ပုံကောင်းကောင်းရစေမယ့် Camera Setting များ

Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


ပထမဆုံး Camera (ကင်မရာ) တစ်လုံး ဝယ်လိုက်ပြီဆိုတာနဲ့ အရင်ဆုံး တွေ့ရတဲ့ အခက်အခဲကတော့ ဘာမှန်းမသိ မမြင်ဘူး၊ နားမလည်တဲ့ အမှတ်အသားတွေ၊ Camera နဲ့ သက်ဆိုင်ဖို့မသင့်တဲ့ စာသင်ခန်းထဲက သင်္ချာ အပိုင်းကိန်းတွေနဲ့ ပုံမမြည်တဲ့ ပုံတွေနဲ့ ပြထားတဲ့ ခလုပ်တွေပါပဲ။ ဒီလို ခေါင်းရှုပ်စရာတွေကို ဘေးချထားနိုင်ဖို့ အောက်မှာ အတတ်နိုင်ဆုံး နဲ့ အရှင်းလင်းဆုံး တင်ပြထားပါတယ်။

ကင်မရာ Exposure Dial

 ကင်မရာ Exposure Dial

ခုချိန်မှာ ကင်မရာ အမျိုးအစား၊ မော်ဒယ် ပေါင်းများစွာထဲမှ ကိုယ့် စိတ်ကြိုက် ရှာဖွေ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ဘယ်လိုပဲ အမျိုးမျိုး ကွဲနေပါစေ Camera တစ်လုံးမှာ ပါတဲ့ အခြေခံ ကိုင်တွယ် ပုံတွေကတော့ သိပ်မကွာကြပါဘူး။ ဒါကြောင့်ပဲ Camera အားလုံးအတွက် အကျုံးဝင်စေနိုင်မယ့် ကိုင်တွယ်ပုံတွေကို တင်ပြသွားပါမယ်။

အရင်ဆုံးအနေနဲ့ ကင်မရာခလုပ်ကို နှိပ်မယ်ဆိုရင် Exposure Mode အကြောင်းကို အရင်ဆုံးရှင်း ပြပါမယ်။
Exposure Mode ကိုပုံကောင်းစေမယ့်_camera_setting_alldials

    (၁) Automatic
    (၂) Programmed Auto
    (၃) Aperture Priority
    (၄) Shutter Priority
    (၅) Manual
    (၆) Portrait
    (၇) Landscape
    (၈) Sport, Actions
    (၉ ) Close-up (or) Macro

လို့ အခြေခံ အားဖြင့် ရှိပါတယ်။

 

(၁) Automatic သို့မဟုတ် အလိုအလျောက် ချိန်စနစ်

အလိုအလျောက် ချိန်ပေးတဲ့ Automatic ကိုရွေးမယ်ဆိုရင် သင့်ရဲ့ အချိန်တွေကို သက်သာစေမှာပါ။ Automatic ကို အခြေအနေနဲ့ အချိန်တော်တော်များများမှာ အသုံးပြုနိုင်ပြီးတော့၊ ရလာဒ်ကတော့ ၉၀% လောက် အလုပ်ဖြစ်ပါ တယ်။ အလွန်အမင်း ရိုးရှင်းတဲ့ camera တွေနဲ့ အချို့ တန်ဖိုးနဲ camera တွေမှာ Automatic mode တစ်ခုတည်း၊ ဒါမှမဟုတ် ရှားရှားပါးပါး ရွေးစရာ တွေထဲက ပါမယ့် mode တစ်ခုပါ။

Exposure dial

Automatic mode အစိမ်းရောင်လေးထောင့် ဘောင်၊ “Auto” စသည်ဖြင့် ဖေါ်ပြတတ်ပါတယ်။

(ပုံ-၁) Camera မှာ ပါရှိတဲ့ Exposure Dial ခေါ် Mode ရွေးနိုင်သော ခလုပ် (Internet မှ ကူးယူဖော်ပြပါသည်။)ပုံ-၁ မှာတွေ့ရတဲ့ Exposure Dial လို့ခေါ်တဲ့ ခလုပ်ပေါ်မှာ ပြောခဲ့တဲ့ Exposure mode တွေကို ရှာတွေ့ နိုင်ပါတယ်။ “Automatic” mode ကို များသောအားဖြင့် ပုံမှာမြင်ရတဲ့အတိုင်း “Auto” လို့ ဖေါ်ပြထားတဲ့အပြင် အခြား camera တွေပေါ်မှာ အစိမ်းရောင် လေးထောင့်ကွက်နဲ့ (အလယ် ပုံ) ပြတတ်ပါသေးတယ်။
Automatic နဲ့ ရိုက်မယ်ဆိုရင်တော့ ကိုယ်ရိုက်မယ့် အရာဝတ္တုကို ရာနှုံးပြည့်နီးပါး အာရုံစိုက်နိုင်ပါပြီ။ Camera ရဲ့ တခြား Setting တွေဖြစ်တဲ့ Aperture ၊ Shutter ၊ ISO နဲ့ white balance တွေအတွက် သောကပွေစရာ မလိုတော့ပါဘူး။ Camera ထဲမှာပါတဲ့ computer ကနေ အားလုံးကို တွက်ချက်ပေးထားမှာပါ။ Automatic အတွက် သင့်ရဲ့တာဝန်က ရိုက်ချင်တဲ့ အရာကို ချိန် ၊ camera ခလုပ်ကို မိမိရရနှိပ်ပြီး ရိုက်နိုင်လိုက်ဖို့ပါပဲ။ Camera ကို ဘယ်လို ကိုင်မလဲဆိုတာအတွက်တော့ automatic mode က စဉ်းစားပေးမှာမဟုတ်ပါဘူး။ သင့်စိတ်ကြိုက် ရွေးချယ်နိုင်ဖို့ ရာ ချန်ထားပေးတာ ဖြစ်ပါမယ်။


