ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ
Unicode Version | Zawgyi-One Version

Russia ကဓာတ်ပုံဆရာ Oleg Samoilov ရဲ့ ဓာတ်ပုံပညာမှတ်စုတွေပါ။ ဒီမှတ်စုတွေကို ရာရှားလိုစတင်ရေခဲ့တာဖြစ်ပြီး လူကြိုက်များလွန်းတဲ့အတွက် အင်္ဂလိပ်လို ပြန်ခဲ့တာလို့ဆိုပါတယ်။ အခုမြန်မာလို Digital Photography Myanmar ကပြုစုထားပါတယ်။

(၁) အပါရှာ

အပါရှာအကြီးအသေးပေါ်မူတည် ပြီးဓာတ်ပုံအပေါ်အကျိုးသက်ရောက်မှုပါ။ f2.0 ရှိတဲ့ အပါရှာဟာ f3.5 ရှိတဲ့အပါရှာထက်ပိုကျယ်ပါတယ်။ အပါရှာကိုကျယ်ကျယ်ထားတဲ့ အကျိုးဆက်အနေနဲ့ အလင်းပိုဝင်ပါတယ်။ depth of field ခေါ် focus ပြတ်တဲ့ zone သေးတဲ့အတွက် ပေါ့ထရိတ်ရိုက်တဲ့အခါ နောက်ခံဝါးနေတဲ့ပုံကို ရရှိပါတယ်။ landscape ရိုက်ရင်တော့ f-number ကြီးကြီးရှိတဲ့ အပါရှာသေးသေးနဲ့ရိုက်ပါတယ်။

1 အပါခြာဦးစားပေးမုဒျ

(၂) ရှပ်တာ

ရှပ်တာရဲ့အမြန်နှုန်းကိုလိုက်ပြီး ပုံအပေါ်အကျိုးသက်ရောက်မှုပါ။ လျှင်မြန်စွာလှုပ်ရှားနေတဲ့အရာကို ဓာတ်ပုံရိုက်လိုရင် ရှပ်တစပီး မြန်မြန်နဲ့ရိုက်ရပါမယ်။ သို့မဟုတ်ပါကပုံထဲတွင် အရိပ်ကဲ့သို့သောအရာများပေါ်နေပါလိမ့်မယ်။

2 ရှပျတာဦးစားပေးမုဒျ

(၃) အိုင်ဆို

ISO ရဲ့ဓာတ်ပုံအပေါ်သက်ရောက်မှုပါ။ အလင်းမလုံလောက်တဲ့အခါ ISO number ကြီးကြီးသုံးရပါမယ်။ အကျိုးဆက်အနေနဲ့ noise များခြင်းပါ။

3 အိုငျဆို

(၄) မှန်ပြောင်း

မှန်ပြောင်တွေကို အမျိုးမစားခွဲထားပုံပါ။ 300mm super telephoto lens ရဲ့ မြင်ကွင်းအကျယ်က 8-ဒီဂရီသာရှိပါတယ်။ landscape ရိုက်မယ်ဆိုရင်တော့ wide angle lens ကိုသုံးရပါမယ်။ အောက်ပါဆောင်ပါးကို ဖတ်ကြည့်လိုက်ပါ။

ဓာတ်ပုံအခြေခံသဘောတရား – camera မြင်ပုံမြင်နည်း

4 ဆုံခကြျ

(၅) ဓာတ်ပုံဖွဲ့စည်းမှုအခြေခံ

ဓာတ်ပုံပညာကိုစိတ်ဝင်စားတယ်ဆိုရင် ဓာတ်ပုံဖွဲ့စည်းမှု composition တွေရဲ့အခြေခံသဘောတရာတွေကိုလည်း နားလည်သင့်ပါတယ်။

5 ဓာတျပုံဖှဲ့စညျးမှုအခွခေံ

(၆) ဒေါင့်ဖြတ်လိုင်းများ

ဒေါင့်ဖြတ်လိုင်းတွေကို အသုံးပြုပြီး ဓာတ်ပုံတစ်ပုံကိုဖွဲ့စည်းမယ်ဆိုရင် dynamic ဖြစ်တဲ့ပုံတွေကိုရမှာပါ။

