ဖုန်ကန်ရာဇီကို အောင်မြင်ခြင်း

ဖုန်ကန်ရာဇီ
Unicode Version | Zawgyi-One Version

ဤဆောင်းပါးအား X-Photographer Kyaw Kyaw Win ၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။


ဓါတ်ပုံသမားတစ်ယောက်စဖြစ်လာတော့ ကျွန်တော့မှာ အိပ်မက်တစ်ခု ရှိခဲ့တယ်။ အဲဒီအိပ်မက်က တစ်နေ.ကျရင် ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ရေခဲတောင်တွေကို ရောက်အောင်သွားပြီး ဓါတ်ပုံတွေ ရိုက်မယ်ဆိုတာပါပဲ။ ရေခဲတောင်ဆိုတာ အရှေ.တောင်အာရှမှာ ဘယ်နိုင်ငံမှာမှ မရှိပဲ ကျွန်တော်တို. တနိုင်ငံတည်းသာ ပိုင်ဆိုင်တဲ့ မြတ်နိုးဂုဏ်ယူစရာ သဘာဝအလှတရားတွေပါ။ ဒီလိုတန်ဖိုးရှိပြီး မြတ်နိုးဖွယ်ရာ အမိမြေက ရေခဲတောင်တွေကိုမှ ဓါတ်ပုံတွေ မရိုက်ရင် ကျွန်တော့ရဲ. ဓါတ်ပုံသမားဘ၀ ဆိုတာ ဘယ်လိုလုပ်ပြီးအဓိပ္ပါယ် ပြည့်ဝတော့မှာလည်း။ ငါမသေခင်တော့ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ရေခဲတောင်တွေကို ရောက်အောင်သွားပြီး ဓါတ်ပုံတွေ ရိုက်ကိုရိုက်ရမှ ဖြစ်မှာပါ။ အိပ်မက်ဆိုတာ ကြီးကြီးမားမား မက်ဖို.လိုအပ်သလို အကောင်အထည်ပေါ်လာအောင် ကြိုးစား တည်ဆောက်ဖို.လည်း လိုအပ်ပါတယ်။

ရေခဲတောင်တက်ဖို.အိပ်မက်တွေကို လွယ်လွယ်ကူကူ အကောင်အထည်ဖော်ဖို.တော့ ကျွန်တော့အတွက် မဖြစ်နိုင်ပါဘူး။ ကုန်ကျစရိတ်များပြားလှတဲ့အပြင် ကျန်းမာရေးကောင်းဖို.နဲ. ကြိုတင်ပြင်ဆင်စရာတွေလည်း အများကြီးပါပဲ။ ဒါတွေကို ပြည့်စုံအောင် မဖြည့်ဆည်းနိုင်သေးတဲ့ အတွက် ရေခဲတောင်တက်ဖို.အိပ်မက်တွေက ကျွန်တော်နဲ. ကာလအတန်ကြာ ဝေးကွာနေခဲ့ပါတယ်။ ရေခဲတောင်တက်ဖို.အိပ်မက်တွေကို တဖန်ပြန်ပြီး နိုးဆွလာစေခဲ့တာကတော့ ကျွန်တော့ရဲ. အကောင်းဆုံးမိတ်ဆွေ ကိုကျော်သာပါပဲ။ သူကတော့ ကျွန်တော့ရဲ. ရေခဲတောင်အိပ်မက်တွေအတွက် Hero ပါပဲ။ ကိုကျော်သာက မြန်မာပြည်ထဲက ရေခဲတောင်များစွာကို စွန်.စားတက်ရောက်ခဲ့ပြီး ဓါတ်ပုံပြပွဲတွေ ရေဘေးအလှူအတွက် ပြုလုပ်ခဲ့ပါတယ်။ သူရိုက်ထားတဲ့ ရေခဲတောင် ဓါတ်ပုံတွေကို မြင်ခွင့်ရတဲ့အခါ ကျွန်တော်ရေခဲတောင်တွေဆီ ရောက်အောင်သွားရမယ် ဆိုတဲ့ စိတ်က ပိုပြီး ခိုင်မာလာခဲ့ပါတယ်။ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို.အတွကို လာမယ့် ဧပြီလမှာ ရေခဲတောင်တွေဆီ ရောက်အောင်သွားမယ်ဆိုတဲ့အကြောင်း ကိုကျော်သာကို ပထမဆုံး ကတိပေးခဲ့ပါတယ်။ ဖွင့်ပြောခဲ့ပါတယ်။