(၂) Programmed Auto

Automatic လို အကုန်လုံးတာဝန်ယူ တွက်မပေးပေမယ့် ဒုတိယအများဆုံး အလိုအလျောက် တွက်ပေးတဲ့ mode ကတော့ programmed auto ဖြစ်ပါတယ်။ သူ့ကို “Program” mode ဒါမှမဟုတ် “Program Shift” လို့လဲ ခေါ်ဝေါ် ပါတယ်။ သင်္ကေတကတော့ “P” သို့မဟုတ် “Ps” နဲ့ ဖေါ်ပြလေ့ရှိပါတယ်။
တစ်ချို့ ဓါတ်ပုံရိုက်သူတွေက ဒီ Program mode ကို မလိုအပ်ဘူးလို့ သတ်မှတ်ကြပါတယ်။ အကြောင်းကတော့ auto နဲ့ program mode တွေကို ထုံးသုတ်ထားတဲ့ နွားပြာကြီးလို့ မှတ်ယူကြလို့ပါပဲ။
အမှန်တကယ်ကတော့ program (P) mode ကို သုံးတာဟာ camera ကို အဆင့်မြင့်မြင့် ထိန်းကြောင်းနိုင်ဖို့ လေ့လာမယ် ဆိုရင် လေ့ကျင့်ဖို့ရာ အကောင်ဆုံး ပထမ ခြေလှမ်းပါ။ Program mode (P) ဟာ camera မှာပါတဲ့ တခြား mode တွေနဲ့ ယှဉ်လိုက်ရင် အလွယ်ဆုံး ဖြစ်လို့ပါပဲ။ နာမည်ကြီး ဓါတ်ပုံဆရာ တစ်ချို့တွေဆိုရင် program mode ကို အချိန်ပြည့်နီးပါး သုံးနေတုန်းပါ။

