Snapseed app အသုံးပြု၍ ဓာတ်ပုံအလွယ်တကူပြုပြင်နည်း

DpMyanmar Snapseed Tools
Unicode Version | Zawgyi-One Version

Snapseed ကို handphone camera သမားတွေတော်တော်များများသုံးပေမယ့်ဘယ်လောက် powerful ဖြစ်တယ်ဆိုတာကိုတော့မသိကြပါဘူး။  handphone အသုံးပြုပြီး ဓာတ်ပုံ ပြင်ဆင်တည်းဖြတ်တာကို တကယ်ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ချင်ရင်တော့ Snapseed ရဲ့ အဆင့်မြင့် editing tools တွေကိုသိရှိဖို့လိုပါတယ်။ အဲဒီ tools တွေနဲ့ selective adjustment လုပ်ဆောင်ခြင်း၊ perspective ပြုပြင်ခြင်း၊ မလိုတဲ့အရာတွေကိုဖယ်ခြားခြင်းနဲ့ vignette အတိုးအလျော့လုပ်ခြင်းတို့လုပ်လို့ရပါတယ်။ ဒီ tutorial မှာ Snapseed ရဲ့ advanced tools တွေအသုံးပြုပုံကိုတွေ့ရမှာဖြစ်ပြီး သင်ရဲ့ ဓာတ်ပုံ edit လုပ်ပုံတွေတိုးတက် လာမှာဖြစ်ပါတယ်။

Snapseed နဲ့စိမ်းနေသေးတယ်ဆိုရင်တော့ ကျွန်တော်တို့ Digital Photography Myanmar ဘာသာပြန်ထားတဲ့ Snapseed အသုံးပြုပုံ tutorial part I ကိုအရင်ဖတ်သင့်ပါတယ်။ အောက်က link ကို click လုပ်လိုက်ပါ။

Snapseed အသုံးပြုပုံ tutorial part I

tutorial part I မှာကတော့ နေ့စဉ်သုံးရမယ့် tools တွေဖြစ်တဲ့ Tune Image (colour နဲ့ exposure ကို adjust လုပ်ရန်)၊ Details (ပုံများကိုပြတ်သားစေရန်) နဲ့ ပုံများကို ဖြတ်တောက်ခြင်း၊ လှည့်ခြင်း၊ ဖြောင့်တန်းအောင်လုပ်ခြင်း အစရှိသည်များကို လေ့လာရမှာဖြစ်ပါတယ်။

Snapseed app မရှိသေးရင် တော့ Apple ရဲ့ App Store နဲ့ Google ရဲ့ Apps Marketplace တို့မှအခမဲ့ရယူနိုင်ပါတယ်။

အခု tutorial ဟာကျွန်တော်တိ့ုဘာသာပြန်မယ့် Snapseed tutorials တွေထဲက ဒုတိယမြောက်တစ်ခုပါ။ နောက်ဆုံး tutorial မှာတော့ ဆန်းသစ်ပြီးရသဆန်တဲ့ effect တွေရနိုင်တဲ့ Snapseed ရဲ့ Filters တွေအကြောင်းလေ့လာနိုင်ပါမယ်။

ဒီ tutorial မှာတော့ Transform, Brush, Selective, Spot Repair နဲ့ Vignette အစရှိတဲ့ tools တွေကိုလေ့လာနိုင်ပါမယ်။

Snapseed ရဲ့ tools တွေကို access လုပ်ဖို့ edit လုပ်ချင်တဲ့ပုံကိုဖွင့်ပါ။ ပြီးနောက်ညာဘက်အောက်ရှိခဲတံပုံစံရှိ Edit ကိုထိနှိပ်ပါ။

DpMyanmar Snapseed Options

Transform Toolေ စာင်းနေတဲ့အဆောက်အဦးကို တည့်မတ်မယ်

ပုံရဲ့ perspective ရှုထောင့်ကိုပြောင်းဖို့ Transform tool ကိုသုံးပါ။ architectural subjects ခေါ်အဆောက်အဦးတွေကိုရိုက်ရာမှာ ပိုပြီးအသုံးဝင်ပါတယ်။