ရေခဲတောင်တက်ဖို.အတွက် အလေ့အကျင့်နဲ. ခံနိုင်ရည်ရှိဖို. လိုအပ်တယ်ဆိုတာ အသေအချာပါပဲ။ လမ်းလျှောက်တာကို စပြီးလေ့ကျင့်မှတ်တမ်းတင်နိုင်ဖို.အတွက် Smart နာရီဝယ်ပြီး စတင်ပြင်ဆင်ခဲ့ပါတယ်။ အစမှှာ လေ့ကျင့်ခန်း သီးသန့်မလုပ်နိုင်ပေမယ့် နေ့စဉ် ခြေလှမ်း ၁သောင်းဝန်းကျင်ရအောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။ ရေခဲတောင်တက်ဖို. ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ ကိုကျော်သာက သူရေခဲတောင် နောက်တစ်ကြိမ်တက်ရင် လိုက်လို.ရတဲ့အကြောင်း ကြေငြာခဲ့ပါတယ်။ သူ့ကို အတူ လိုက်ခွင့်ပေးဖို. တောင်းဆိုပြီး ရေခဲတောင်အိပ်မက်တွေအတွက် လမ်းစ ရခဲ့ပါတယ်။ ကိုကျော်သာအပါအဝင် အတွေ.အကြုံရှိသူတိုင်းဆီမှာ အကြံဉာဏ်တွေ တောင်းခံပြီး ရေခဲတောင်ခရီးစဉ်အတွက် စုဆောင်း ပြင်ဆင်ခဲ့ပါတယ်။၃ပါတ်လောက်အလိုက စပြီး နေ.စဉ်ရက်ဆက် ခြေလှမ်း၂ သောင်းကျော် ဆက်တိုက်လမ်းလျှောက်တာကို ရေခဲတောင်စရီး စတင်တဲ့အထိ မပြတ်အောင် လေ့ကျင့်ခဲ့ပါတယ်။

၂၀၁၆ ဧပြီလနှစ်သစ်ကူး ပိတ်ရက်ရှည်တွေမှာတော့ ကျွန်တော်တို.တတွေ ပူတာအိုကို စတင်ထွတ်ခွာပြီး ရေခဲတောင်စရီးစဉ်ကို စတင်ခဲ့ပါတယ်။ ကိုကျော်သာက အစစ အရာရာ ကြိုတင်စီစဉ်ထားပေးခဲ့တဲ့အတွက် ပူတာအိုမှာ တစ်ညပဲအိပ်ပြီး နောက်နေ.မှ ရေခဲတောင်တွေဆီကို ခရီးစတင်နိုင်ခဲ့ပါတယ်။ ပူတာအိုကို ရောက်တဲ့နေ.က ကြည်လင်နေတဲ့ ရာသီဥတုဟာ ခရီးစဉ်စတာနဲ. မိုးရွာပြီးတော့ ကောင်းချီးပေးပါတယ်။ ပူတာအိုကနေ ကျောက်စိမ်းချောင်းအထိ သုံးဘီးဆိုင်ကယ်က လိုက်ပို.ပေးပြီးမှာတော့ တောင်တက်ခရီးစဉ် စတင်တော့တာပါပဲ။ ပထမဆုံးနေ.မှာပဲ အတက်က မြင့်ပြီး မတ်စောက်ပါတယ်။ ဒါပေမယ့် ဒီအကြောင်း သတင်းစကားတွေကို ကြိုတင်ကြားထားပြီးသလို၊ လေ့ကျင့်ထားတာမို. သိပ်ပြီးတော့ အားမစိုက်ရပါဘူး။ တောက်လျှောက်မှန်မှန် တက်လာနိုင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျွတ်တွေ၊မျှော့တွေ၊ ဖြုတ်တွေ ရှိတာမို. မနားရဲပါဘူး။ လမ်းလျှောက်နေရင်လည်း အကိုက်ခံရနိုင်တာပဲ ဆိုပေမယ့် နားလိုက်ရင်တော့ ပိုပြီးတော့ အကိုက်ခဲခံရမှာပါ။ လမ်းဘေးက အပင်တွေနဲ့ လမ်းပေါ်ကသစ်ပင်တိုင်း လိုလိုပေါ်မှာ ကျွတ်တွေ ရှိပါတယ်။ မိုးတောက်လျှောက် ရွာနေတာက စိုစိုစွတ်စွတ်နေရပြီး လမ်းလျှောက်ရတာချော်မလဲအောင် သတိထားရပေမယ့် ချွေးထွတ်သက်သာပြီး အမောလည်း သက်သာစေပါတယ်။