ပုံကောင်းစေမယ့်_camera_setting_P

Program mode (P) က လုပ်ပေးမှာက auto mode နဲ့ သိပ်မကွာပါဘူး။ ပုံထင်ဖို့အတွက် တွက်ချက်ချိန်ပေးမှာပါပဲ။ ဒါပေမယ့် ပိုသိသာတဲ့ ပြောင်းလဲမှုတွေကတော့
အသုံးပြုတဲ့ Lens ရဲ့ zoom ၊ ဒါမှမဟုတ် focal length ပေါ်မှာ မူတည်ပြီးတော့ Exposure က အနည်းငယ်ကွာခြားသွားမှာပါ။ (Exposure value မပြောင်းပါဘူး၊ တခြား အချက်တွေ ကွာသွားတာပါ။) camera မှာ built-in lens လို့ ခေါ်တဲ့ တွဲပြီး ပါလာတာပဲဖြစ်ဖြစ်၊ ပြောင်းတပ်နိုင်တဲ့ Inerchangeable lens လို့ခေါ်တဲ့ သီးခြား တပ်ဆင်ရတဲ့ ဟာပဲ ဖြစ်ဖြစ် နှစ်မျိုးစလုံးအတွက် အကျိုးသက်ရောက်မှုကတော့၊ ပိုဝေးတဲ့ ဆုံချက်ရှိတဲ့ Lens နဲ့ Zoom ဆွဲထားတဲ့ Lens တွေနဲ့ဆိုရင် camera လုပ်ရှားတာကြောင့် ဖြစ်လာနိုင်တဲ့ ဝေဝါးတာတွေကို လျော့ချစေနိုင်ဖို့ ပိုမြန်တဲ့ Shutter speed နဲ့ တွဲဖက်ရွေးချယ်ပေးမှာ ဖြစ်ပြီး၊ Wide angle lens ဒါမှမဟုတ် တိုတဲ့ zoom range တွေမှာ အဝေးဆုံးနဲ့ အပြတ်သားဆုံး ရိုက်နိုင်ဖို့ ပိုသေးတဲ့ aperture နဲ့ တွဲဖက်ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။
Camera က ရွေးချယ်ပေးတဲ့ setting တွေကို လဲ ကိုယ့်စိတ်ကြိုက် အသေးစား ပြောင်းလဲမှုတွေ ပြောင်းလဲနိုင်ဖို့ Program mode ကို စီမံထားသေးပါတယ်။ ဈေးကွက်မှာရနိုင်တဲ့ camera အမျိုးအစားတွေပေါ်မှာ မူတည်ပြီး အ နည်းငယ် ကွာခြားနိုင်ပေမယ့်လဲ အခြေခံ အသုံးပြုပုံကတော့ အတူတူလောက်ပါပဲ။ Program mode မှာ setting လေးတွေ ကစားချင်တယ်ဆိုရင် ဓါတ်ပုံရိုက်တဲ့ ခလုပ်ကို တစ်ဝက်နှိပ် ပြီး camera ရဲ့ ချောင်းကြည့်ပေါက် ၊ ဒါမှမဟုတ် LCD screen ကိုကြည့်ပါ။ Camera က ချိန်ပေးတဲ့ setting တွေကို ကြိုက်ရင် ရိုက်လိုက်ရုံပါပဲ။ စိတ်တိုင်းမကျသေးဘူးဆိုရင်တော့ လက်မနဲ့ လှည့်လို့ရတဲ့ ဘီးလုံးလေး ( သူ့ကို Thumbwheel လို့ ခေါ်ပါတယ်၊ နောက်ပိုင်းမှာ Thumbwheel လို့ပဲ ဆက်သုံးသွားပါရစေ) ကိုလှည့်ပြီး ကိုယ်လိုချင်တဲ့ တန်ဖိုးတွေ ပြောင်းကစားကြည့်ပါ။ Camera အမျိုးအစားပေါ်မူတည်ပြီး thumbwheel မဟုတ်ရင် မျှား (arrows)၊ ဒါမှမဟုတ် jogwheel စသဖြင့် ကွဲလွဲနိုင်ပေမဲ့လဲ အတူတူပါပဲ။ Program mode ကို သုံးရတာဟာ လွယ်ကူသလောက် အလုပ်ဖြစ်တာ တွေ့လာပါလိမယ်။
Camera setting တွေနဲ့ ပတ်သတ်ပြီး စိတ်ပျက်စရာတစ်မျိုးက အခြေအနေ တစ်ခုမှာ setting တွေကို လိုအပ်သလိုပြောင်းပြီးရင်၊ ရက်အတန်ကြာလို့ နောက်တစ်ခေါက်ရိုက်တဲ့အခါ ကိုယ်ပြောင်းထားတဲ့ setting တွေကို မမှတ်မိပဲ အမှုမဲ့ အမှတ်မဲ့ ရိုက်မိလို့ ပုံတွေက လိုချင်သလိုမရတာတွေကလဲ ဓါတ်ပုံရိုက်သူ တော်တော်များများ ကြုံဖူးကြပါတယ်။ အဲ့ဒီလို အမှားတွေ မဖြစ်အောင် Program mode မှာ camera ကိုပိတ်လိုက်တာနဲ့ ပြောင်းထားတဲ့ setting တွေကို မှတ်မထားတော့ပါဘူး။ နောက်တစ်ခါ camera ခလုပ်ပြန်ဖွင့်ရင် program mode ကပြန်တွက်ချက်ပြီး သင့်တော်တဲ့ setting ကိုပြန်ပြောင်းပေးထားမှာပါ။


(၃) Aperture Priority

အခုရှေ့ဆက် တင်ပြမယ့် Aperture priority ကို “A” သို့မဟုတ် “Av” နဲ့ ပြလေ့ရှိပြီး သင်ကြိုက်တဲ့ aperture value ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီmode မှာ camera က မှန်ကန်တဲ့ exposure ရဖို့ သူ့အလိုလို ချိန်ပေးသွားမှာ ဖြစ်ပါတယ်။