အဆောက်အဦးအမြင့်တွေကို ဓာတ်ပုံရိုက်ရာမှာ perspective distortion ကြောင့်ဆောက်အဦးရဲ့ထိပ်ပိုင်းမှာရှည်မျောမျောဖြစ်သွားတတ်ပါတယ်။ အဆောက်အဦးကိုအလယ်တည့်တည့်မှာထားမရိုက်ရင်လည်း အဆောက်အဦးတွေဟာတဖက်ကိုစောင်းနေတယ်လို့ထင်ရပါတယ်။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၂

ရိုက်လိုက်တဲ့ angle ကြောင့် Paris မြို့ရှိ Eiffel Tower ဟာ စောင်းနေသလိုဖြစ်နေပါတယ်။ ဒါကို Transform tool ကိုသုံးပြီး တည့်တည့်ဖြစ်အောင် လုပ်ယူလို့ရပါတယ်။

Transform tool ကိုသုံးပြီး အမျိုးအစားသုံးမျိုး edit လုပ်လို့ရပါတယ်။ perspective ကိုအလျားလိုက် horizontally နဲ့ ဒေါင်လိုက် vertically ပြင်လို့ရပြီး ပုံကိုပါ rotate လှည့်စောင်းလို့ရပါတယ်။


တခွား Snapseed tool တှကေိုသုံးသလိုပါပဲ။ အပေါ်အေက်ပွတ်ပြီး adjustment option တွေကိုရယူနိုင်ပါတယ်။ ဘယ်ညာပွတ်ပြီး perspective ကိုပြောင်းနိုင်ပါတယ်။

Snapseed ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၂

အပေါ်မှာပြောခဲ့တဲ့ adjustment သုံးမျိုးကိုသုံးပြီး ဘယ်အဆောက်အဦးကိုမဆိုတည့်မတ်နိုင်မှာဖြစ်ပြီး တခြားပုံတွေမှာလည်း perspective ပြဿနာတွေကိုပြုပြင်နိုင်ပါတယ်။

Brush Tool စုတ်တံသုံးပြီး ပုံကိုပြင်မယ်

Brush tool ဟာအရမ်း powerful ဖြစ်တဲ့ tool တစ်ခုပါ။ ဒီ tool ကိုသုံးပြီး ပုံကိုမသိမသာပြောင်းလဲစေတာကနေပြီး တကယ့်ကိုရသတွေပေါ်လွင်လာအောင်ပြောင်းလို့ရပါတယ်။ ဒီ tool ကိုသုံးပြီးပုံရဲ့လိုတဲ့နေရာမှာပဲလိုတဲ့ effect ကို apply လုပ်လို့ရပါတယ်။

Snapseed ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၃

ဒီ tool ကိုအသုံးပြုဖို့ screen ရဲ့အောက်မှာ icons လေးတွေရှိပါတယ်။ ဘယ်ဘက်အောက်မှာရှိတဲ့ brush icon ကိုထိပြီး brush effect တွေကိုရွေးယူလို့ရပါတယ်။

Snapseed ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၄

Dodge and Burn brush ကိုသုံးပြီးပုံရဲ့တချို့အစိတ်အပိုင်းတွေကို ပိုလင်းလာအောင် ဒါမှမဟုတ် ပိုမှောင်လာအောင်လုပ်လို့ရပါတယ်။ Exposure brush ကိုသုံးပြီးလည်း အလင်းအမှာင်ကိုကစားလို့ရပါတယ်။ ဒါပေမယ့် Dodge and Burn brush ကိုသုံးပြီးပိုပြင်းပြင်းသုံးလို့ရပါတယ်။

Temperature brush ကိုသုံးပြီး ပုံရဲ့ အပူအအေး အရာင်ကိုကစားလို့ရပြီး၊ saturation brush နဲ့ color saturation ကိုအတိုးအလျော့လုပ်လို့ရပါတယ်။

ကိုယ်သုံးချင်တဲ့ brush အမျိုးအစားကိုရွေးချယ်ပြီးရင်အောက်မှာရှိတဲ့ အပေါ်အောက်မြှားကိုသုံးပြီး adjustment strength ကိုရွေးပါ။ -5, +10 စသည်ဖြင့်ရွေးလို့ရပါတယ်။ ပြီးရင်လက်ညိုးကိုသုံးပြီး ပြောင်းချင်တဲ့နေရာမှာပွတ်လိုက်ပါ။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၃

strength ကို zero ထားလိုက်ရင်တော့ “Eraser” ဆိုတဲ့စကားလုံးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကိုသုံးပြီး မလိုချင်တော့တဲ့ effect တွေကိုပြန်ဖျက်လို့ ရပါတယ်။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၄