ဖုန်ကန်ရာဇီကို အောင်မြင်ခြင်း

ခြေလှမ်း ၃ သောင်းကျော် ဆက်တိုက်လျှောက်ပြီးချိန်မှာတော့ ကျွန်တော်တို. ညအိပ်ရပ်နားမယ့် ဝါဆာဒမ်းရွာကို ရောက်ပါတယ်။ ကျွန်တော့နာရီက လျှောက်ခဲ့တဲ့အကွာအဝေးကို ၁၁ မိုင်ကျော်လို. ပြပါတယ်။ အချိန်က ညနေ ၃ နာရီကျော်ပဲ ရှိသေးသလို ဆက်လျှောက်မယ်ဆို ရင်လည်း လျှောက်နိုင်ပါသေးတယ်။ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့နေရာဒေသမှာ ဓါတ်ပုံတွေ လျှောက်ရိုက်ချင်ပေမယ့် မိုးက မပြတ်ရွာနေတော့ အပြန်ခရီးမှ ရိုက်တော့မယ်ဆိုပြီး စိတ်လျှော့ထားလိုက်ရပါတယ်။ အထမ်းသမားတွေ ရောက်လာတော့မှ အဝတ်အစားအစိုတွေကို လဲပြီး ကျွတ်တွေ၊မျှော့တွေ ပါလာမလာ၊ အကိုက်ခံထားရတာတွေရှိမရှိကို စစ်ကြရပါတယ်။ ကံကောင်းစွာနဲ. အနည်းငယ်ပဲ အကိုက်ခံခဲ့ရပါတယ်။ မိုးကလည်း အလျှော့မပေးပဲ သည်းသည်းမည်းမည်းကို ရွာနေတော့တာပါပဲ။ ရာသီဥတုက ရန်ကုန်မှာ မနေနိုင်အောင် ပူနေပေမယ်လည်း ဒီမှာတော့ ဆောင်းရာသီကို ဖန်ဆင်းပေးထား ပြန်ပါတယ်။

ညက ကျေးလက်အိမ်လေးပေါ် မီးဖိုဘေးမှာ ခွေးနဲ.အတူ နွေးထွေးစွာ အိပ်ခဲ့ရပါတယ်။ မနက်မှာတော့ ခရီးပြန်စဖို. မနေ.က အဝတ်စိုတွေကို ပြန်ဝတ်ကြရပါတယ်။ ချမ်းချမ်းအေးအေး ထဲမှာ အဝတ်စိုတွေကို ပြန်ဝတ်ရတာ တကယ့် စွန်.စားခန်းပါပဲ။ သည်းသည်းမည်းမည်းကို ရွာနေတဲ့ မိုးကိုတိုးပြီး ခရီးကို ပြန်စလိုက်ကြပါတယ်။ ကံကောင်းစွာနဲ. ရွာအထွတ်ချောင်းထဲက သစ်လုံးတံတားလေးက ချောင်းရေထဲကို မျောပါ မသွားသေးပါဘူး။ အပြန်ခရီးမှာတော့ ရေစီးနဲ့ မျောပါသွားလို့ ဖြတ်မရတော့ ။

ဒီသစ်လုံးတာ မရှိခဲ့ရင် ချောင်းအောက် တံတားရှိတဲ့နေရာအထိ ၁မိုင်လောက် ထပ်ပြီး လမ်းလျှောက်ကြရမှာပါ။ နေလည်စာအတွက် ထမင်းနဲ. ဟင်းကိုနယ်ပြီး အိတ်နဲ့ထည့်လာခဲ့ပေမယ့် မစားဖြစ်ပါဘူး။ အဝဒမ်းရွာကိုရောက်တော့ ဈေးဆိုင်မှာ လိုအပ်တာတွေ ထပ်ဝယ်ဖို. ခဏနားကြပါတယ်။ ဒီရွာက ဈေးဆိုင်လေးတွေကတော့ ကျွန်တော်တို. တက်မယ့် ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်မှာ နောက်ဆုံးဈေးဝယ်လို. ရတဲ့ ဆိုင်တွေပါပဲ။ ဒီနေ.တော့ ကျွတ်တွေ၊မျှော့တွေ၊ ဖြုတ်တွေက ကျွန်တော်တို.ကို ချမ်းသာ မပေးတော့ပါဘူး။ အဖွဲ့ဝင်အားလုံးနီးပါး အကိုက်ခံ ကြရပါတယ်။ ကျွန်တော့လက်အိပ်ကို ချွတ်လိုက်တာနဲ. လမ်းဖမိုးကို ချက်ချင်းဝိုင်းဆွဲကြပါတယ်။ တစ်ကောင်ကို ဆွဲနုတ်လိုက်တိုင်း အစွယ်ရာ၂ခုကနေ သွေးတွေ ထွတ်လာပါတယ်။ အကိုက်ခံရတဲ့နေရာ အကိုက်ခံခဲ့ရတဲ့အချိန်ကို လိုက်ပြီး သွေးထွတ်တာ အနည်းအများပဲ ကွာပါတယ်။