ပုံကောင်းစေမယ့်_camera_setting_Av
မြင်ကွင်းတစ်ခုရဲ့ depth of field လို့ခေါ်တဲ့ အရိုက်ခံမယ့် အရာရဲ့ အရှေ့ နဲ့ အနောက် တွေမှာ focus ဘယ်လောက်ထိ ဖြတ်မလဲ ဆိုတာကို ပြောင်းလဲဖို့ aperture ကို ကစားနိုင်ပါတယ်။ အရှင်းဆုံးပြောရရင် ဓါတ်ပုံထဲမှာ အကွာအဝေးတစ်ခုကို ဘယ်လောက် နီးနီးကနေ ဘယ်လောက်ဝေးဝေး ထင်စေချင်တာလဲ ကို Depth of field (DOF) လို့ ခေါ်တာပါ။ ဒီလို လှပတဲ့ ပုံထွက်အောင် ကစားနိုင်တဲ့ mode ဖြစ်တဲ့အတွက်ကြောင့် အပျော်တန်း ပညာရှင်အဆင့် ဓါတ်ပုံဆရာများကြားမှာ ရေပန်းစားလှပါတယ်။
အသုံးပြုပုံကတော့ apeture ကို ကျဉ်းချလိုက်မယ်ဆိုရင် focus ပြတ်တဲ့ အပိုင်းများလာမှဖြစ်ပါတယ်။ Aperture တန်ဖိုးကိုပြတဲ့ f-number ကြီးလာတာဟာ aperture ကျဉ်းသွားတာပါ။
တကယ်လို့များ aperture ကို ကျယ်လိုက်မယ်ဆိုရင် ပေါ်လာမယ့် ပုံမှာ တိုတဲ့ focus ပြတ်တဲ့ အကွာအဝေးကို ရစေမှာဖြစ်ပြီး လှပေ၀ဝါးတဲ့ နောက်ခံ Bokeh ကို ရစေမှာ ဖြစ်ပါတယ်။


(၄) Shutter Priority

S သို့မဟုတ် Tv နဲ့ ဖေါ်ပြလေ့ရှိပြီး အသုံးပြုသူအတွက် စိတ်ကြိုက် shutter speed ကို ရွေးချယ်နိုင်စေမှာပါ။ ရွေးချယ်လိုက်တဲ့ shutter speed အတွက် ပုံကောင်းထါက်ဖို့ရာ သင့်တော်မယ့် aperture value ကို camera က သူ့အလိုလိုသတ်မှတ်ပေးသွားမှာပါ။
Camera တွေမှာ ပုံမှန် တွေ့နေနိုင်တဲ့ shutter value တွေကတော့ 60sec, 30sec, 15sec, 8sec, 4sec, 2sec, 1sec, 1/2 sec, 1/4 sec, 1/8 sec, 1/15 sec, 1/30 sec, 1/60 sec, 1/125 sec, 1/250 sec, 1/500 sec, 1/1000 sec, 1/2000 sec နဲ့ 1/4000 sec တွေပဲဖြစ်ပါတယ်။

ပုံကောင်းစေမယ့်_camera_setting_Tv
ပိုပြီးကောင်းမွန်တဲ့ camera တွေရဲ့ ကြားကတန်ဖို့းတွေကို တဝက် (သို့) သုံးပုံ တစ်ပုံ ထပ်စိပ်ထားပါသေးတယ်။Camera ကို flash နဲ့ တွဲဖက် အသုံးပြုတဲ့အခါမှာ အမြန်ဆုံး shutter speed ဟာ camera ရဲ့ shutter နှစ်ခုစလုံး တစ်ချိန်တည်း ပွင့်နေမယ့် အချိန်ပိုင်းထက် ပိုမြန်လို့ မရပါဘူး။

ပုံကောင်းစေမယ့်_camera_setting_FsXယခင်က ဖလင် အသုံးပြုရတဲ့ camera တွေမှာ flash နဲ့ သုံးရင် ထားရမယ့် shutter တန်ဖိုးကို အနီရောင်နဲ့ ဖြစ်ဖြစ်၊ shutter တန်ဖိုးဘေးမှာ ကြက်ခြေခတ် အမှတ်အသားပြလို့ပဲ ဖြစ်ဖြစ် သိသာအောင် ပြထားကြပါတယ်။ ခုခါမှာတော့ မြင်သာတဲ့ shutter dial မပါကြတော့တဲ့ အတွက် မှတ်ထားနိုင်တာ အကောင်းဆုံးပါ။ Camera အများစုက flash အသုံးပြုရာမှာ ချိန်နိုင်တဲ့ shutter value ကို 1/200- 1/250 sec ထားပေးတတ်ကြပါတယ်။

 

 


(၅) Manual

M လို့ပြထားတဲ့ Manual mode ဟာဆိုရင် သင်ကိုယ်တိုင် စိတ်တိုင်းကျ အစအဆုံး ပြောင်းလဲပြင်ဆင်နိုင်တဲ့ mode ပါ။ Camra က သင့် အတွက် မီတာ တိုင်းပေးတာကလွဲပြီးဘာမှ လုပ်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်လုပ်ဆောင်ချက်တွေကိုတော့ဝင်ရှုပ်မှာ မဟုတ်ပေမယ့် အမြဲ သတိပေးနေမှာပါ။ ဥပမာ ထွက်လာမယ့် ပုံဟာ သိပ်မှောင်နေမယ်၊ ဒါမှမဟုတ် သိပ်လင်းနေမယ် ဆိုတာလောက်လေးပါ။

