မိုးလား… လေလား… အဏုမြူလား…

မှိုပွင့်သဏ္ဌာန်တိမ်တောင်ကြီး
image credit: Jerry Ferguson
Unicode Version | Zawgyi-One Version

အမေရိကန်နိုင်ငံ၊ အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တော်ပေါ်ဖြစ်ပေါ်နေတဲ့ microburst ခေါ်ရာသီဥတုဖြစ်စဉ်တစ်မျိုးကို သတင်းဟယ်လီကော်ပတာပေါ်ကနေ ဓာတ်ပုံရိုက်ကူးသူ ဂျယ်ရီ ဖာဂူဆန် တွေ့ရှိခဲ့ပြီး ဒီထူးရှားဖြစ်စဉ်ဓာတ်ပုံကို ရိုက်ယူနိုင်ခဲ့ပါတယ်။

microburst ဆိုတာ တိုနေးဒိုးပြောင်းပြန်နဲ့တူပါတယ်။ တိုနေးဒိုးဟာ အထဲစုပ်ပြီး အပေါ်မြောက်တင်တိုက်ပါတယ်။ microburst ကတော့ အောက်ကိုဆွဲချပြီး အပြင်ကိုမှုတ်ထုတ်ပါတယ်။ လေနှင့်အတူ မိုးသည်းထန်စွာသွန်းတတ်ပါတယ်။

ဖီးနစ်မြိုပေါ် အဏုမြူဗုံးဖောက်ခွဲလိုက်တာနဲ့တူတယ်လို့ ဖာဂူဆန်က Petapixel ကိုပြောပါတယ်။ အောက်မှာတော့ မှိုပွင့်သဏ္ဌာန်တိမ်တောင်ကြီးကို ဖီးနစ်မြို့ပေါ်တွေ့နိုင်ပါတယ်။

မှိုပွင့်သဏ္ဌာန်တိမ်တောင်
image credit: Jerry Ferguson

ဖာဂူဆင် ဒီပုံတွေကို Canon 5D Mark III ကင်မရာ၊ Tamron 24-70mm f2.8 VR နဲ့ Canon 70-200mm f2.8 IS II မှန်ပြောင်းတွေသုံးပြီးရိုက်ခဲ့ပါတယ်။

“ဟယ်လီကော်ပတာကလှုပ်နေပါတယ်။ ကျွန်တော်ကလည်းလက်နဲ့ပဲ ကိုင်ရိုုက်နေတာပါ။ အလင်းလည်းသိပ်မရှိတဲ့အတွက် အပါရှာကိုုကြီးကြီးဖွင့်၊ မှန်ပြောင်းတုန်ခါမှုထိန်းချုပ်တဲ့စနစ်ကိုသုံုးပြီး ရှာတာဦးစားပေးမုဒ်မှာ တုန်ခါမှုမဖြစ်နိုုင်တဲ့ အမြင့်ဆုံးရှာတာစပီး (1/400s) ကိုသုံးရိုုက်ခဲ့ပါတယ်။ (histogram မှာ) ညာဖက်ကပ်၊ bracketing သုံးပြီးပုံများစွာရိုုက်ခဲ့ပါတယ်။” လို့ ဖာဂူဆင်ကပြောပါတယ်။

via Petapxel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*