ဈေးဆိုင်မှာ ဈေးဝယ်ပြီး ရွာလယ်က လယ်ကွင်းပြင်ကို ဖြတ်လျှောက်ရတာကတော့ သွေးပျက်ဖွယ် ငရဲခန်းပါပဲ။ ဒီလယ်ကွင်းပြင်ထဲမှာ မျော့တွေ ရှိနေကြပါတယ်။ လယ်ကွင်းပြင်က ကျယ်ပြီး မိုးဆက်တိုက်ရွာထားတော့ ရေတွေအပြည့် လွှမ်းနေခဲ့ပါတယ်။ လမ်းမရှိတော့ပဲ ရေထဲကနေ လျှောက်ရတော့ မျော့တွေကို ရှောင်ဖို. မဖြစ်နိုင်တော့ပါဘူး။ အကိုက်ခံရတာသက်သာအောင် ရှေ.ဆုံးကနေ ဦးအောင် ပြေးဖို.ပဲ ရှိပါတယ်။ ဖိနပ်နှစ်ဖက်ထဲမှာ ရေအပြည့်ဝင်နေပြီး ရေက ဒူးလောက်အထိ မြုတ်နေတာမို. ပြေးရတာ မသက်သာပါဘူး။ ကျွတ်တွေရဲ့ အရွယ်က အစမှ အပ်ချည်မျှင်လောက်၊ ပင်အပ်လောက်သာ အရွယ်ပဲရှိပေမယ့် လူကိုကိုက်ပြီးသွေးစုပ်ပြီးသွားရင်တော့ လက်သန်းလုံးလောက် တုတ်လာကြပါတယ်။ညနေ ၃နာရီလောက်မှာ ဇီယာဒမ်းရွာကို ရောက်ကြပါတယ်။ ရွာအဝင်မှာ မိုးက မစဲပဲ ရွာနေတော့ ဘာမှတ်တမ်းပုံမှ မရိုက်နိုင်ခဲ့ပါဘူး။ ဒီနေ.တော့ ဇီယာဒမ်းရွာမှ ညအိပ်ရပ်နားကြရမှာပါ။

ဒီရွာက ကျွန်တော်တို. တက်မယ့် ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်မှာတော့ နောက်ဆုံးတွေ.ရတဲ့ ရွာပါပဲ။ ဒုတိယနေ. ခရီးစဉ်ကတော့ အတက်အဆင်း မရှိသလောက်နည်းပြီး အကောင်ကိုက်ခံရတာတွေကိုသာ ထည့်မတွက်ရင် သက်တောင့်သက်သာ ရှိပါတယ်။ ရေစီးသန်တဲ ချောင်းတွေပေါ်က ခနော်ခနဲ. ကြိုးတံတားလေးတွေကို ဖြတ်လျှောက်ရတာကလည်း ရင်ခုန် စရာတွေပါပဲ။သည်းသည်းမည်းမည်းကို ရွာနေတဲ့မိုးက တခါတရံခဏရပ်သွားပြီး ဟိုးအဝေးက ရေခဲတောင် အလှတွေကို တဒင်္ဂ လှစ်ဟပြပေးခဲ့ပါတယ်။ ကျွန်တော်တို. စတည်းချတဲ့ အိပ်ပေါ်ကနေ လှမ်းမြင်ရတဲ့ ရေခဲတောင်အလှက မထူးခြားလှဘူးဆိုပေမယ့် ကျွန်တော်ကတော့ ရသမျှအခွင့်အရေးကို လက်လွှတ်မခံခဲ့ပါဘူး။ မြင်ရမျှ၊ ရနိုင်သမျှ ဓါတ်ပုံတွေ ရိုက်ယူထားခဲ့ပါတယ်။

အဲဒီလို ရိုက်ယူနိုက်ဖို့အတွက်လည်း ကင်မရာ body တစ်လုံးနဲ့ မတူညီတဲ့ မှန်ဘီလူး ၄ လုံးကိုတော့ ကိုယ်နဲ့မကွာ တပါတည်း ကိုယ်တိုင် သယ်လာခဲ့ပါတယ်။ ဒီလို ဝေးလံခက်ခဲလှတဲ့ ရေခဲတောင် ခရီးစဉ်မှာတော့ အရည်အသွေး ကောင်းပြီး သေးငယ်ပေါ့ပါးတဲ့ Mirrorless ကင်မရာတွေမှပဲ ကိုယ်တိုင် ကြာရှည် သယ်နိုင်မှာပါ။ ကျွန်တော်ကတော့ ရေခဲတောင်ခရီးစဉ်အတွက် အထူးထုတ်ထားတဲ့ Fujifilm X-T1 Camera နဲ့ XF 10~24mm, XF 18~55mm, XF 60 mm Micro နဲ့ XC 50~230 mm Lenses တွေကိုသယ် သွားခဲ့ပါတယ်။ ဒါတွေအားလုံးပေါင်းရဲ့ အလေးချိန်က DSLR နဲ့ lens တစ်လုံးရဲ့ အလေးချိန်လောက်ပဲ ရှိတာပါ။ ဒါကြောင့် ဒီခရီးစဉ်တစ်လျှောက်လုံးမှာ ကျွန်တော်ကိုယ်တိုင် သက်တောင့်သက်သာ သယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုယ်ရိုက်ချင်တဲ့အချိန်မှာ စိတ်ကြိုက် ထုတ်ရိုက်နိုင်ပြီး လိုချင်တဲ့ပုံတွေ အားလုံး ရိုက်နိုင်ခဲ့ပါတယ်။ နောက်ထပ်Nikon D3s DSLR နဲ့ Nikkor 28~300 mm, Fisheye lenses တွေလည်း ယူလာခဲ့ပေမယ့် လေးလံတဲ့အတွက် ကိုယ်တိုင်မသယ်နိုင်ပါဘူး။ အထမ်းသမားတွေကိုပဲ သယ်လာဖို့ ပေးထားရပါတယ်။ အထမ်းသမားတွေကလည်း အချိန်ပြည့် ကိုယ်နဲ့အတူ ရှိနေကြတာ မဟုတ်တော့ လမ်းသလျှောက်မှာ Nikon DSLR ကင်မရာကို လုံးဝ မသုံးဖြစ်ခဲ့ပါဘူး။ ရေခဲတောင်ထိပ် ရောက်မှပဲ သုံးခဲ့ရပါတယ်။

