ဓာတ်ပုံတွေကို နာမည်ကြီး ပန်းချီပုံစံပြောင်းပေးတဲ့ Prisma

ပရစ္မာေဖ့တာ
Unicode Version | Zawgyi-One Version

Prisma ဆိုတာ မိတ်ဆွေရဲ့ဓာတ်ပုံတွေကို နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီနဲ့တူအောင်ပြောင်းပေးတဲ့ ကင်မရာ app ပါ။ ခုခေတ်မှာပေါများစွာရှိနေတဲ့ ဖလင်ပုံစံပြောင်းပေးတဲ့ app တွေထက်တစ်ဆင့်တက်ပြီး ပန်းချီကားတွေနဲ့ အံ့သြဖွယ်ကောင်းလောက်အောင် တူစေပါတယ်။

neural networks နဲ့ artificial intelligence နှစ်မျိုးလုံးကိုပေါင်းကာ ဖန်တီးထားတယ်လို့ပြောတဲ့ ဒီ app ရဲ့ algorithm ဟာ ၂၀၁၅ ကုန်ခါနီးမှာ ထွက်ပေါ်လာခဲ့ပြီး လူတွေကိုစိတ်ဝင်စားစေခဲ့ပါသေးတယ်။ ခုတော့ဒီနည်းပညာကို အိတ်ထဲထည့်ထားလို့ရပါပြီ။

ဒီ app မှာရိုးရှင်းတဲ့ interface ရှိပြီး အသုံပြုရအလွန်လွယ်ကူပါတယ်။ app ကိုဖွင့်ပြီးနောက် built-in ကင်မရာကိုသုံးပြီး ဓာပုံရိုက် သို့မဟုတ် ဖုန်းထဲက ပုံကိုရွှေးချယ်လို့ရပါတယ်။

၎င်းနောက် မိတ်ဆွေရဲ့ပုံကိုပြောင်းဖို့ ပုံစံအမျိုးမျိုးရှိတဲ့ icon တွေကိုရှည်လျှားစွာတွေ့ရမှာပါ။

ပရစ္မာ ေဖ့တာ

တစ်ခုခုကိုရွှေးလိုက်ပါ။ ခဏကြာတော့ပြောင်းလိုက်တဲ့ပုံ ပေါ်လာပါလိမ့်မယ်။ လက်ညိုးကိုဘယ်ညာ slide လုပ်ပြီး ပြောင်းလဲမှုကို 0% ကနေ 100% ထိပြောင်းလဲလို့ရပါတယ်။

ပရစ္မာ

“Gothic” ပုံစံမပြောင်းမှီနဲ့ပြောင်းလဲပြီးပုံပါ။

ပရစ္မာ

အောက်မှာတော့ Prisma website ကပုံတွေပါ။

ေဖ့တာ

Prisma ကို iTunes App Store ကနေအခမဲ့ ဒေါင်းလုပ်ဆွဲလို့ရပါတယ်။ video နဲ့ Android အတွက်မကြာခင်ထွက်မယ်လို့သိရပါတယ်။

via PetaPixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*