတွက် အလင်းတစ်ဆပိုဝင်ပါတယ်။ ထို့အတူ f/2.8 ရှိတဲ့ အပါရှာဟာ f/2 ရှိတဲ့ အပါရှာထက် တဝက်သေးငယ်တဲ့အတွက် အလင်းတဝက်ပဲဝင်စေပါတယ်။ ဆိုလိုတာကတော့ f-stop တစ်ခုကနေ နောက် f-stop တစ်ခုကိုပြောင်းလိုက်ခြင်းက ဝင်လာတဲ့အလင်းကို တစ်ဆတိုး သို့မဟုတ်လျှော့နည်းစေပါတယ်။ ရှပ်တာစပီးကို stop တစ်ခုမှတစ်ခုသို့ပြောင်းလဲခြင်းကလည်း အလင်းကို တစ်ဆတိုး သို့မဟုတ်လျှော့နည်းစေပါတယ်။ ဆိုလိုတာက f-stop ကို one stop တိုးပြီး ရှပ်တာစပီးကို one stop လျှော့လိုက်ခြင်းဖြင့် ကင်မရာထဲကိုဝင်လာတဲ့ အလင်းပမာဏကို ပြောင်းလဲမှုမရှိပဲထိန်းထားနိုင်ပါတယ်။

ဓာတ်ပုံလူသစ်တွေကို ရှုပ်ထွေးစေတဲ့အရာတစ်ခုကတော့ ကျယ်တဲ့အပါရှာမှာ သေးတဲ့ f-stop နံပတ်ရှိနေပြီး သေးတဲ့အပါရှာမှာ ကြီးတဲ့ f-stop နံပတ်ရှိနေခြင်းပါပဲ။ ဒါကြောင့် f/2.8 ဟာ f/22 ထက်လွန်စွာကျယ်ပါတယ်။

တောင်ရူခင်း
Japanese Tranquility by Natasha Pnini on 500px

Depth of Field ခေါ်ဖိုကပ်ပြတ်နယ်နိမိတ် နှင့် အပါရှာတို့ဆက်စပ်ပုံ

အပါရှာကိုပြောင်းလိုက်တဲ့အတွက် ပုံမှာသက်ရောက်သွားတဲ့အကျိုးဆက်တွေအများအပြားရှိပါတယ်။ ဒါပေမယ် အသိသာဆုံးကတော့ Depth of Field ပါ။

Depth of Field (DOF) ဆိုတာ ပုံတစ်ပုံရဲ့ focus ပြတ်တဲ့အတိုင်းအတာပါ။ depth of field များရင် ပုံထဲရှိ ကင်မရာနဲ့ အနီးစပ်ဆုံးအရာများကနေ ဟိုးအဝေးဆုံးရှိအရာများထိ နေရာတော်တော်များများဟာ ဖိုကပ်ပြတ်နေတယ်လို့ ဆိုလိုတာပါ။ဥပမာအားဖြင့် အပေါ်မှာပြထားတဲ့ ရှုခင်းပုံကို အပါရှာ f/16 နဲ့ရိုက်ထားတာဖြစ်လို့ ဟိုးအဝေးမှာရှိတဲ့တောင်တွေနဲ့ အနီးမှာရှိတဲ့ လှေတွေထိ ဖိုကပ်ပြတ်ပါတယ်။

depth of field နဲရင် အပေါ်ဆုံးမှာပြထားတဲ့ ပေါ့ထရိတ်ပုံကဲ့သို့ ပုံရဲ့အချို့အစိတ်အပိုင်းတွေလောက်ပဲ ဖိုကပ်ပြတ်မှာဖြစ်ပါတယ်။ တခြားနေရာတွေမှာ ဖိုကပ်မပြတ်ပဲ ဝါးနေမှာဖြစ်ပါတယ်။ ပုံတွင် မျက်လုံးများသာ ဖိုကပ်ပြတ်ပြီး နောက်ခံဝါးနေတာကိုတွေ့နိုင်ပါတယ်။ မျက်လုံးရဲ့အနောက်နားတွင်ရှိသော ဆံပင်သည်လည်းဝါးနေပါတယ်။ ဒီပုံကို အပါရှာ f/1.8 နဲ့ရိုက်ထားပြီး depth of field အလွန်နဲပါတယ်။

အောက်ပါပုံသည်လည်းထိုနည်း၎င်းပါပဲ။ အပါရှာ f/1.8 နဲ့ရိုက်ထားသည့်အတွက်ကြောင့် depth of field အလွန်သေးပါတယ်။ ultrasound ပုံသာ ဖိုကပ်မိပြီးကျန်သောနေရာအားလုံးဝါးနေပါတယ်။

ပေါ့ထရိတ်
Baby Bokeh by Henington on 500px

အောက်ပါပုံကိုတော့ f/1.2 နဲ့ရိုက်ထားပြီး ဂစ်တာသာလျှင်ဖိုကပ်ပြတ်ကာ ကျန်သောအရာအားလုံးဝါးနေပါတယ်။

ဖိုကပ္မျပတ္
Velvet Crush by Jake Olson Studios on 500px

depth of field ပေါ်မှာ အပါရှာရဲ့လွမ်းမိုးမှုကတော့ကြီးမားတယ်ဆိုတာသိလောက်ပါပြီ။ အပါရှာကြီးလျှင် ဖိုကပ်ပြတ်နယ်နိမိတ်ကျယ်ဝန်းပြီး အပါရှာသေးလျှင် ဖိုကပ်ပြတ်နယ်နိမိတ်သေးငယ်ပါတယ်။