ဇီယာဒမ်းရွာအရောက်မှာ ခဏရပ်ပေးတဲ့ မိုးနတ်မင်းကိုလည်း ကျေးဇူးတင်ရမှာပါပဲ။ အိပ်မက်ခဲ့ရတဲ့ ရေခဲတောင်တွေကို ခဏမြင်ခွင့် ရလိုက်လို့ပါ။ ညကျရင် ရေခဲတောင်တွေနဲ. ကြယ်တွေ၊ဂလက်ဆီတွေကို ဓါတ်ပုံရိုက်ယူဖို. ကင်မရာတွေ၊ သုံးချောင်းထောက်တွေကို အိပ်ယာထဲမှာ ထည့်ထားပြီး ကြိုတင် ပြင်ဆင်ထားခဲ့ပါတယ်။ ရာသီဥတုသာာယာရင် ကျွန်တော် အိပ်ရတဲ့ နေရာကနေ ရေခဲတောင်တွေကို တိုက်ရိုက်လှမ်းမြင်နိုင်ပါတယ်။ ဒါပေမယ့် မိုးနတ်မင်းက အခွင့်အရေးမပေးပါဘူး။ တစ်ညလုံးကို သည်းသည်းမည်းမည်း ဆက်တိုက်ရွာနေခဲ့ပါတယ်။ တစ်ရေးနိုးတိုင်း လှမ်းကြည့်ပေမယ့် ဘာမှ မမြင်ခဲ့ရပါဘူး။

မိုးက မနက်အထိ အလျှော့မပေးပဲ ရွာနေခဲ့ပါတယ်။ ခဏစောင့်ကြည့်ပေမယ့် မထူးတောလည်း့ ခရီးဆက်ရမှာပါပဲ။ ခရီးပြန်စဖို. ထုံးစံအတိုင်း ညစ်ညစ်ပတ်ပတ် အဝတ်စိုတွေကို ပြန်ဝတ်ကြရပါတယ်။ ဒီနေ.ခရီးလမ်းကတော့ တကယ့် သတ်ကွင်းကို ဖြတ်ရတာပါ။ လမ်းရှိတယ် ဆိုပေမယ့်လည်း တောတိုးပြီးတော့ ဖြတ်လျှောက်ကြရတာပါ။ လမ်းက ဗွက်အပြည့်နဲ. ရှောင်လို. မရသလို အပင်တွေကိုလည်း တိုးပြီး၊တိုက်ပြီး လျှောက်ကြရပါတယ်။ အပင်တွေကို ထိလိုက်တာနဲ. ကျွတ်တွေက ချက်ချင်းပါလာသလို အပင်တွေပေါ်ကနေလည်း ကိုယ်ပေါ်ကို ခုန်ချပြီး လိုက်လာကြပါတယ်။ လုံခြုံအောင်ကာကွယ်ထားတဲ့ ကြားထဲကနေ လည်ပင်းကို အကိုက်ခံလိုက်ရပါတယ်။ ကိုယ်တိုင်ဆွဲမနှုတ်ရဲလို. အထမ်းသမားတစ်ယောက် ရောက်လာတဲ့အထိ စောင့်ပြီး နှုတ်ခိုင်းရပါတယ်။ဒီနေ့မှာ ကျွန်တော်တို.က အထက်သစ်ပင်ကြီး စခန်းအထိရောက်အောင် သွားချင်ပေမယ့် အထမ်းသမားတွေကို အလိုလိုက်ပြီး အောက်သစ်ပင်ကြီး စခန်းမှာပဲ ညအိပ်လိုက်ရပါတယ်။