ပုံကောင်းစေမယ့်_camera_setting_MM mode နှင့် သုံးတဲ့အခါမှာ နောက်တစ်ခု သုံးနိုင်တာက သင့် Camera မှာ Bulb (သို့) B လို့ သင်္ကေတပြထားတဲ့ shutter speed ပါရင်၊ Camera ခလုပ်ကို နှိပ်ထားတဲ့ တစ်ချိန်လုံးမှာ Shutter ဖွင့်ပေးထားမှာ ဖြစ်ပြီး လက်လွှတ်လိုက်တော့မှ shutter ကို ပိတ်ပေးမှာပါ။ Bulb လိုပဲ ဆင်တူတဲ့ နောက်ထပ် mode တစ်ခုက Time ဖြစ်ပြီး၊ ဒီ mode မှာ ဆိုရင် camera ခလုပ်ကို တစ်ချိန်လုံး ဖိထားစရာမလိုပဲ ပိတ်ချင်တဲ့ အချိန်ကျမှ နောက်တစ်ချက် ပြန်နှိတ်ရုံပါ။

 

 

 


(၆) Portrait

ပုံကောင်းစေမယ့်_camera_setting_PortraitCamera ရဲ့ exposure dial ပေါ်မှာ လူခန္ဓာကိုယ်တစ်ပိုင်းပုံ တွေ့တယ်ဆိုရင် အဲ့ဒါဟာ portrait mode အတွက် အမှတ်အသားပါ။ သာမာန် လူတစ်ပိုင်းပုံမှနေ လှလှပပ ပုံ လေးတွေအထိ အမျိုးမျိုး တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အကုန်လုံးက အတူတူပါပဲ။ ဒီ setting ကိုရွေးမယ်ဆိုရင် ကိုရိုက်ချင်တဲ့ အရာဝတ္ထု ရေအတွက်နဲ့၊ ပုံပေါ်မှာ ဘယ်လောက် အရေးပါ မလဲ၊ ပြည့်နေမလဲ ကို ကြည့်တတ်ဖို့ အရေးကြီးပါတယ်။

ယေဘူယ အားဖြင့် ရိုက်မယ့်ပုံထဲမှာ တစ်ယောက် (သို့) နှစ်ယောက် လောက်က ပုံရဲ့ ဧရိယာတော်တော်များများ ကို ပြည့်နေစေရမှာဖြစ်ပါတယ်။ တကယ်လို့များ ရိုက်ချင်တဲ့အရာဟာ နှစ်ယောက် ဖြစ်မယ်ဆိုရင် သူတို့တွေဟာ camera ကနေပြီး အကွာအဝေး အတူတူမှာ ဖြစ်နေစေရပါမယ်။

Portrait mode အတွက် သင့်တော်တဲ့ camera နဲ့ အရာဝတ္ထုကြား အကွာအဝေးတွေကတော့ ၆ ပေ ကနေ ပေ ၂၀ ကြားဖြစ် ပါတယ်။ ဒီအချိန်မှာ camera ကလဲ ပုံရဲ့ ရှုပ်ထွေးနေမဲ့ နောက်ခံ background ကို လှပစွာ ပေါ်စေဖို့အတွက် အတိုဆုံး Depth of field ရအောင် အတတ်နိုင်ဆုံး ကြိုးစားချိန်ပေးမှာ ဖြစ်ပါတယ်။ အောက်မှ ပြထားတဲ့ ပုံမှာဆိုရင် နောက်ခံက ဝေဝါးနေပြီး ကိုယ်ပြချင်တဲ့ အရာကို ပိုထင်သာစေမှာ ဖြစ်ပါတယ်။

Portraiture of a Bird_Maxfoto
White balance နဲ့ flash setting တွေကို camera က အလိုအလျောက် ချိန်ပေးမှာဖြစ်ပြီး၊ ISO ကိုတော့ camera ရဲ့ အခြေခံ သတ်မှတ်ထားတဲ့ တန်ဖိုးကို ချိန်ထားပေးမှာ ဖြစ်ပါတယ်။ Camera ရဲ့ မီတာ စနစ်ကိုတော့ Metrix metering နဲ့ တိုင်းတာစေမှာ ဖြစ်ပြီး၊ ပုံတွေ မေ၀ဝါးစေဖို့အတွက် Image Stabilization လို့ခေါ်တဲ့ စနစ်ကို ဖွင့်လိုက်မှာဖြစ်ပါတယ် (သင့် camera မှာ ပါခဲ့ရင်ပေါ့)။
Portrait ဆိုပေမယ့် လူပုံရိုက်မှ မဟုတ်ပါဘူး။ သင်ဂရုပြုစေချင်တဲ့ အရာမှန်သမျ portrait သုံး ရိုက်နိုင်ပါတယ်။ တကယ်တော့ အဓိက ဇာတ်ဆောင်တစ်ဦး(တစ်ကောင်) ဟာ နောက်ခံ background နဲ့ သင့်တင့်တဲ့ အကွာအဝေးမှာ ရှိနေမယ်ဆိုရင် portrait mode က သင့်ကို အံ့သြစရာ ရလာဒ်ကို ပေးနိုင်မှာပါ။