ညာဖက်မှာမျက်လုံးသဏ္ဌန် icon ငယ်လေးရှိပါတယ်။ ဒါကိုသုံးပြီး effect ကိုဘယ်နေရာမှာသုံးထားလဲဆိုတာ မြင်နိုင်ပါတယ်။ effect သုံးထားတဲ့နေရာကို အနီရောင်နဲ့ပြပါတယ်။ အနီရောင်ကိုဖြောက်ဖို့ မျက်လုံး icon ကိုနောက်တခေါက်ထပ်နှိပ်လိုက်ပါ။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၅

Brush တွေရဲ့အရွယ်အစားကိုတော့ ရွေးလိုမရပေမယ့် အသေးစိတ် ရွေးချယ်ပြီး adjustment လုပ်လိုရင်တော့ လက်မနဲ့လက်ညိုးကိုသုံးပြီး zoom in လုပ်ကာအသေးစိတ် adjustment လုပ်လို့ရပါတယ်။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၆

အပေါ်ကပုံမှာ ပုံရဲ့တစိတ်တဒေသမှာပဲ color နဲ့ exposure ကိုလွယ်လွယ်ကူကူပြောင်းလို့ရကြောင်းပြထားပါတယ်။

Selective Toolေ နရာရွေးပြီးပုံကိုပြင်မယ်

Selective tool ကိုသုံးပြီးတိကျတဲ့နေရာတွေမှာ brightness၊ contrast နဲ့ color saturation တွေကို selective adjustment လုပ်လိုရပါတယ်။

ထိလိုက်တဲ့နေရာမှာရှိတဲ့ color ကိုအခြေခံပြီးရွေးချယ် adjustment လုပ်သွားမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အပြာရောင်ကောင်းကင်ရဲ့တနေရာရာကိုထိလိုက်ရင် အဲဒီအပြာရောင်ကိုပဲ adjustment လုပ်မှာဖြစ်ပါတယ်။

ဒီ tool ကိုစသုံးမယ်ဆိုရင် screen ရဲ့အောက်မှာရှိတဲ့ အပေါင်းလက္ခဏာလေး (+) အပြာရောင်ဖြစ်နေစေရပါမယ်။ မဖြစ်ရင် ထိလိုက်ပြီးအပြာရောင်သို့ပြောင်းပါစေ။ ပြီးနောက် adjust လုပ်လိုတဲ့ color ကိုထိလိုက်ပါ။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၈

adjustment လုပ်လိုတဲ့ color ကိုရွေးပြီးနောက် လက်မနဲ့လက်ညိုးကိုသုံးပြီး effect ဖြစ်လိုတဲ့နေရာအရွယ်အစားကိုရွေးချယ်ပါ။ effect ဖြစ်မယ့် နေရာကိုပြတဲ့စက်ဝိုင်းနဲ့ အနီရောင်ကိုတွေ့ရပါလိမ့်မယ်။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၉

နေရာကိုရွေးချယ်ပြီးနောက် screen ပေါ်မှာအပေါ်အောက် swipe လုပ်ပြီး Brightness, Contrast နဲ့ Saturation အစရှိသည်ဖြင့် မိမိလုပ်လိုတဲ့ adjustment option ကိုရွေးပါ။ ၎င်းနောက်ဘယ်ညာရွေးပြီး effect ကိုအတိုးအလျှော့လုပ်ပါ။

selective adjustments နောက်တစ်ခုထပ်လုပ်ရန် အပေါင်းလက္ခဏာကို ထပ်ထိပါ။ လုပ်လိုတဲ့အရောင်ကိုရွေးချယ်ပြီး အပေါ်မှအဆင့်များကိုလုပ်ဆောင်ပါ။

adjustment လုပ်ခဲ့တဲ့နေရာမှာ စက်ဝိုင်းငယ်တစ်ခုနဲ့အတူစာလုံးတစ်ခုကိုတွေ့ရပါမယ်။ စာလုံးကတော့ B (Brightness)၊ C (Contrast) သို့ S (Saturation) စသည်ဖြင့် adjustment လုပ်ခဲ့သော option များကိုဖော်ပြနေခြင်းဖြစ်ပါတယ်။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၁၀

