ဓာတ်ပုံပညာကို လေ့လာလိုက်စားသူတိုင်းမှာရှိရမယ့် lens လေးလုံး

မှန်ပြောင်း
Unicode Version | Zawgyi-One Version

ခုမှဓာတ်ပုံပညာ စတင်လေ့လာသူတွေကို သေသေချာချာရှင်းရှင်းလင်းလင်းပြောထားရမယ့် အရာတစ်ခုရှိပါတယ်။ ကင်မရာနဲ့မှန်ပြောင်းဘယ်အရာတစ်ခုကို ကောင်းကောင်းထပ်ပြန်ဝယ် ရမလဲဟုရွေးချယ်ရမယ်ဆိုရင် မှန်ပြောင်းကိုပဲကောင်းကောင်းအရင်ဝယ်ပါ။

နောက်ဆုံးမှာတော့ ပုံကောင်းမကောင်းအများဆုံးဆုံးဖြတ်နိုင်တာမှန်ပြောင်းပါ။ အောက်မှာဖော်ပြမယ့် မှန်ပြောင်းလေးခုကတော့ ဓာတ်ပုံပညာကိုချစ်မြတ်နိုးသူတိုင်းမှာရှိရမယ့် မှန်ပြောင်းတွေပါ။

50mm တစ်လုံး

50မမ

ဒီမှန်ပြောင်းကိုမိတ်ဆွေသိပြီးသားဖြစ်မှာပါ။ မိတ်ဆွေဘာပဲရိုက်ရိုက် ဒီ 50mm မှန်ပြောင်းကတော့အိတ်ထဲရှိကိုရှိရမှာပါ။ ဒေါ်လာတစ်ရာတန် f/1.8 အမျိုးအစားသော်မှ ပုံကောင်းတွေရတဲ့အတွက် f/1.8 ထက်ပိုကောင်းတဲ့ မှန်ပြောင်းမလိုပါဘူး။ f/1.4 တွေကတော့ အလင်းရောင်နည်းတဲ့နေရာတွေမှာရိုက်ရင်ပိုကောင်းတယ်ဆိုတာကတော့ အမှန်ပါ။ ဒါကြောင့် ဝယ်ထားရင်တော့မှားမသွားနိုင်ပါဘူး။

35mm တစ်လုံး

၃၅မမ

ဘက်စုံသုံး မှန်ပြောင်းတစ်လုံးအနေနဲ့ 35mm မှန်ပြောင်းကိုဘယ်တခုမှယှဉ်လို့မရပါဘူး။ လမ်းပဲထွက်ရိုက်ရိုက် ခရီးပဲသွားသွား ယူဆောင်သွားဖို့ အသင့်တော်ဆုံးပါ။ လူ့မျက်လုံးနဲ့မြင်ရတဲ့အတိုင်းအနီးကပ်ဆုံးပုံထွက်တာကြောင့် ဓာတ်ပုံနဲ့ ဗီဒီရိုရိုက်သူတွေရဲ့အကြိုက်နှစ်သက်ဆုံး မှန်ပြောင်းတစ်လုံးဖြစ်ပါတယ်။

70-200mm f/2.8 တစ်လုံး

၇၀-၂၀၀မမ

ဒီမှန်ပြောင်းမရှိရင်မဖြစ်ဖူးလို့တော့မဟုတ်ပါဘူး။ ဒါပေမယ့်အသုံးတော့တကယ်ဝင်ပါတယ်။ focal range တလျောက်ပုံကောင်းထွက်ပြီး ကမ္ဘာတလွှားဓာတ်ပုံသမားတွေ အသုံးပြုကြပြီးကြိုက်နှစ်သက်ကြပါတယ်။ ကန်နွန်၊ နီကွန်၊ ဆိုနီ၊ ဆစ်မ္ဂာ ဘာပဲဖြစ်ဖြစ် ဒီမှန်ပြောင်းမျိုးနဲ့ရိုက်ရင်တော့ အကောင်းဆုံးပုံကိုပေးပါလိမ့်မယ်။

မြင်ကွင်းကျယ် တစ်လုံး

၁၆-၃၅မမ

မြင်ကွင်းကျယ်မရိုက်တဲ့ ဓာတ်ပုံသမားတွေကိုကျွန်တော်သိပါတယ်။ သူတို့ပေါ့ထရိုတ်ရိုက်တဲ့အခါ 35mm အထက်ပဲရိုက်ကြပါတယ်။ ဒါပေမယ့်သူတို့အိတ်ထဲမှာတော့ မြင်ကွင်းကျယ်တစ်လုံးရှိကြပါတယ်။ တခြားဓာတ်ပုံသူငယ်ချင်း တွေမှာလဲ မြင်ကွင်းကျယ်မှန်ပြောင်းရှိကြပါတယ်။ မြင်ကွင်းကျယ်မှန်ပြောင်းဟာလည်း အသုံးဝင်တဲ့မှန်ပြောင်းတစ်လက်ပါ။ နေရာကျဉ်းကျဉ်းမှာလည်းရိုက်လို့ရပါတယ်။ ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းတွေရိုက်ရင်လည်းအသုံးဝင်ပါတယ်။ ပတ်ဝန်းကျင်နဲ့အတူပေါ့ထရိုတ်ပဲရိုက်ရိုက် မှတ်တန်းတင်ဓာတ်ပုံပဲရိုက်ရိုက် အလွန်သင့်တော်တဲ့မှန်ပြောင်းပါ။ မိမိကိုယ်ကိုအလေးထားတဲ့ ဓာတ်ပုံသမားတိုင်းမှာရှိသင့်ပါတယ်။

Digital Photography Myanmar ရဲ့ Cameras and Equipment အောက်မှ lens တွေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေကိုအောက်မှာ ဆက်လက်လတ်ရှုနိုင်ပါတယ်။

Portrait ဓါတ်ပုံဆရာတွေအတွက် အကောင်းဆုံး မှန်ဘီလူး ၈ လုံး
Landscape ဓါတ်ပုံပညာအတွက် အကောင်းဆုံးမှန်ဘီလူးများ
DxO စမ်းခဲ့တဲ့ lens တွေထဲမှာ အကောင်းဆုံးဖြစ်လဲဖြစ် ဈေးလဲပေါတဲ့ Sigma 30mm f/1.4 Sony E-Mount Lens

via PhotographyTalk


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

1 Comment on ဓာတ်ပုံပညာကို လေ့လာလိုက်စားသူတိုင်းမှာရှိရမယ့် lens လေးလုံး

Leave a Reply

Your email address will not be published.


*