 


(၇) Landscape (သို့) Scenic

များသောအားဖြင့် တောင်တန်းပုံ အမှတ်အသားနဲ့ ပြထားတတ်ပါတယ်။ Landscape mode ကို အဓိက ဇာတ်ဆောင် တိတိကျကျ မလိုတဲ့၊ မပါတဲ့ ပုံတွေ ရိုက်ဖို့အတွက် သုံးပါတယ်။ တွေ့မြင်လိုက်ရတဲ့ မြင်ကွင်းကြီး တစ်ခွင်လုံးကို မှတ်တမ်းတင်ဖို့ပေါ့။

ပုံကောင်းစေမယ့်_camera_setting_Landscape

ဒီ mode မှာဆိုရင် camera က ပေးနိုင်တဲ့ အနီးဆုံး focus ပြတ်တဲ့ အကွာအဝေးကနေ ဟိုးတော်တော်ဝေးဝေး မိုင် သုံးလေးဆယ်က တောင်တန်းနဲ့ ပင်လယ်ပြင်တွေအထိ ပါဝင်အောင် ရိုက်နိုင်ပါတယ်။ Camera ရဲ့ focusing ဟာ infinity ကစပြီး ချိန်ပေးပြီး၊ ပြတ်သားတဲ့ ပုံထွက်ရဖို့အတွက် lens ရဲ့ aperture ကို လျော့ချပေးပါတယ်။ Focus ချိန်စရာမလိုတဲ့ camera တွေဟာ lanscape mode နဲ့ လာတာတွေပဲပေါ့။
White balance ကို နေ့ အလင်းရောင် အနေနဲ့ ချိန်ပေးမျာဖြစ်ပြီး၊ Flash ကိုပိတ်ထားမှာဖြစ်တယ်။ ကျန်တာတွေက Portrait လိုပါပဲ။

စင်္ကာပူရဲ့ အထင်ကရ နေရာ။ မနက် နေအတက်မှာ ရိုက်ထားသောပုံ။

ပုံ – စင်္ကာပူရဲ့ အထင်ကရ နေရာ။ မနက် နေအတက်မှာ ရိုက်ထားသောပုံ။ ပြ ထားတဲ့ ပုံမှာဆိုရင် အနီးဆုံးမှ ဝေးဆုံးအထိ မြင်နိုင်ပါတယ်။ (All rights reserved ပုံအား ကူးယူအသုံးပြုခြင်း မပြုလုပ်ရ)


(၈) Sport, Actions, Children or Pets

ပြေးနေတဲ့ အရုပ်နဲ့ ပြတတ်ပြီး၊ တခါတရံမှာတော့ ဂေါက်ရိုက်နေတဲ့ပုံနဲ့လဲ ပြတတ်ပါသေးတယ်။ ဒီ setting ဟာဆိုရင် အမြန်ရွေ့လျားနေတဲ့ အရာတွေကိုရိုက်ဖို့ အကောင်းဆုံးပါ။

ပုံကောင်းစေမယ့်_camera_setting_sport

ဒီmode ဟာ shutter speed ကို ပိုမြန်အောင် ချိန်ထားလို့ပဲ ဖြစ်ပြီး အလင်းရောင် လုံလောက်အောင်ရနိုင်တဲ့ အခြေအနေနဲ့ရိုက်ရင် အကောင်းဆုံးပါ။ များသောအားဖြင့် အခွင့်အရေးရခိုက် အမိအရရိုက်နိုင်ရမဲ့ အခြေအနေမျိုးမှာ သုံးဖို့ အသင့်တော်ဆုံးပါပဲ။ ဒီ mode မှာဆိုရင် camera ရဲ့ autofocus ကို တချိန်လုံး အသုံးပြုနေပြီး၊ အလင်းရောင်ထဲမှာ ရိုက်တယ်လို့ သတ်မှတ်တဲ့အတွက် flash ကို ပိတ်ထားသလို white balance ကလဲ နေ့အလင်းရောင်ကို ချိန်ထားမှာပါ။ မီတာ ကတော့ ထုံးစံအတိုင်း Matrix metering ဖြစ်ပြီး၊ ISO နေနဲ့ကတော့ သင့်တော်သလို ပြောင်းလဲနေနိုင်ပြီး အတတ်နိုင်ဆုံး ISO 400 ထက်မကျော်စေဖို့ ထိန်းထားမှာပါ။ တကယ်လို့များ သင့် camera မှာ စက်သေနက်ပစ်သလိုမျိုး တရစပ် ရိုက်နိုင်တဲ့ function ပါမယ်ဆိုရင် တော့ အလိုအလျောက် ဖွင့်ပေးဦးမှာပါ။

