သင့်လက်ထဲက ကင်မရာက အကောင်းဆုံးပါ သို့မဟုတ် #Blizzard2016 ရဲ့ နာမည်အကြီးဆုံး ဓါတ်ပုံတစ်ပုံ၏ နောက်ကွယ်ကဇာတ်လမ်း

Processed with VSCOcam with acg preset
Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


၂၀၁၆ အစောပိုင်းက နှင်းမုန်တိုင်း ယိုနက်စ် လို့ခေါ်တဲ့ #Blizzard2016 သို့မဟုတ် #Snowpocalypse2016 နဲ့အတူ အံ့မခန်းဖွယ်ကောင်းတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီနှင်းမုန်တိုင်းကို ခင်ဗျားဘယ်လိုပဲခေါ်ခေါ်အကြောင်းတော့မဟုတ်ပါဘူး၊ သေချာတာကတော့ ဓါတ်ပုံဆရာ Michele Palazzo ခေါ် Instagram အကောင့် @streetfauna ရဲ့ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့က နှင်းမုန်တိုင်းဓါတ်ပုံတစ်ပုံဟာ တခြားသော နှင်းမုန်တိုင်းဓါတ်ပုံတွေထက်စာရင် အင်တာနက်မှာ ကျယ်ကျယ်လောင်လောင်နဲ့ ပြန့်နှံ့သွားခဲ့ပါတယ်။

ဒီ အံ့မခန်း အနုပညာဆန်လွန်းလှတဲ့ ဓါတ်ပုံ frame အတွင်းမှာ ကမ္ဘာပေါ်က ကြီးကျယ်တဲ့ နေရာတစ်ခုဖြစ်တဲ့ နယူးယောက်မြို့  the Flatiron အဆောက်အဦးနဲ့အတူ  နှင်းမုန်တိုင်း ယိုးနက်စ်က ပေးစွမ်းတဲ့ အလွန်ခြောက်ဖြားဖွယ်ကောင်းတဲ့ ရာသီဥတုအခြေအနေကို ဖော်ပြသွားခဲ့ပါတယ်

အင်တာနက်ကနေတဆင့် လူပေါင်းများစွာဟာ ဒီဓါတ်ပုံကို အချိန်တိုအတွင်းမှာ ဝေမျှခဲ့ပြီး 500px ဝက်ဘ်ဆိုက်တစ်ခုတည်းမှာတင် like ပေါင်း ၂၃၀၀ ကျော်ရှိခဲ့တာမို့လို့ ကျွန်တော်တို့ ဒီဓါတ်ပုံရဲ့ နောက်ကွယ်က ဇာတ်လမ်းကို သိရှိချင်ခဲ့ပါတယ်။ ဒီဓါတ်ပုံကိုရိုက်ခဲ့တုန်းက ဘယ်လိုမျိုးအခြေအနေတွေကြားမှာလဲ၊ ဘယ်လိုကင်မရာတွေ ဂီယာတွေသုံးခဲ့တာလဲ? ဘယ်လိုတည်းဖြတ်ခဲ့လာ စတာတွေသိရှိစေဖို့အတွက် မစ်ချီလီကို ကျွန်တော်တို့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ပထမဆုံးအချက်ကတော့ ဒီဓါတ်ပုံကို DSLR နဲ့ရိုက်ခဲ့တာမဟုတ်ဘူးဆိုတာသိလာတဲ့အခါ သင်အံ့သြသွားမှာပါ။ ဒီဓါတ်ပုံကို Ricoh GR ကင်မရာလေးနဲ့ ရိုက်ကူးခဲ့တာပါ။

“ကျွန်တော့ရဲ့ Fuji Film X-T1 ကိုရောင်းပြီး X-Pro2 ကိုသွားမဝယ်ခင် တရက်မှာပေါ့ဗျာ၊ တကယ့်ဟာသပုံပြင်ပါပဲ အဲဒီအချိန်က ကျွန်တော့လက်ထဲမှာ Ricoh GR ကင်မရာလေးပဲရှိခဲ့တာ” လို့ မစ်ချီလီက ဖြေပါတယ်။

2016
2016

“ပုံမှန်စနေတနင်္ဂနွေပိတ်ရက်တွေလိုပါပဲ အဲဒီနေ့မနက်ခင်းမှာ အစောကြီးနိုးနေခဲ့တယ်ဗျ၊ ပြီးတော့ နှင်းမုန်တိုင်းသတင်းကြောင့် ကလေးတစ်ယောက်လိုစိတ်လှုပ်ရှားနေခဲ့တယ်လေ” မစ်ချယ်လီကဆက်ပြောတယ် “ကျွန်တော့်ကောင်မလေးက အိပ်တဝက်နိုးတဝက် နဲ့ မျက်စိတဖက်ဖွင့်ကြည့်ပြီး ဒီလောက်အစောကြီးဘယ်သွားမလို့လဲ ဆိုတဲ့အကြည့်နဲ့ကြည့်ခဲ့တယ်” ကျွန်တော်က ” ဆက်အိပ်နေ၊ သိပ်မကြာခင် ပြန်လာခဲ့မယ်” လို့ပြောပြီး စိတ်လှုပ်ရှားစွာနဲ့ အပြင်ကိုထွက်လာခဲ့တယ်။

