ဖြတ်တောက်ခြင်းရဲ့အနုပညာ

ဖြတ်တောက်ခြင်း
Unicode Version | Zawgyi-One Version

ဘယ်နေရာမှာဖြတ်တောက်ရမလဲ။ ဒါဟာသားသတ်သမားတွေ မေးတဲ့မေးခွန်းမဟုတ်ပါဘူး။ ဓာတ်ပုံပညာကိုချစ်မြတ်နိုးသူတိုင်း ဓာတ်ပုံရိုက်နေစဉ်နှင့် ရိုက်ပြီးတိုင်း မေးရမယ့်မေးခွန်းပါ။ အထူးသဖြင့် လူပုံပေါ့ထရိတ်ရိုက်တဲ့အခါ ပုံကိုမှန်မှန်ကန်ကန် ဖြတ်တောက်တတ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ဓာတ်ပုံထဲကလူတွေဟာ ခြေပြတ်လက်ပြတ်တွေနဲ့တူမနေပဲ ပုံမှန်လူကောင်းတွေအဖြစ် ရှိနေမှာပါ။

အောက်မှာပြထားတဲ့ပုံမှာ လူပုံကိုဘယ်နေရာကဖြတ်သင့်တယ်၊ ဘယ်နေရာကမဖြတ်သင့်ဘူးဆိုတာပြထားပါတယ်။ အဓိကကတော့ပုံကို အရိုးအဆစ်တွေကနေ ဘယ်တော့မှမဖြတ်ပါနဲ့။ အရိုးအဆစ်တွေနေရာကဖြတ်လိုက်ရင် ခြေပြတ်လက်ပြတ်တွေနဲ့တူသွားမှာ သေချာပါတယ်။

မဖြတ်သင့်တဲ့နေရာကဖြတ်ထားတဲ့ပုံဟာ ဘယ်လိုမှကြည့်မကောင်းပါဘူး။ အမှားတစ်ခုခုကိုကျူးလွန်ထားမှန်းသိသာပါတယ်။ လူပုံမှသာမဟုတ်ပါဘူး။ သက်ရှိတွေအားလုံးရဲ့ ပုံတွေလဲဒီလိုပါပဲ။

ပုံမှာလူပုံကိုဖြတ်တဲ့အခါ ဖြတ်ဖို့အကောင်းဆုံးနဲ့ အဆိုးဆုံးနေရာတွေကိုပြထားပါတယ်။ အစိမ်းရောင်နဲ့ပြထားတဲ့နေရာတွေကဖြတ်ပါ။ အနီရောင်လိုင်းတွေနေရာကမဖြတ်ပါနဲ့။

ဒီပုံအရသာဖြတ်တောက်မှုကိုလိုက်နာခဲ့ရင် ခြေပြတ်လက်ပြတ်တွေနဲ့တူနေတဲ့လူတွေဘယ်တော့မှထွက်လာမှာမဟုတ်တော့ဘူး။ ဒီပုံကို save ထားပြီး ခြေပြတ်လက်ပြတ်တွေရိုက်မိတဲ့ဘဝကလွတ်မြောက်နိုင်ကြပါစေ။

image credit: Digital Camera World


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

1 Comment on ဖြတ်တောက်ခြင်းရဲ့အနုပညာ

Leave a Reply

Your email address will not be published.


*