သောက်စားတတ်သူကိုကိုမမများ အတွက် Polaroid ရဲ့ အရက်ခွက်

ပိုလာယွထ်ရဲ့ ကင်မရာအရက်ခွက်
Unicode Version | Zawgyi-One Version

ပုံထွက်ကတော့ GoPro လောက်မကောင်းနိုင်ပါဘူး။ ဒါပေမယ့် Polaroid Cube action cam လို့ခေါ်တဲ့ Polaroid ရဲ့အကြမ်းခံကင်မရာငယ်မှာ အားသာတဲ့အချက်တစ်ခုတော့ရှိပါတယ်။ ကင်မရာကသေးတဲ့အတွက်ကြောင့်ဘယ်နေရာမဆိုထည့်သုံးလို့ရပါတယ်။

ပြီးတော့ ကိုကိုမမတွေဟာဒီအားလပ်ရက်မှာ တောင်တက်၊ စက်ဘီးစီး၊ ရေလွှာလျှောစီး လုပ်မှာထက် အရက်သွားသောက်မှာပိုသေချာတယ်ဆိုတာကိုလည်း Polaroid ကသိပါတယ်။

ဒီတော့သောက်စားတတ်တဲ့ကိုကိုမမတွေအတွက် Polaroid Cube action cam နဲ့တွဲသုံးလို့ရတဲ့ အရက်ခွက်ကို မိတ်ဆက်လိုက်ပါပြီ။

Polaroid Cube action cam ကိုအောက်ခြေမှာကပ်ထားလို့ရတဲ့ ဒီဖန်ခွက်ရဲ့ဈေးနှန်းက အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာပါ။

အခုတော့ကင်မရာကို ဖန်ခွက်အောက်မှာကပ်ထားကာ အရက်ကို လည်ချောင်းထဲတစ်ကျိက်ထဲထည့်သောက်နေတဲ့ extreme action ပုံကိုကောင်းကောင်းရိုက်လို့ရပါပြီ။

via Gizmodo, Petapixel & Polaroid


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*