ဒီညတော့ တကယ့်တောကြီးမက်မည်းထဲမှာ စခန်းချ အိပ်ကြရတော့မှာပါ။ ကျွန်တော့ Tent ကို ညဘက် ဓါတ်ပုံရိုက်ရင် စခန်းတစ်ခုလုံးကို မြင်ရမယ့်နေရာမှာ ထိုးလိုက်ပါတယ်။ ကျွန်တော့ Tent ကိုဖွင့်လိုက်တာနဲ့ စခန်းတစ်ခုလုံးကို မြင်နေရပါတယ်။ တကယ့်ကို ရိုက်ကွင်း ကောင်းတဲ့ အနေအထားတစ်ခုပါ။ ကျွန်တော့ဘဝမှာ ပထမဆုံးအကြိမ် Tent နဲ.အိပ်ဖူးတာပါပဲ။ မဆိုးပါဘူး Tent က တစ်ယောက်အိပ်မို. ကျဉ်းပေမယ့် သပ်သပ်ရပ်ရပ်နဲ. သက်တောင့်သက်သာ ရှိပါတယ်။ မိုးက အလျှော့မပေးပဲ ဆက်တိုက်ရွာနေတော့ ညဘက် ဓါတ်ပုံထွတ်ရိုက်မယ့် စိတ်ကူးတွေလည်း အကောင်အထည် မဖော်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကို အိပ်မပျော်ဘူး ထင်ပေမယ့် ညက ငလျင်လှုပ်သွားတာကို မနက်မှာ အားလုံးက ပြန်ပြောနေမှပဲ သိရပါတော့တယ်။ တကယ်တော့ စခန်းအနေအထားအရ ငလျင်ထက် မိုးကြိုးပစ်မှာကို ပိုကြောက်နေကြရပါတယ်။ သစ်ပင်ကြီးတွေကို မိုးကြိုးပစ်လိုက်ပြီး ကိုယ့်အပေါ် လဲကျလာမှာကို ကြောက်နေကြရပါတယ်။

ဖုန်ကန်ရာဇီ အောင်မြင်ခြင်း

ဒီနေ.ကတော့ တောက်လျှောက်အတက်ခရီးစဉ်ပါပဲ။ အထက်သစ်ပင်ကြီး စခန်းကို ကျော်လာတော့ သစ်ပင်တွေရဲ.အနေအထားက စပြီး ပြောင်းလဲလာပါတယ်။ နိုင်ငံခြား မှော်ရုပ်ရှင်ကားတွေထဲကို ကိုယ်တိုင် ရောက်နေရသလိုပါပဲ။ သစ်ပင်တွေအားလုံးက ကွေးကွေးကောက်ကောက်တွေနဲ. ရေညှိပင်တွေက အကိုင်းတွေကနေ တွဲလောင်းကျနေကြပါတယ်။ သစ်ပင်ကြီးတိုင်းပေါ်မှာ သစ်ကပ်ပင်တွေ တွယ်ကပ်ပေါက်နေကြပြီး အရာအားလုံးက အစိမ်းရောင်၊ ပတ်ဝန်းကျင်တစ်ခုလုံး မိုးမြူတွေ ဆိုင်းနေကြတော့ တကယ့်ကို မှော်ဆန်နေပါတယ်။ အိပ်မက်ဆန်နေပါတယ်။ အမြင့်ပေလည်း ၈၀၀၀ ကျော်သွားခဲ့ပြီမို. ကျွတ်တွေ၊မျော့တွေ မရှိတော့ပါဘူး။ အဝတ်တွေကို လျှော့ပြီး သက်တောင့်သက်သာ ဝတ်လို. ရသွားပါပြီ။ ကင်မရာကိုလည်း ကိုယ်နဲ့မကွာ သယ်လာခဲ့တော့ စိတ်ကြိုက် ဓါတ်ပုံကောင်းတွေ ရိုက်နိုင်ခဲ့ပါတယ်။

အထမ်းသမားတွေက ခမ်းထောက်မြစ်စခန်းမှာ ညအိပ်နားချင်ကြပေမယ့် ကျွန်တော်တို.က အလျှော့မပေးတော့ပဲ မင်းသားစခန်းအထိ ရောက်အောင်သွားဖို. ရွေးချယ်လိုက်ပါတယ်။ ဘယ်လိုလျှောက်လျှောက် ၁၀ ရက်ထက်မပိုတဲ့ ခရီးစဉ်ကို သူတို.က ၁၂ ခရက်တောင်းခဲ့တယ်။စထွတ်လာတုန်းက ၁၀ ရက်ခပဲ ပေးရမယ် ထင်ထားခဲ့တော့ သူတို့နဲ့ စကားပြောရပြီပေါ့။ နောက်ဆုံးတော့ ကျွန်တော်တို.ဘက်ကလည်း သူတို.တောင်းသလောက် လျော့ပေးခဲ့တယ်။ ကျွန်တော်တို့ဘက်ကိုလည်း ကျွန်တော်တို့ ဖြစ်ချင်တာ ဖြစ်ရဖို့ တောင်းဆိုပါတယ်။ ဒီတော့ ကျွန်တော်တို. နားချင်တဲ့ စခန်းကို ကျွန်တော်တို.ပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါတော့ ထပ်မလျှော့နိုင်တော့ဘူး။