၎င်းစာလုံးငယ်များကိုထိလိုက်ပါက အပေါ်ပုံတွင်ပြထားသကဲ့သို့ပေါ်လာမှာဖြစ်ပါတယ်။ Reset လုပ်ပါက adjustment strength ကို သုံညသို့ပြောင်းလဲမှာဖြစ်ပြီး Delete လုပ်ပါကဖယ်ခြားလိုက်မှာဖြစ်ပါတယ်။

Cut လုပ်ပါက adjustment ကိုတခြားတနေရာသို့ရွှေ့နိုင်မှာဖြစ်ပြီး Copy လုပ်ပါက adjustment ကိုပွားလိုက်မှာဖြစ်ပါတယ်။ Cut နဲ့ Copy လုပ်ပါက လုပ်လိုသည့်နေရာကိုထိပြီး Paste ထပ်နှိပ်ရမှာဖြစ်ပါတယ်။

Healing Tool အစက်အပြောက်တွေဖယ်ရှားမယ်

Healing tool ကိုသုံးပြီးအနှောင့်အယှက်အပို ဖြစ်နေတဲ့အရာတွေကိုဖယ်ရှားလို့ရပါတယ်။ ဥပမာအားဖြင့် ဘေးနားမှာရှိတဲ့အမှိုက်တွေ၊ နံရံပေါ်ရှိအကွက် ဒါမှမဟုတ် မျက်နှာပေါ်ရှိအစက်အပြောက်တွေအစရှိသည်ဖြင့်တို့ဖြစ်ပါတယ်။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၁၁

Healing ကိုသုံးပြီးဒီလူကိုပုံကနေ ဖယ်ရှားလိုက်ရန်အတွက် ၎င်းလူကိုလက်ချောင်းဖြင့် ထိလိုက်ပါ။ ထိလိုက်တဲ့နေရာကိုဘေးပတ်ဝန်းကျင်ရှိ pixels ဖြင့်လဲလှယ်လိုက်ပါလိမ့်မယ်။ အသေးစိတ်လုပ်လိုပါက zoom in လုပ်နိုင်ပါတယ်။

ဓာတ်ပုံအလွယ်တကူပြုပြင်နည်း ၁၂

ဖယ်ရှားချင်တဲ့အရာဟာ ရှုပ်ထွေးမနေပဲ ကောင်းကင်၊ ပင်လယ်ပြင်၊ skin အသားအရည်စသည်ဖြင့် ရှင်းလင်းနေတဲ့နေရာမှာတည်ရှိနေမယ်ဆိုရင်ဒီ tool ကိုအသုံးပြုရတာအဆင်ပြေပါတယ်။ ဒီ tool ကိုဘေးနားမှာရှုပ်ထွေးနေတဲ့ အရာပေါ်မှာသုံးမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါ။

တကယ်တော့ဒီလို မလိုအပ်တော့တဲ့ အရာတွေကိုဖယ်ခြားဖို့ TouchRetouch တို့လိုတခြား app ကောင်းကောင်းလေးတွေရှိပါတယ်။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလို သိပ်ရှုပ်ထွေးမနေဘူးဆိုရင် Snapseed ကိုသုံးရတာအဆင်ပြေပါတယ်။

Vignette Tool ပုံရဲ့ဘေးမှာအမှောင်ချမယ်

ပုံရဲ့ဘေးနားမှာအနည်းငယ်အမှောင်ချထားခြင်းဖြင့်ကြည့်ရှုသူရဲ့မျက်လုံးကို subject ခေါ်အဓိကအရာပေါ်ကို ဆွဲခေါ်စေနိုင်ပါတယ်။ ဒီလိုဘေးနားကအမှောင်ကို vignette လို့ခေါ်ပါတယ်။ vignette များရင်လည်းအနှောင့်အယှက်ဖြစ်စေတာမို့သတိထားသင့်ပါတယ်။