6 ဒေါင့ျဖွတျလိုငျးမြား

(၇) ကာလာစနစ်

ဓာတ်ပုံဖွဲစည်းမှုအခြေခံသဘောတရားအရာ ဓာတ်ပုံထဲမှာ ပါဝင်ဖွဲ့စည်းထားတဲ့ အရောင်တွေဟာလည်းအရေးကြီးပါတယ်။

7 ကာလာစနဈ

(၈) ဆန်ဆာအရွယ်အစား

ဆန်ဆာနဲ့ ဖလင်တို့ရဲ့ အရွယ်အစားကိုနိုင်းယှဉ်ပြထားတာပါ။ ဒီဂျစ်တယ်ဖူးဖရိမ်ရဲ့ ဆန်ဆာအရွယ်အစားကတော့ 36x24mm အရွယ်ရှိပါတယ်။

8 ဆနျဆာ

(၉) မုဒ်များ

ကင်မရာတစ်လုံးမှာပါရှိတဲ့မုဒ်တွေပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီးအကျယ်ဖတ်လိုရင် Digital Photography Myanmar ရဲ့ အောက်ပါဆောင်းပါးတွေကိုဖတ်ရှုလေ့လာနိုင်ပါတယ်။

– ပုံကောင်းကောင်းရစေမယ့် Camera Setting များ
– ဓာတ်ပုံပညာသင်ယူစ လက်သစ်များ အတွက် ကင်မရာ မုဒ်ရွေးချယ်ရန်လမ်းညွှန်
– ဘယ်အချိန်ဘယ်မုဒ်သုံးမလဲ

9 ရှပျတာစပီးနှင့ျ အပါရှာ

(၁၀) ရီဖလက်တာအသုံးပြုနည်း

ဒါကိုတော့ရှင်းပြစရာမလိုဘူးထင်ပါတယ်။

10 ရီဖလကျတာ

(၁၁) ဝါးနေသောနောက်ခံနှင့်လူပုံ ရရှိရန်

ဒါကိုလည်းရှင်းပြစရာလိုမယ်မထင်ပါဘူး။ လိုအပ်ပါက အပါရှာအကြောင်းပြန်ဖတ်လိုက်ပါ။

11 ဝါးနသေောနောကျခံနှင့ျလူပုံ

(၁၂) ပေါ့ထရိုတ် ရိုက်ခြင်း

လူပုံပေါ့ထရိတ်ရိုက်ရင်ဆောင်ရန်ရှောင်ရန်ပါ။ အောက်ပါဆောင်းပါးနဲ့တွဲဖတ်လိုက်ပါ။

ဖြတ်တောက်ခြင်းရဲ့အနုပည

12ပေါ့ထရိုတ် ရိုက်ခြင်း

(၁၃) အလင်းဖျော့ရရှိရန်

ကင်မရာပေါ်ပါတဲ့ flash ကို တိုက်ရိုက်သုံးရင် ထွက်လာတဲ့ပုံက ဖြူဖြူဖွေးဖွးနဲ့ ကြည့်လို့အဆင်မပြေပါဘူး။ ပုံမှာပြထားသလို မျက်နှာကျက် မှတဆင့်အလင်းပြန်လာတဲ့ အလင်းကိုအသုံးပြုပါ။

13 အလင်းဖျော့

(၁၄) အလင်းပေးနည်းများ

စတူဒီရိုထဲရှိ အလင်းတွေရဲ့အခေါ်အဝေါ်တွေပါ။

(၁၅) flash အသုံးပြုနည်း

flash ကိုတိုက်ရိုက်ထိုးပြီးရတဲ့အလင်းထက်စာရင် ပုံမှာပြထားသလို မျက်နှာကျက် မှတဆင့်အလင်းပြန်လာတဲ့ အလင်းကိုအသုံးပြုပါက ပုံထွက်ပုမိုကောင်းမွန်စေပါတယ်။

15 flash အသုံးပြုနည်း

via http://coapp.pro


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

4 Comments on ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

  1. အရမ်းကို အသုံးဝင်စေတဲ့ မှတ်စုဖြစ်စေပါတယ်
    ကျေးဇူး အရမ်းတင်ပါတယိဗျာ

Leave a Reply

Your email address will not be published.


*