ကံဆိုးချင်တော့ မင်းသားစခန်းမှာ စခန်းချဖို.နေရာ မကျန်တော့ပါဘူး။ ကျွန်တော်တို.အရင် စခန်းချတဲ့သူတွေနဲ. ပြည့်နေခဲ့ပြီ။ ဒီတော့ နောက်ထပ်စခန်းချလို. ရတဲ့နေရာရောက်အောင် ထပ်ပြီး တက်ကြဖို.ပဲ ရှိပါတော့တယ်။ ကျွန်တော်တို.တတွေ ရေခဲစပ်စခန်းအထိ ဆက်ပြီးတက်ကြပါတယ်။ အဲဒီမှာလည်း စခန်းချနေတဲ့ အဖွဲ. ရှိပါတယ်။ ကျွန်တော်တို.ထက် တစ်ရက်စောပြီး တက်သွားတဲ့ အဖွဲ.ပါ။ လူပေါင်း ၈၀ ကျော်ပါတဲ့ တကယ့် အဖွဲ.ကြီးပါ။ အဲင်္ဒီအဖွဲ.ထဲမှာ ကျွန်တော့်မိတ်ဆွေ ဓါတ်ပုံသမား ကိုအောင်မျိုးလည်း ပါပါတယ်။ ကိုအောင်မျိုးက ကော်ဖီတစ်ခွက်နဲ. ကြိုဆိုခဲ့ပါတယ်။ မိုးရေထဲမှာ တောင်တက်လာတဲ့ လူတစ်ယောက်အတွက် ကော်ဖီတစ်ခွက်က တကယ့်နတ်သဒ္ဒါပါပဲ။ ကော်ဖီမကြိုက်တဲ့ ကျွန်တော်တောင် တစ်ခါတည်း ကုန်အောင်သောက်ဖြစ်ခဲ့ပါတယ်။ ကော်ဖီသောက်နေတုန်း ရေခဲမိုးတွေ ရွာချလာပါတယ်။ မိုးသီးတွေ ကြွေနေသလိုပါပဲ။ ပလပ်စတစ်အမိုးပေါ် ကျလာတဲ့ ရေခဲမိုးတွေကို အားလုံးဝိုင်းပြီး ခါချပေးနေရပါတယ်။ ဒီညတော့ ရတဲ့နေရာမှာပဲ စခန်းချပြီး အိပ်ကြရတော့ မှာပါ။ ရတဲ့နေရာလေးတွေမှာပဲ ကုတ်ကပ်ပြီးတော့ စခန်းချခဲ့ပါတယ်။

ဖုန်ကန်ရာဇီကိုအောင်မြင်ခြင်း

မနက်လင်းတော့ စခန်းပတ်ပတ်လည်မှာ ရေခဲနေပါတယ်။ အထမ်းသမားတွေက ရေခဲတွေစုပြီး ရေနွေးကျိုပေးကြပါတယ်။ မိုးရွာနေတော့ အခြေအနေကို စောင့်ကြည့်နေရပါတယ်။ ကိုအောင်မျိုးတို.အဖွဲ.ကတော့ မိုးရွာထဲမှာပဲ တောင်ထိပ်ကို တက်သွားကြပါတယ်။ သူတို. အဖွဲ. တောင်ထပ်ကို ရောက်ချိန်လောက်မှာ ကျွန်တော်တို. စပြီး စခန်းကနေ တက်ကြပါတယ်။ ကံကောင်းတာကတော့ သူတို.အဖွဲ. နင်းသွားတဲ့ လမ်းအတိုင်း လိုက်လို. ရတာပါပဲ။ ကံဆိုးတာကတော့ သူတို.အဖွဲ.က ပြန်အဆင်း ကျွန်တော်တို.အဖွဲ.က အတက်မှာဆုံတော့ သတိထားပြီး လမ်းပေးနေရတာပါ။ လမ်းကကျဉ်းတော့ ရှောင်ရတိမ်းရတာ ခက်ပါတယ်။နေ.လည် ၁နာရီ ၃၀ မှာ တောင်ထိပ်ကို အောင်မြင်စွာ ရောက်ရှိကြပါတယ်။ ရာသီဥတုကတော့ လုံး၀ မသာယာပါဘူး။ လေတွေ တအားတိုက်ပြီး မိုးနှင်းတွေ ထူထပ်စွာ ကျနေခဲ့ပါတယ်။ ပတ်ဝန်းကျင်ကို လုံး၀ မမြင်ရပါဘူး။ အဝတ်အစားအစိုတွေကို ဝတ်လာခဲ့တာမို. မခံရပ်နိုင်အောင် အေးပါတယ်။ အောက်ဆီဂျင်ပါးတော့ လူက လှုပ်လိုက်တိုင်း မောနေပါတယ်။ အထမ်းသမားတွေနဲ. ကိုကျော်သာ စခန်းချနေတာကို ကူချင်ပေမယ့် မကူနိုင်ပါဘူး။