အပြင် နှင်းမုန်တိုင်းကြားထဲမှာ နှင်းမှုံတွေလွင့်နေလို့ သိပ်ပြီးတောင်မမြင်ရတဲ့ကြားထဲ အအေးဒဏ်ကြောင့် သူ့နားတွေ နှင်းကိုက်တာမခံရအောင် ခေါင်းစွပ်အနွေးထည်နဲ့ ဦးထုပ်ဆောင်းထားလို့ ကောင်းကောင်းမမြင်ရပေမယ့် မစ်ချယ်လီက ဓါတ်ပုံစပြီးရိုက်ခဲ့ပါတယ်၊ မူလလက်ဟောင်းနည်းအတိုင်းဘဲလေ။

“ကျွန်တော့် Ricoh GR ကိုအသုံးပြုရင် ရှေးဟောင်းနည်းအတိုင်းပဲ ရိုက်ခဲ့တယ်ဗျ၊ ရှေးဟောင်းနည်းကဘာများလဲဆိုတော့ ရိုက်ပြီးတာနဲ့ ကင်မရာ စကရင်မှာ ပုံတွေကိုချက်ချင်းပြန်မကြည့်ဘဲ အိမ်ရောက်မှပြန်ကြည့်တာမျိုးဗျ၊ နောက်ပိုင်းမှာ ကောင်းတာလေးတစ်ခုခုလောက် ပုံတွေထဲမှာ တွေ့သွားရင် ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုတစ်မျိုးကို ကျွန်တော်ရနိုင်တယ်လေလို့” ကျွန်တော်တို့ကိုပြောပါတယ်။

2016
2016
2016
2016
2016
2016

အဲဒီအချိန်တုန်းက တစ်ခုခု ထူးထူးခြားခြား ကိုတွေ့လောက်မယ်လို့ မျှော်လင့်ထားခဲ့တာ အမှန်တကယ် အကြီးကြီးကို ဖြစ်လာခဲ့ပါတယ်။ အထင်ကရဖြစ်တဲ့ Flatiron အဆောက်အဦးရဲ့ တစိတ်တပိုင်းကို ရိုက်ထားတဲ့ တခြားဓါတ်ပုံတွေအထဲက လှပတဲ့ပုံဓါတ်တစ်ပုံမှာ ပန်းချီဆန်ဆန် နဲ့ နှှင်းမှုံတွေလွင့်နေပြီး အဆောက်အဦးပတ်ချာလည်မှာ လူတွေရှင်းနေတဲ့အခိုက်အတန့်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မစ်ချယ်လီရဲ့ အဆိုအရ ဆိုရှယ်မီဒီယာကွန်ယက်တွေမှာ အချိန်အနည်းငယ်အတွင်းဝေမျှပြီးသားဖြစ်သွားတဲ့ အဲဒီဓါတ်ပုံကို VSCO filter ဖြစ်တဲ့ ACG သုံးပြီး detail ရယ် cold color ဖြစ်အောင် ပြုပြင်ခဲ့ပါတယ်။ မစ်ချဲလီ ဒီဓါတ်ပုံကိုတင်လိုက်တဲ့ အချိန်တိုအတွင်းမှာ  ထောင်နဲ့ချီတဲ့ like တွေ၊ ကြိုက်နှစ်သက်မှုကိုဖော်ပြတဲ့ အသည်းပုံတွေကို ရရှိပြီး အင်တာနက်သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ချက်ချင်းနီးပါး ရရှိသွားခဲ့ပါတယ်။

မစ်ချယ်လီက အဲဒီမနက်က နှင်းမုန်တိုင်းအတွင်းမှာ ရိုက်ကူးခဲ့တဲ့ ပုံတစ်ချို့ကိုလဲ ကျွန်တော်တို့ဆီ သဘောထားကြီးစွာနဲ့ ပို့ပေးခဲ့ပါတယ်။ ကြည့်လိုက်ပါဦး။

2016
2016
2016
2016
2016
2016
2016
2016
2016
2016
2016
2016

မစ်ချယ်လီရဲ့ တခြားဓါတ်ပုံတွေကြည့်ရဖို့ 500px, Instagram နဲ့ Twitter တို့အပြင် သူ့ website ကို သွားကြည့်သင့်ပါတယ်။ နိဂုံးချုပ်ရရင်တော့ နောင်တစ်ချိန် သင်နေတဲ့အရပ်မှာ နှင်းမုန်တိုင်းကြီးကြီးမားမားကျဖို့ရှိလာရင် ခင်ဗျားရဲ့ အဓိကသုံးနေတဲ့ ကင်မရာရောင်းလိုက်ရင်တောင်မှ လက်ထဲမှာရှိတဲ့ ကင်မရာနဲ့ အပြင်ထွက်ပြီး ဓါတ်ပုံရိုက်ဖို့ သတိရလိုက်ပါ။

ကိုးကား။ ။The Story Behind the Most Viral Photo from #Blizzard2016 Published by DL Cade ကို ဘာသာပြန်ပါသည်။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*