မီးမိုးရွာခြင်း – A Steel Wool Experiment

မီးမိုးရွာခြင်း
Photo by Untamed Science
Unicode Version | Zawgyi-One Version

“Creating Fire Rain: A Steel Wool Experiment” အမည်ရှိတဲ့ ၄-မိနစ်စာ ဗီဒီရိုကျူတိုရီရယ်တစ်ပုဒ်ကို GoPro ထုတ်လွင့်လိုက်ပါတယ်။ steel wool ကိုသုံးပြီး မီးမိုးရွာသလို ဘယ်လိုလုပ်မလဲဆိုတာပြထားပါတယ်။ ဒီနည်းဟာကုန်ခဲ့တဲ့နှစ်တွေအတွင်း အကောင်းအဆိုးနှစ်မျိုးလုံးနဲ့ နာမည်ကြီးခဲ့ပါတယ်။

ဒီလို steel wool နဲ့ဓာတ်ပုံရိုက်တာ အန္တရာယ်များပါတယ်။ ထင်ရှားတဲ့သဘောၤပျက်တစ်စီးနဲ့ ၁၉၂၀ ခုနှစ်ကဆောက်ထားတဲ့ အဆောက်အဦးတစ်လုံးဟာ ၂၀၁၆ တနှစ်ထဲမှာပဲ ဒီ steel wool photography ကြောင့် မီးလောင်ပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် ဒီဓာတ်ပုံအမျိုးအစားကို အန္တာရယ်ကင်းပစ္စည်းတွေနဲ့ ဘေးပတ်ဝန်းကျင်ကိုသေချာဂရုစိုက်ပြီး ဓာတ်ပုံရိုက်မဲ့ နေရာကိုလဲအသုံးပြုခွင့်ရှိမှ ရိုက်သင့်ပါတယ်။

ဒီဗီဒရိုထဲမှာ Untamed Science က Rob Nelson နဲ့ Jonas Stenstom တို့ဟာ မီးမိုးရွာဖို့ပြင်ဆင်နည်းတွေကိုပြသခဲ့ပါတယ်။ ထီးကိုင်ထားတဲ့မော်ဒယ်ကို မီးပွားတွေကြားထဲ ရပ်ခိုင်းထားခဲ့တာကြောင့် long exposure ဓာတ်ပုံတွေဟာအရမ်းကို ကောင်းနေခဲ့ပါတယ်။

မီးမိုးရွာခြင်း1
Photo by Untamed Science

ဒီဗီဒရိုတစ်ခုလုံးကို GoPro HERO4 ကင်မရာနဲ့ရိုက်ခဲ့တာပါ။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*