Tent ရတာနဲ. ချက်ချင်းဝင်ပြီး အဝတ်ဆိုတွေကို လဲရပါတယ်။ ရေခဲပေါ် ခင်းတဲ့ ကိရိယာကို ချက်ချင်းလေမှုတ်ပြီး ခင်းရပါတယ်။ အနွေးဓါတ်ရလာတဲ့အထိ Tent ထဲမှာ ကွေးနေရပါတယ်။ ခြေဖျား၊လက်ဖျားတွေ ရေခဲကိုက်ကုန်ပြီလား စိုးရိမ်နေမိပါတယ်။

ခြေချောင်းလေးတွေ နူးပွအေးခဲပြီး ထုံနေပါတယ်။ ခြေချောင်းလေးတွေကို နွေးလာအောင် လက်နဲ. အနွေးပေးနေရပါတယ်။ အနွေးဓါတ်ရလာတော့မှ နေရထိုင်ရသာ သက်သာသွားပါတယ်။ ရာသီဥတုကတော့ အရင်အတိုင်း ဆိုးနေတုန်းပါပဲ။ ရေခဲတောင်ပေါ်က ရာသီဥတုဆိုတာ ဘယ်လိုမှ တွက်ဆမရနိုင်တာကြောင့် အလံတွေထုတ်ပြီး ဆိုးဝါးတဲ့ ရာသီဥတုထဲမှာပဲ မှတ်တမ်းရိုက်ရပါတယ်။ ပထမဆုံး မြန်မာနိုင်ငံဓါတ်ပုံအသင်း အလံနဲ. မှတ်တမ်းရိုက်ပြီး အသင်းအလံကို စခန်းနားမှာ လွှင့်ထူထားလိုက်ပါတယ်။ပြီးတော့ Fujifilm တံဆိပ်နဲ. အောင်ပွဲခံပါတယ်။ မှတ်တမ်းပုံတွေ ရိုက်ပါတယ်။ ရာသီဥတု သာယာသွားတဲ့ အချိန်တွေရောက်မှ ဓါတ်ပုံတွေ ထွတ်ရိုက်နိုင်ပါတယ်။ ကျွန်တော်တို့တတွေ ဖုန်ကန် ရေခဲတောင်ထိပ်မှာ ၂ ည အိပ် ၃ ရက် စခန်းချ နေခဲ့ပြီး ရသမျှ ကံပေးသမျှ ရိုက်ခဲ့ပါတယ်။ မှတ်တမ်းတင်ခဲ့ ကြပါတယ်။

ရေခဲတောင်ကျော်ကျော်ဝင်း

– ဒီခရီးစဉ်မှာ အစစအရာရာ ကူညီဖေးမပေးခဲ့တဲ့ ကိုကျော်သာ ကို ကျေးဇူးအထူးတင်ပါကြောင်း မှတ်တမ်းတင် ပါတယ်။
– ဒီခရီးစဉ်အတွက် ဘယ်သူ့ဆီကမှ Sponsor မတောင်းခဲ့သလို ဘယ်ကမှလည်း Sponsor မရခဲ့ပါဘူး။ ကိုယ်ရှာထားတဲ့ ချွေးနည်းစာလေးနဲ့ ကိုယ်နိုင်သလောက် သုံးပြီး တက်ခဲ့ပါတယ်။ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ မြန်မာနိုင်ငံ ဓါတ်ပုံအသင်း အလံကို သယ်သွားပြီး လွှင့်ထူပေးခဲ့ပါတယ်။ ကိုယ်တောက်လျှောက်သုံးလာတဲ့ Nikon, ကိုယ်တိုင်နှစ်သက်လို့ သုံးနေတဲ့ Fujifilm အလံ၊ တံဆိပ်တွေကိုလည်း ကိုယ့်ဆန္ဒအလျှောက် လွင့်ထူချင်လို့ကို လွှင့်ထူပေးခဲ့ပါတယ်။ စေတနာသက်သက်သာ ဖြစ်ပြီး ဘာဆိုဘာမှ Sponsor အကျိုးအမြတ် မမပါခဲ့ပါဘူး။ ဘာလို့ ရေခဲတောင် တက်လည်းဆိုတော့ မြန်မာဓါတ်ပုံသမားတစ်ယောက်အနေနဲ့ တက်သင့်တယ် ထင်လို့တက်ပါတယ်။ ဘာတွေရလည်းဆိုတော့ ရေခဲတောင်ပေါ်ရောက်ခဲ့တယ်။ ဓါတ်ပုံတွေ ရိုက်နိုင်ခဲ့တယ်။ ဒီလောက်ပါပဲ။ လာ့မယ်နှစ်မှာ နောက်ထပ် ရေခဲတောင်တစ်လုံး ထပ်တက်ပါဦးမယ်။ အားလုံးကို ကျေးဇူးပါ။

ကျော်ကျော်ဝင်း
X-Photographer ( Myanmar


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*