နည်းပညာကုမ္ပဏီကြီး Facebook မှ ၃၆၀ ဒီဂရီ ဓါတ်ပုံကြည့်နိုင်သော ဝန်ဆောင်မှုစတင်

Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


Facebook က သင့်ပတ်ဝန်းကျင်ကိုလျှောက် ကြည့်စေချင်နေပါပြီ။

မေလမှာ ကြေငြာထားခဲ့တဲ့အတိုင်း ခုချိန်မှာတော့ ဖေ့စ်ဘုတ်ရဲ့ News Feed မှာ 360 ဒီဂရီ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ကြည့်လို့ရနေပြီဖြစ်တဲ့အပြင် ၃၆၀ ဒီဂရီ ရိုက်ကူးနိုင်တဲ့ကင်မရာနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံများကို Desktop ကွန်ပျူတာတွေနဲ့ မိုဘိုင်းပစ္စည်းတွေကတဆင့် ဝေမျှနိုင်ပြီဖြစ်ပါတယ်။

ဖေ့စ်ဘုတ်မှာ ၃၆၀ ဒီဂရီ ဗီဒီယိုတွေထင်ထားသလိုပါပဲ ကွန်ပျူတာအသုံးပြုသူတွေဟာ ဓါတ်ပုံတွေပေါ် မောက်စ်နဲ့ နှိပ်ပြီး ဓါတ်ပုံရဲ့ ဖုံးကွယ်နေတဲ့ အပိုင်းတွေကို ကြည့်လို့ရသလို စမတ်ဖုန်းအသုံးပြုတွေကလည်း ဖုန်းကို နေရာရွှေ့ပြီး ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ လူအများစု မှာ အခုချိန်အထိ ၃၆၀ ဒီဂရီရိုက်နိုင်တဲ့ ကင်မရာ များများစားစားမရှိသေးတဲ့အတွက် လက်ရှိအချိန် ဖေ့စ်ဘုတ်မှာတင်ထားတဲ့ ၃၆၀ ဒီဂရီဓါတ်ပုံအများစုက Panorama ဓါတ်ပုံအများစုဖြစ်နေပါသေးတယ်။ ၃၆၀ ဒီဂရီ ကင်မရာမရှိပေမယ့်လည်း ၃၆၀ ဒီဂရီအထိရိုက်ကူးနိုင်တဲ့ Google ရဲ့ Photo Sphere လိုမျိုး App တွေလည်းရှိပါသေးတယ်။

via GIPHY

အခြားဓါတ်ပုံတွေတင်ထားသလိုပဲ သင့်ရဲ့ ၃၆၀ ဒီဂရီရိုက်ကူးထားတဲ့ ဓါတ်ပုံကို ဖေ့စ်ဘုတ်ပေါ်တင်လိုက်ရုံပါပဲ။ “What’s on your mind?” လို့ရေးထားတဲ့ နေရာပေါ်က “Photo/Video” နေရာကို တစ်ချက်တို့ပြီး တင်လိုက်ရုံပါ။ တခြားဓါတ်ပုံတွေလိုပဲ News Feed မှာ ပေါ်လာမှာဖြစ်ပေမယ့် ထူးခြားတာက သံလိုက်အိမ်မြှောင်ပုံလေးက ၃၆၀ ဒီဂရီဓါတ်ပုံရဲ့အမှတ်အသားအဖြစ် ထောင့်တစ်နေရာမှာပေါ်နေပါလိမ့်မယ်။

Samsung Gear VR လိုမျိုး ပစ္စည်းကို သင့်ဖုန်းက တပ်ဆင်နိုင်တယ်ဆိုရင်တော့ ဓါတ်ပုံမှာ ခေါင်းတပ်နားကြပ် ပုံစံငယ်တစ်ခုကိုပါ ထပ်မြင်ရပါလိမ့်မယ်။ ကံမကောင်းစွာနဲ့ဘဲ ဖေ့စ်ဘုတ်မှာ Samsung နဲ့ သဘောတူစာချုပ်ချုပ်ထားတဲ့ Oculus VR လွဲရင်  Google Cardboard လိုမျိုး တခြားသော ခေါင်းတပ်နားကြပ်တွေကို လက်မခံနိုင်သေးပါဘူး။

via GIPHY

၃၆၀ ဒီဂရီ ဓါတ်ပုံ အသိုင်းအဝိုင်းထဲမှာ ဖေ့စ်ဘုတ်က အကြီးမားဆုံး ဝန်ဆောင်ပေးသူဖြစ်လာပါတယ်။ Google က ၃၆၀ ဒီဂရီ ဗီဒီယိုတွေကို ကြည့်လို့ရတဲ့ Youtube ရှိနေပြီဖြစ်သလို Yahoo ရဲ့ Flickr ကလည်း Flickr VR app ကို VR ခေါင်းစွပ်နားကြပ်တွေနဲ့ တွဲသုံးလို့ရအောင် ထုတ်လုပ်ထားတာ ရှိပါသေးတယ်

နည်းပညာကုမ္ပဏီကြီးတွေဟာ တစ်ယောက်နည်းတစ်ယောက်ပြိုင်ဆိုင်နေကြနေကြရာမှာ ၃၆၀ ဒီဂရီ ကြည့်နိုင်တဲ့ အရာတွေကိုပါ ဖန်တီးလာကြခြင်းဖြစ်ပါတယ်။ ၃၆၀ ဒီဂရီရိုက်နိုင်တဲ့ ဗီဒီယိုကင်မရာတွေကို ဖေ့စ်ဘုတ်ရဲ့ Developer Conference မှာ ထုတ်ပြပြီးဖြစ်သလို ဂူဂဲလ်ကလည်း သူ့ရဲ့ ဗီဒီယိုစနစ်ကို ၃၆၀ ဒီဂရီကြည့်နိုင်အောင် တဆင့်မြှင့်လိုက်တဲ့ အပြင် ဆမ်ဆောင်းကပါ Gear 360 လို့ခေါ်တဲ့ ဘောလုံးပုံ ၃၆၀ ဒီဂရီရိုက်နိုင်တဲ့ ကင်မရာကို ပူပူနွေးနွေးထုတ်လုပ်ထားပါတယ်။

ဒီနည်းပညာတွေက အရမ်းခေတ်စားလာရင်တော့ ကျွန်တော်တို့သိပ်မကြာမီမှာပဲ Selfie ရိုက်တဲ့ တုတ်တံတွေကို လွှင့်ပစ်ပြီး ၃၆၀ ဒီဂရီကင်မရာတွေကို ကြိုဆိုရတော့မှာဖြစ်ပါတယ်။

Ref: Mashable


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*