Singapore Chingay_Maxfoto

ပုံမှဆိုရင် sport mode ဖြင့် မရိုက်တဲ့အတွက်ကြောင့် မျက်နှာတဝိုက်မှာ ဝေဝါးနေတာ တွေ့နိုင်ပါတယ်။


(၉ ) Close up (or) Macro

ပန်းလေး တစ်ပွင့်နဲ့ သင်္ကေတ ပြုတတ်ပြီး၊ သူ့ကို သီးသန့်ဖြစ်ဖြစ်၊ တစ်ခြား mode တွေနဲ့ တွဲလို့ပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ တစ်ခြား mode တွေနဲ့ တွဲသုံးဖို့ အတွက် Exposure dial မှာပါတဲ့ mode ရွေးတဲ့ ခလုပ်အပြင် နောထက် သပ်သပ် ခလုပ်ထပ်ပါ ပါတယ်။

ပုံကောင်းစေမယ့်_camera_setting_Macro ပုံကောင်းစေမယ့်_camera_setting_Macro2

Macro ရိုက်မယ်ဆိုရင် ရိုက်ချင်တဲ့ subject ကို camera focus က လိုက်နိုင်တဲ့အထိ က်နိုင်သလောက် ကပ်ရိုက်နိုင်ရင် ကောင်းပါတယ်။ ဒီလိုရိုက်နိုင်ဖို့ camera ရဲ့ focus ဟာ အနီးဆုံး ဝ-၆ လက်မ အထိ ကပ်ရိုက်နိုင်အောင် ပြုလုပ်ပေးနိုင်မှပါ။
Camera နဲ့ lens အမျိုးကြားမှာ အနီးဆုံး focus ဖြတ်နိုင်စွမ်းဟာလဲ ကွာခြားကြပါတယ်။ တစ်ချို့ တွေဟာဆိုရင် တစ်လက်မအောက် အကွာအဝေးမျိုးကို focus ဖြတ်နိုင်ကြပေမဲ့လဲ၊ တစ်ချို့ တွေမှာ လက်တစ်လံလောက်ဝေးမှ focus ဖြတ်ပေးနိုင်ကြပါတယ်။

product photo_maxfoto

White balance ကို automatic မှာ ထားပေးပြီး၊ flash ကို တော်တော်များများ camera တွေက ပိတ်ပေးထားမှာပါ။ ပိုကောင်းမွန်တဲ့ camera တွေမှာတော့ လိုအပ်ရင် flash ဖွင့်ပေးမှာဖြစ်ပြီး flash ရဲ့ အလင်းရောင်ကိုတော့ ဖျော့ပေးထားစေမှာပါ။ Flash ဖွင့်ပေးလိုက်တဲ့ အတွက်ကြောင့် လက်မငြိမ်လို့ ဖြစ်တဲ့ တော်ရုံ လှုပ်ခါမှုတွေကို ဖျောက်ဖျက်ပေးစေနိုင်မှာ ဖြစ်သလို၊ ရွေ့လျားနေတဲ့ အရာတွေကို ရပ်တန့်သရောင် ပေါ်လွင်စေပါတယ်။ ဒါ့အပြင် flash ကြောင့် နောက်ခံက နေ့အလင်းရောင်မှာတောင် ရှိရင်းထက် ပိုမှောင်သွားစေပါတယ်။

ISO အနေနဲ့ကတော့ camera ရဲ့ အခြေခံ ISO တွေဖြစ်တတ်ပါတယ်။ အများအားဖြင့် ISO 100, နဲ့ ISO 200 လောက်ပါပဲ။ သုံးတဲ့ Metering ကတော့ Metrix ပါ။

ဒီလောက်ဆိုရင် camera တစ်လုံးရဲ့ Exposure dial ပေါ်မှာပါတဲ့ ပုံတွေ စာတွေ ဟာ ဘာတွေလဲဆိုတာ သိသွားတဲ့အပြင် သူတို့ကို ဘယ်လိုသုံးမလဲနဲ့ ဘယ်နေရာတွေမှာ အသုံးဝင်မလဲဆိုတာတွေ သိသွားပါပြီ။
နောက်ကျန်နေသေးတဲ့ Camera ရဲ့ mode တွေအကြောင်းကို ဆက်လက် တင်ပြသွားပါဦးမယ်။

မှီညမ်း။ ။ Camera’s setting for the photo you want

17 Comments on ပုံကောင်းကောင်းရစေမယ့် Camera Setting များ

    • ကျေးဇူးတင်ပါတယ်၊ အသုံးဝင်တဲ့အတွက် ၀မ်းသာပါတယ်။

  1. ထပ်တင်ပေးပါခင်မျာ
    ကျေးဇူးပါ
    ဦးဇင်းကအခုစတင်
    လေ့လာလို့ပါ
    NikonD3300/ပါ
    ဘယ်လိုရိုက်တာလဲစသည်
    များများတင်ပေးပါ
    ကျေးဇူးပ့