စာရေးသူ စောစောပိုင်းက ပန်းခြံထဲမှာ ရိုက်ထားတဲ့ပုံနှစ်ပုံကိုသုံးပြီး ထပ်ရှင်းပြပါမယ်။

ပန္း

ဘယ်ဖက်ကပုံကို အပါရှာ f/22 နဲ့ရိုက်ထားပြီး ဒုတိယပုံကို f/2.8 နဲ့ရိုက်ထားတာပါ။ ခြားနားမှုကတော့သိသာပါတယ်။ f/22 နဲ့ရိုက်ထားတဲ့ပုံမှာ ပန်းနဲ့ အဖူးနှစ်ခုလုံး ဖိုကပ်ပြတ်ပြီး အနောက်ကအရွက်တွေနဲ့ ခြံစည်းရိုးကို ကောင်းမွန်စွာ မြင်ရပါတယ်။

f/2.8 နဲ့ရိုက်ထားတဲ့ ပုံမှာတော့ ပန်းကဖိုကပ်ပြတ်ပါတယ်။ သို့သော် depth of field ကတော့အလွန်သေးငယ်သဖြင့် အနောက်ကအရာတွေလုံးဝမကွဲပြားတော့ပါ။ ကင်မရာမှအနည်းငယ်ပိုဝေးသော နေရာရှိပန်းဖူးသည်လည်း ဖိုကပ်ဝါးနေပါသည်။

ဒါတွေအားလုံးကိုလွယ်လွယ်ကူကူနဲ့ နားလည်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကင်မရာကိုဆွဲပြီး စမ်းရိုက်ကြည့်ဖို့ပါ။ အနီးအဝေးအရာဝတ္ထုတွေအများကြီးရှိတဲ့နေရာတစ်ရာကိုရှာပြီး အပါရှာအရွယ်အမျိုးမျိုးသုံးပြီး ပုံတွေအများကြီးရိုက်ကြည့်ပါ။ အပါရှာရဲ့အသုံးဝင်မှုကို နားလည်သဘောပေါက် သွားပါလိမ့်မယ်။

သို့သော် တချို့သောဓာတ်ပုံအမျိုးအစားတွေမှာ သေးငယ်သောအပါရှာကိုသုံးရပါတယ်။ ရှုခင်းဓာတ်ပုံရိုက်တဲ့အခါမှာ အပါရှာနံပတ်ကြီးကြီးရှိတဲ့ အပါရှာသေးသေးကိုသုံးတာကိုတွေ့ရပါမယ်။ e.g. f/16

ပေါ့ထရိတ်သာရိုက်ပါက လူသာလျှင်အဓိက subject အဖြစ်ပေါ်လွင်စေရန်အတွက် လူကိုသာအဓိကဖိုကပ်ထားပြီးနောက်ခံကို လှပစွာဝေဝါးနေသင့်ပါတယ်။ ဒီလိုရရှိဖို့အတွက် အပါရှာနံပတ်သေးသေးရှိတဲ့ အပါရှာကြီးကြီးကို ရွေးသင့်ပါတယ်။ e.g. f/2.8

macro photography ကိုလေ့လာလိုက်စားသူများလည်းအပါရှာအရွယ်ကြီးကြီးကိုသုံးပါတယ်။ ရည်ရွယ်ချက်ကတော့ ၎င်းတို့ ဖိုကပ်ဖြတ်ထားတဲ့ subject ကိုသာလူများရဲ့အာရုံပေးမှုရရှိစေရန်ဖြစ်ပါတယ်။

အပါရှာအကြောင်း ဤတွင်နိဂုန်းချုပ်ပါတယ်။ exposure triangle ရဲ့ အိုင်ဆိုနှင့် ရှပ်တာစပီး တို့ကိုနောက်ရက်သတ္တပတ်များတွင်တင်ဆက်ပေးပါမယ်။ ဆက်လက်လာရောက်အားပေးဖတ်ရှုနိုင်ပါတယ်။

via Digital Photography School


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

2 Comments on ဒစ်ဂျစ်တယ်ဓာတ်ပုံပညာသိကောင်းစရာ – အပါရှာ

  1. ကျေးဇူးတင်ပါတယ်။ နော်ကူးယူသွားပါတယ်။ပြီးတော့group လေးတစ်ခုဖွင့်ပြီး မူရင်းအတိုင်းသိမ်းထားပြီး တခြားသောသူငယ်ချင်းများလည်းမျှဝေထားပါတယ်။ ယူပြီးမှခွင့်တောင်းမိတာတောင်းပန်ပါတယ်။ခွင့်လွှတ်ပါ။ကျေးဇူးတင်ပါတယ်။

    • အခုလိုအသိပေးလို့ကျေးဇူးတင်ပါတယ်။ ကွန်တော်တို့ရဲ့ ဆောင်းပါးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် copy ကူးယူပြီး group ပေါ်တင်တာထက် သူငယ်ချင်းတွေကို Digital Photography Myanmar ရဲ့ Facebook page ကို like လုပ်စေပြီး http://www.dpmyanmar.com သို့လမ်းညွှန်ခြင်းဖြင့်ကူညီနိုင်ပါတယ်။

Leave a Reply

Your email address will not be published.


*