ဖိုးရွှေလမင်းကို ဆွဲယူပေးနိုင်မယ့်ကင်မရာ

လ
Unicode Version | Zawgyi-One Version

24-4000mm နဲ့ညီမျှတဲ့ မှန်ပြောင်းတစ်လုံး ဘာတွေစွမ်းဆောင်နိုင်မယ် ထင်ပါသလဲ။ 83x optical zoom ပါတဲ့ Nikon P900 superzoom ကင်မရာနဲ့ရိုက်ထားတဲ့ ဒီဗီဒီရိုကိုကြည့်လိုက်ရင် သိပါလိမ့်မယ်။

ဒီကင်မရာဟာ လမျက်နှာပြင်ကိုတိုက်ရိုက် လှမ်းဆွဲယူရိုုက်နိုင်ပါတယ်။ ကင်မရာရဲ့ optical zoom က 83x မှာ ကုန်ကေမယ့် digital zoom ထပ်လုပ်လို့ရပါတယ်။ P900 ကင်မရာဟာ Dynamic Fine Zoom လို့အမည်ပေးထားတဲ့ digital zoom နဲ့ 166x ထိ zoom လုပ်လို့ရပြီး နောက်ဆုံး 4000mm နဲ့ညီမျှတဲ့ zoom ကိုရရှိနိုင်ပါတယ်။

မိတ်ဆွေလကိုဆွဲယူရိုုက်နေစဉ် အရာရာကိုတည်ငြိမ်အောင်ထားပေးတာကတော့ 5-stop Dual Detect Optical VR လို့ခေါ်တဲ့ တုန်ခါမှုကိုလျှော့ချပေးတဲ့စနစ်ပါ။

P900 နဲ့လကိုလှမ်းရိုက်ပြီး ကင်မရာရဲ့စွမ်းတောင်ရည်ကိုပြတာ ဒါပထမဦးဆုံးမဟုတ်ပါ။ အောက်မှာပြထားတဲ့ Lothar Lenz ရဲ့ ဗီဒီရိုကပထမပါ။ ဒါပေမယ့် သူက tripod သုံးရိုက်ထားတာကြောင့် 5-stop VR ရဲ့ပါဝါကိုသေခြာမသိရှိခဲ့ရပါဘူး။

via Petapixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*