ပုံကောင်းအတွက် AI သုံးထားတဲ့ iPhone Camera App – Pix

ဓာတ်ပုံကောင်း
Unicode Version | Zawgyi-One Version

ဓာတ်ပုံကောင်းတွေရဖို့အတွက် Artificial Intelligence သုံး Microsoft Pix ခေါ် smart camera app သစ်တစ်ခုကို Microsoft ကထုတ်လုပ်ဖြန်ချီခဲ့ပါတယ်။

ဒီ app ကိုစတင်လိုက်ရင်ပဲ ကင်မရာမြင်ကွင်းထဲကအရာတွေကို စတင်သုံးသပ်ပြီး မြင်ကွင်းအတွက်အသင့်လျှော်ဆုံး setting တွေကိုရွှေးချယ်ပါတယ်။

ပရော်ဖက်ရှင်နယ် ဓာယ်ပုံဆရာတစ်ဦးရဲ့ ကျွမ်းကျင်မှုတွေကိုသင့်အိတ်ထဲထည့်ထားသလိုပါပဲလို့ Microsoft ကပြောပါတယ်။

Pix ကိုသုံးပြီး shutter ကိုတစ်ခါနှိပ်တိုင်း ခုလုပ်မနှိပ်မှီရိုက်ထားသောပုံများအပါအဝင် ပုံဆယ်ပုံကို ရိုက်ယူပါတယ်။ ၎င်းနောက် AI ကိုသုံးပြီး အကောင်းဆုံးပုံသုံးပုံကိုရွှေးယူပါတယ်။ ကျန်ပုံတွေကို noise ဖယ်ရှားဖို့သုံးပြီး ရွေးချယ်ထားတဲ့ပုံတွေကိုပြင်ပါတယ်။

ဒါတွေအားလုံးကို စက္ကန့်ပိုင်းအတွင်းလုပ်သွားတာပါ။ Pix သုံးပြုပြင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပုံမှန် iPhone camera app သုံးပုံတွေကိုအောက်မှာနှိုင်းယှဉ်ပြထားပါတယ်။

ကင်မရာမြင်ကွင်း

ကင်မရာမြင်ကွင်း2

ကင်မရာမြင်ကွင်း3

စိတ်ဝင်စရာလှုပ်ရှားမှုတွေကို Pix စမ်းသပ်မိပါက ပုံတွေကို cinemagraph လို့လည်းအသိများတဲ့ looping video အဖြစ်ပြောင်းလဲလိုက်ပါတယ်။

ကင်မရာမြင်ကွင်း4

ဒီ app ကိုသုံးရတာလွန်စွာလွယ်ကူပါတယ်။ mode နဲ့ setting တွေရွေးစရာမလိုပါဘူး။

Microsoft Pix ကို iTune App Store ကနေဒေါင်းလုပ်ရယူနိုင်ပါတယ်။

via Petapixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*