အပေါ်ယံကြည့်လိုက်ရင်အရမ်းလွယ်ကူတဲ့ဒီ tool ဟာ တကယ်သုံးကြည့်မယ်ဆိုရင် powerful ဖြစ်တယ်ဆိုတာတွေ့ရပါလိမ့်မယ်။


vignetting tool တွေဟာအများအားဖြင့် တော့ပုံရဲ့ဘေးနားတွေကိုပဲ မှောင်လာအောင်၊ ဒါမှမဟုတ်လင်းသွားအောင်လုပ်လို့ရပါတယ်။ Snapseed မှာတော့ အပေါ်အောက်ပွတ်လိုက်ရင် ပုံအလယ်ကိုပါအလင်းအမှောင်ကစားလို့ရမယ့် option ကိုတွေ့ရပါမယ်။

ကိုယ်လိုချင်တဲ့ option ကိုရွေးလိုက်ပြီးပါက အပေါ်အောက် swipe လုပ်ပြီး intensity ကို adjust လုပ်ယူလို့ရပါပြီ။

ဒီနေရာမှာမပြီးဆုံးသေးပါဘူး။ အောက်ပုံမှာပြထားတဲ့ အပြာရောက်အစက်ငယ်ပေါ်မှာလက်မနဲ့ထောက်ပြီးနေရာရွှေ့နိုင်ပါသေးတယ်။ မိမိလိုချင်တဲ့နေရာကိုကြည့်ရှုသူရဲ့မျက်လုံးကိုဆွဲခေါ်တဲ့နေရာမှာသုံးနိုင်ပါတယ်။


အလယ်စက်ဝိုင်းရဲ့အရွယ်အစားကိုလည်း ပြောင်းနိုင်ပါသေးတယ်။ လက်မနဲ့လက်ညိုးသုံးပြီး ပွတ်ဆွဲလိုက်ရင်အလယ်မှာ စက်ဝိုင်းတစ်ခုပေါ်လာမှာပါ။ ဒီစက်ဝိုင်းဟာ vignette effect ရဲ့အတွင်းပိုင်းနဲ့အပြင်ပိုင်းကိုခြားနားထားတဲ့နယ်နမိတ်မျဉ်းဖြစ်ပါတယ်။ လက်မနဲ့လက်ညိုးသုံးပြီး အကျဉ်းအကျယ်ပွတ်ဆွဲကာစက်ဝိုင်းရဲ့အရွယ်အစားကိုပြောင်းလဲလိုက်ပါ။

Conclusion

မြင်တဲ့အတိုင်းပါပဲ၊ Snapseed ဟာရိုးရိုးသာမန် photo editor မဟုတ်ပါ။ Snapseed မှာ လိုတဲ့နေရာကိုလိုသလို edit လုပ်နိုင်တဲ့ powerful ဖြစ်တဲ့ tool တွေပါပါတယ်။ သင့်စိတ်ကြိုက် edit လုပ်နိုင်ပါတယ်။

ဒါ့အပြင် perspective ကြောင့်ဖြစ်တဲ့ပြဿနာတွေနဲ့ မလိုတဲ့အစက်အပြောက်အရာဝတ္ထုတွေကိုလည်းဖယ်ရှားနိုင်ပါတယ်။ နောက်ဆုံးမှာ vignette လည်းထည့်နိုင်ပါသေးတယ်။


မှတ်သားစရာတွေများပေမယ့်အချိန်ယူပြီးစမ်းသပ်လေ့လာမှတ်သားပါ။ ငါဒီပုံကို handphone နဲ့ ဘယ်လိုများ edit လုပ်လိုက်ပါလိမ့်လို့စဉ်းစားရအောင်ထိ edit လုပ်လိုက်တဲ့ ပုံတွေဟာပြောင်းလဲသွားပါလိမ့်မယ်။

ဒီ tutorial ပြီးရင် Snapseed ရဲ့ အံ့သြဖွယ်ကောင်းလှတဲ့ Filters တွေအကြောင်းတင်ပေးပါ့မယ်။ လာရောက်ပြီးဖတ်ရှုဖို့မမေ့ပါနဲ့။ အလွယ်ဆုံးနည်းကတော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားပြီး update တွေကိုရယူနိုင်ပါတယ်။ ဒီ tutorial နဲ့ ကျွန်တော်တို့ရဲ့ website မှာရှိတဲ့တခြား article တွေ ကိုလည်း share လုပ်ပြီးတခြားစိတ်ဝင်စားသူတွေကိုမျှဝေပေးနိုင်ပါတယ်။

via iPhone Photography School


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*