ဗီဒီယို ချန်နယ်လ် အသစ်တွေ ထပ်တိုးလိုက်တဲ့ အင်စတာဂရမ်

IMAGE: BRITTANY HERBERT/MASHABLE (IG: @BOBSIZOO
Unicode Version | Zawgyi-One Version

အင်စတာဂရမ်က ကျွနေ်တာ်တို့ကို ဗီဒီယိုတွေ ပိုပြီးကြည့်စေချင်ပါပြီ။

ဒီကုမ္မဏီက ဗီဒီယို ချန်နယ်တွေကိုကြည့်ရှုနိုင်စေဖို့ သူ့ရဲ့ App Update မှာ Explore ဆိုတဲ့ နေရာတစ်ခု ထပ်ထည့်ပေးထားလိုက်ပါတယ်။ ဒီချန်နယ်တွေကို Pick For You လို့ နာမည်ပေးထားမှာဖြစ်ပြီး ခင်ဗျားတို့စိတ်ဝင်စားနိုင်မယ့် အကြောင့်အရာတွေကို မူတည်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ယခုအချိန်မှာ အင်စတာဂရမ်အသုံးပြုသူ သန်းပေါင်း ၅၀၀ ကျော်ပြီဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ နွေဦးတုန်းက app update မှာ ဗီဒီယို ချန်နယ်တွေကို ရှာဖွေနိုင်တဲ့ လုပ်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။ သို့ပေမယ့်လည်း နောက်ဆုံးထွက်လာတဲ့ update မှာတော့ အသုံးပြုသူတွေရဲ့ စိတ်ဝင်စားတဲ့ အရာတွေကို အခြေခံပြီး ချန်နယ်အသစ်တွေကို ကြည့်ရှုလို့ရအောင် ထည့်ပေးလိုက်ပါတယ်။

ချန်နယ် အသစ် ၂၃ က တိကျတဲ့ ခေါင်းစဉ်တွေ (ဥပမာ အထူးပြုလုပ်ချက်နဲ့ မိတ်ကပ်) နဲ့ အထွေထွေ (ငါးမျှားခြင်း၊ ကြွေရည်ပစ္စည်းများ) စတဲ့ ခေါင်းစဉ်အများအပြားကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

IMAGE: INSTAGRAM
IMAGE: INSTAGRAM

အင်စတာဂရမ်ရဲ့ ကွန်ယက်ထဲမှာတော့ ဒီချန်နယ်တွေကို သချာၤနည်းကျကျ ထည့်သွင်းပြီး ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ အင်စတာဂရမ်က ခုထိ ဒီချန်နယ်တွေကို ဘယ်လိုချပြရမလဲမသိသေး၊ အသုံးပြုသူတွေကို ဘယ်လိုဗီဒီယိုတွေပြရမှန်းမသိသေးပေမယ် ကျွန်တော်တို့တော့ အခြားနက်ဝက်တွေအလုပ်လုပ်သလို အသုံးပြုသူတွေရဲ့ follow လုပ်ခဲ့တာ၊ like လုပ်ခဲ့တာတွေကိုအခြေခံပြီး လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။

ကျန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဖေ့စ်ဘုတ်လိုပဲ အင်စတာဂရမ်ကလည်း တဖြည်းဖြည်းနဲ့ ဗီဒီယိုပိုင်းကို အဆင့်မြှင့်တင်နေတာမြင်နေရပါတယ်။ အင်စတာဂရမ်ရဲ့ app update မှာခုဆိုရင် စက္ကန့် ၆၀ ရတဲ့ ဗီဒီယိုတင်ဆက်မှုတွေအပြင် ကြော်ငြာတွေပါ ထည့်သွင်းပေးလိုက်ပြီလည်းဖြစ်ပါတယ်။ ဗီဒီယိုအပိုင်းကို အင်စတာဂရမ်က ပိုပြီးအလေးပေးလာတဲ့အမျှ ဗီဒီယိုတွေကြည့်ရှုမှုရာခိုင်နှုံး ၁၅၀ အထိတိုးလာတယ်လို့ အဲဒီကုမ္မဏီက ကြာသပတေးနေ့က ပြောသွားပါတယ်။ ချန်နယ်အသစ် ၂၀ ကျော်ထပ်ပြီး ထည့်သွင်းပေးလိုက်တာဟာလဲ ဗီဒီယို ကြည့်ရှုမှုကို ပိုပြီးများလာအောင်လုပ်ဆောင်တာလို့ ယူဆရပါတယ်။

အသစ်ထည့်ပေးလိုက်တဲ့ ဗီဒီယိုချန်နယ်စာရင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာလဲ ဒီစာရင်းကို တိုးသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

  • Oddly Satisfying
  • Cheerleaders
  • Dancers
  • Calligraphy
  • Special Effects Makeup
  • Comedians
  • Barbers
  • Cake Decorating
  • Ceramics
  • Comic Book Artists
  • Pitbulls
  • Gymnasts
  • Nail Artists
  • Hair Tutorials
  • Singers
  • Bakers
  • Makeup Tutorials
  • Ballet Dancers
  • Trickshots
  • Artists
  • Makers & Artisans
  • Baseball Players
  • Skateboarders

ဒီစာရင်းမှာ ထည့်သွင်းသင့်တဲ့ အခြားသော ချန်နယ်များရှိစေချင်ရင် မှတ်ချက်ပေးသွားပါခင်ဗျာ။

ကိုးကား။ ။ Karrisa Bell ရဲ့ Instagram’s new video channels will help you geek out over your obsessions ကို ဘာသာပြန်ပါသည်။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*