ဓာတ်ပုံပညာကို လေ့လာလိုက်စားတဲ့သူတိုင်းသိသင့်တဲ့ ကင်မရာသန့်ရှင်းနည်းအကြောင်း

ကင်မရာကိုသန့်ရှင်းရေး
Unicode Version | Zawgyi-One Version

ဓာတ်ပုံပညာကို လေ့လာလိုက်စားတဲ့သူဖြစ်ရင် ကင်မရာဆန်ဆာကိုလည်း သန့်နေအောင်ပြုလုပ်ထိန်းသိမ်းတတ်ရပါမယ်။ ဓာတ်ပုံတွေမှာပေါ်လာတဲ့ ဖုန်မှုန့်အစက်ပြောက်တွေကို ခဏခဏလိုက်မရှင်းချင်ဘူးဆိုရင် ကင်မရာကိုသန့်ရှင်းရေးလုပ်ပါ။ ရိုက်ဖန်များလာတာနဲ့အမျှ ကင်မရာထဲမှာ ဖုန်မှုန့်တွေဝင်လာမှာမလွဲပါဘူး။

မှန်ပြောင်းမလဲရင် ဖုန်မဝင်ဘူးလို့ ပြောဆိုလေ့ရှိတာလဲမမှန်ပါဘူး။ မယုံရင်စမ်းကြည့်ပါ။ မှန်ပြောင်းကိုတစ်လလောက်မချွတ်ပဲထားကြည့်ပါ။ မှန်ပြောင်းလဲသလောက်မဝင်ပေမယ့် ဝင်တော့ဝင်ဆဲဆိုတာတွေ့ရပါလိမ့်မယ်။

ဒါကြောင့်ကင်မရာကို မှန်မှန်သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဒီအတွက် sensor cleaning kit ဒါမှမဟုတ် air blower တော့ရှိသင့်ပါတယ်။

ဆန်ဆာသန့်ရှင်းရေးလုပ်တာမှာ ရှောင်ရန်အချက်တွေကိုအရင်ပြောပြပါမယ်။ ဘာပဲဖြစ်ဖြစ် ဆန်ဆာကိုလက်နဲ့ မထိပါနဲ့။ ကင်မရာထဲကိုတောင် မထည့်ပါနဲ့။ အထဲကစက်ပစ္စည်းတွေ မပျက်စီးအောက် အထူးတလည်ဂရုစိုက်တဲ့ နာရီပြင်ဆရာကဲ့သို့ ဂရုစိုက်ရပါမယ်။

အရက်ပျံကိုလည်းလုံးဝမသုံးပါနဲ့။ အသန့်စင်ဆုံး အရက်ပျံဖြစ်နေပါစေမသုံးပါနဲ့။ အရည်တစ်ခုခုသုံးမယ်ဆိုပါကလည်း ကင်မရာဆန်ဆာပေါ်မှာ သုံးလို့ရအောင်ထုတ်လုပ်ထားတဲ့ အရည်ဖြစ်ပါစေ။

တကယ်တော့ blower သုံးပြီး ဖုန်တွေကိုမှန်မှန်မှတ်ပေးရင် လုံလောက်ပါတယ်။ ဒီလိုမှန်မှန်လုပ်ပေးတာဟာ ဖုန်တွေဝင်ဒီအတိုင်းပြစ်ထားခြင်းထက်စာရင် အများကြီးကောင်းပါတယ်။ ခက်ခက်ခဲခဲရှင်းမနေရတော့ဘူးပေါ့။

အောက်မှာပြထားတဲ့ ဗီဒီရိုမှာတော့ ကင်မရာဆန်ဆာနဲ့ မှန်ကိုဘယ်လိုသန့်စင်ရေးလုပ်မလဲဆိုတာကို ရှင်းပြထားပါတယ်။

via PhotographyTalk


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

1 Comment on ဓာတ်ပုံပညာကို လေ့လာလိုက်စားတဲ့သူတိုင်းသိသင့်တဲ့ ကင်မရာသန့်ရှင်းနည်းအကြောင်း

Leave a Reply

Your email address will not be published.


*