    • တင်ပါ့၊ တပည့်တော် မှာတော့ D3300 မရှိပေမယ့် Nikon ချင်း သိပ်မကွာလို့၊ ရှိတဲ့ camera နဲ့ရိုက်ပြီး အတတ်နိုင်ဆုံး ကျိုးစား ရေးပါ့မယ် ဘုရား။

  2. ကျေးဇူးတင်ပါတယ်ဗျာ ကျနော်က D3100ကိုင်ပါတယ် ISO အကြောင်းအသေးစိတ်ရှင်းပြပေးပါလားဗျ

    • ကိုသူရတောင်းဆိုလို့ အခု ရေးနေပါတယ်။ တင်ပြီးရင် အကြောင်းကြားပါ့မယ်။

  3. ကျေးဇူးတင်ပါတယ်…ကျနော့မှာ ၀ါသနာကြောင့် ၀ယ်ထားတယ်…ဘာ မှ မသိ လို့…ခက်နေတာ…
    ဒီစာလေး ဖတ်မိတာ ကျနော့ အတွက်တော့ တန်ဖိုး မဖြတ်နိုင်အောင်ပါပဲ…………

    • ကိုနေအောင်အတွက် အသုံးဝင်တဲ့အတွက် ဝမ်းသာပါတယ်ဗျာ….

  4. နည်းပညာဖြန့်ဖြူးပေးသည့်အတွက်ကျေးဇူးပါ။

  5. ကျနော့်cameraကcanonEOSD1100ပါတခါတရံမှာpနဲ့ရိုက်တာကိုပဲအလင်းအမှောင်မတူတာဘာကြောင့်ပါလဲဗျကျေးဇူးပြု၍ရှင်းပြပေးစေချင်ပါတယ်ခင်ဗျ

    • ကိုချစ်မင်းရေ…. Camera မှာ exposure bracketing mode/Auto exposure comepnsation (AEB) ဆိုတာရှိတယ်၊ သူ့ကို on ထားရင် အနဲဆုံး သုံးပုံ ရိုက်ရတယ်၊ ထွက်တဲ့ပုံတွေမှ “၁” ပုံထဲကပဲ မှန်တဲ့ အလင်းအမှောင်ပါ။ ကျန်တဲ့ ပုံတွေမှာ တစ်ဝက်က ပိုမှောင် ပြီး၊ နောက်တစ်ဝက်က ပိုလင်းတတ်ပါတယ်။
      on နေလာ သိချင်ရင် shutter release ခလုပ်ကို တစ်ဝက်နှိပ်ပြီး နောက်က LCD ကို ကြည့်ကြည့်ပါ။ဒုတိယလိုင်း မှာရှိတဲ့ exposure meter မှာ “0” အောက်မှာအပြင် ဘယ်ညာမှာလဲ အမှတ်လေးတွေရှိနေရင် BKT on နေတာပါ။ Menu ထဲကနေ AEB ကို cancle လုပ်နိုင်ပါ တယ်။ ဒီ AEB မျာ ကြည့်ကြည့်ပါ။

  6. ဟုတ်ကဲ့ပါအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ပီးတစ်ခုလောက်မေးပါရစေဗျအလင်းအမှောင်ကzoomဆွဲတဲ့အပေါ်မှာမူတည်ပါသလားခင်ဗျ

    • Zoom lens တွေမှာ constant aperture နဲ့ variable aperture ဆိုပြီး နှစ်စားရှိပါတယ်။ Lens မှာ ရေးထားတဲ့ သင်္ကေတကိုကြည့်ပြိး သိနိုင်ပါတယ်။ Constant aperture lens တွေဟာ zoom အတိုးအလျော့မှာ အလင်းအမှောင် မပြောင်းလဲနိုင်ပေမယ့်၊ variable aperture lens တွေကတော့ အနဲဆုံး 1 stop ကနေ 2 stops အထိ ပြောင်းပါတယ်။

  7. ​ကျေးဇူးအထူးတင်​ပါသည်​ အခုမှ သိသင့်​တာ​တွေသိရပါတယ်

  8. ကျေးဇူးပါပဲအကိုဆရာရေကျွန်တော်ကင်မရာက D 60 ပါ မသုံးတတ်တော့ auto နဲ့ပဲရိုက်နေရတယ်အကြည်အ၀ါးလဲမချိန်တတ်သေးဘူးအကိုရှင်းပြမှာပဲနားလည်တော့တယ်ကျေးဇူးပါအကို ios ဘယ်လိုထားရတယ်ဆိုဒါပြောပြပေးပါဦးနော်အချိန်ရင်

Leave a Reply

Your email address will not be published.


*