မော်ဒယ်မဟုတ်သူများအတွက် ကင်မရာရှေ့ကိုယ်ဟန်ပြနည်း ၇-နည်း (အပိုင်း-၂)

မော်ဒယ်3
Unicode Version | Zawgyi-One Version

မော်ဒယ်မဟုတ်သူများအတွက် ကင်မရာရှေ့ကိုယ်ဟန်ပြနည်း ၇-နည်းရဲ့ ဒုတိယပိုင်းအဆက်ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ပထမပိုင်းကို အောက်ပါ link မှာဖတ်ရှုနိုင်ပါတယ်။

မော်ဒယ်မဟုတ်သူများအတွက် ကင်မရာရှေ့ကိုယ်ဟန်ပြနည်း ၇-နည်း (အပိုင်း-၁)

Digital Photography Myanmar ရဲ့ ပေါ့ထရိတ်နှင့်ဆိုင်သော တခြားဆောင်ပါးတွေကိုအောက်မှာ ဖတ်ရှုနိုင်ပါတယ်။

ဖြတ်တောက်ခြင်းရဲ့အနုပညာ
Portrait ဓါတ်ပုံဆရာတွေအတွက် အကောင်းဆုံး မှန်ဘီလူး ၈ လုံး

Basic Photography နဲ့ Tips and Tutorials တွေကိုလည်း ဖတ်ရှုနိုင်ပါသေးတယ်။

မော်ဒယ်မဟုတ်သူတွေ ကင်မရာရှေ့ကိုယ်ဟန်ပြမျက်နှာမထားတတ်တဲ့အခါမှာ အသုံးဝင်မယ့် အချက် ၇-ချက်ထဲက အချက်လေးချက်ကို ပထမပိုင်းမှာ ရှင်းခဲ့ပြီးပါပြီ။ ကျန်ရှိတဲ့အချက်သုံးချက်ကို ဆက်ရှင်းပါမယ်။

(၅) ပခုံးကိုလှည့်ပါ

ရိုးစင်းပေမယ့် အရေးကြီးတဲ့အချက်ပါ။ ကင်မရာကိုအရှေ့တည့်တည့်ကရပ်ပြီးကြည့်နေရင် မော်ဒယ်ရဲ့အလုံးအထည်ကြီးတယ်လို့ထင်ရပါတယ်။ ဘောလုံးသမားဒါမှမဟုတ် ကုမ္ပဏီတစ်ခုရဲ့ CEO ကိုဓာတ်ပုံရိုက်နေရင်တော့ဒါဟာကောင်းပါမယ့် အလှပေါ့ထရိတ်ရိုက်နေချိန်မှာတော့ မကောင်းပါဘူး။ လူကိုအနည်းငယ်စောင်းခိုင်းလိုက်ခြင်းဖြင့် ပါးလှပ်တဲ့ကိုယ်လုံးကိုရရှိစေပါတယ်။

မောျဒယျ9

တည့်တည့်ရပ်နေတဲ့အချိန်မှာရှိတဲ့ကိုယ်ခန္ဒာရဲ့အရွယ်အစားကို အနီရောင်လိုင်းနဲ့ပြပါတယ်။ စောင်းရပ်လိုက်တဲ့အခါမှာ ဖြစ်သွားတဲ့ ကိုယ်ခန္ဒာရဲ့အရွယ်ကို ဒုတိယပုံမှာမြင်ရပါတယ်။

(၆) မျက်ဝတ်ဖြူကိုမပြပါနဲ့

အိပ်မက်ထဲမှာလိုလို ဆွေးဆွေးငေးငေးပုံအတွက်မော်ဒယ်ကို “ဟိုနေရာကိုကြည့်” လို့မပြောပါနဲ့။ မျက်လုံးကိုထိမ်းလို့ရအောင် မိတ်ဆွေရဲ့အနောက်မှာရှိတဲ့ အရာတစ်ခုခုကိုသာကြည့်ခိုင်းလိုက်ပါ။

မောျဒယျ10

ပထမပုံမှာမော်ဒယ်ကို ဘေးနားရှိတံခါးပေါက်ကိုကြည့်ခိုင်းထားတာပါ။ ပုံမှာမျက်ဝတ်ဖြူတော်တော်များများကို မြင်နေရပါတယ်။ ဒါမကောင်းပါဘူး။ မျက်ဆံအနက်ကိုမြင်ရမှအဆင်ပြေမှာပါ။ နောက်တပုံမှာတော့တံခါးပေါက်အနားက ပြတင်းပေါက်ကိုကြည့်ခိုင်းထားပါတယ်။ မျက်ဝတ်ဖြူကိုမမြင်ရတော့တဲ့အတွက်ကြောင့် ကောင်းတဲ့ပေါ့ထရိတ် ပုံတစ်ပုံဖြစ်လာပါတယ်။

(၇) နှာခေါင်းမထွက်ပါစေနဲ့

ဒီအချက်ကနဲနဲပိုခက်ပါတယ်။ ဒါပေမယ့်လဲအရေးကြီးပါတယ်။ မော်ဒယ်ရှေ့တည်တည့်ကြည့်နေတဲ့ပုံကိုမလိုချင်တဲ့အခါ မော်ဒယ်ကိုစောင်းခိုင်းရပါမယ်။ ဒီလိုလေးပုံတစ်ပုံခန့် စောင်းခိုင်းလိုက်တဲ့အခါမှာ မျက်နှာတခြမ်းနဲ့ မျက်လုံးနှစ်လုံးလုံးကိုပုံထဲမြင်ရမှာပါ။ ဒီအချိန်မှာ နှာခေါင်းဟာမျက်နှာကိုကျော်ပြီးထွက်မနေသင့်ပါဘူး။

မောျဒယျ11

တကယ်လို့မျက်နှာကို အစောင်းလွန်သွားတဲ့အခါ နှာခေါင်းဟာအပြင်ကိုထွက်သွားပြီး ရှိတာထက်ပိုရှည်တယ်လို့ထင်ရစေပါတယ်။ ဒါကိုရှောင်လွှဲဖို့ နှာခေါင်းအထဲကိုပြန်ဝင်အောင်ပြန်စောင်းခိုင်းနိုင်ပါတယ်။

ဒါတွေကိုပေါင်းလိုက်တဲ့အခါ

မောျဒယျ

အပိုင်း (၁) နဲ့ (၂) ကိုပေါင်းပြီး နောင်တစ်ကြိမ်ဓာတ်ပုံရိုက်ရင် လိုက်နာသင့်တဲ့ checklist ပါ။

– ဆံပင်ရဲ့တခြမ်းက ပခုံးရဲ့အနောက်မှာရှိပြီး နောက်တခြမ်းကအရှေ့မှာရှိသင့်ပါတယ်
– မေးရိုးပေါ်အောင်မေးထိုးထားရပါမယ်
– လက်ကို ကိုယ်ကနေခွာထားပါ
– ခါးရဲ့အနောက်မှာ ခါးနဲ့တဆက်တည်းဖြစ်နေတယ်လို့ ထင်ရမယ့်အရာတွေမရှိစေပါနဲ့
– ပခုံးကိုစောင်းထားပါ
– မျက်ဝတ်ဖြူထက် မျက်ဆံနက်ပေါ်ပါစေ
– မျက်နှာရှေ့တွင် နှာခေါင်းရှည်ထွက်မနေပါစေနဲ့

ဒီအချက်တွေကို သုံးပြီးပုံကောင်းလေးတွေထွက်လာလာတဲ့အခါ ကျွန်တော်တော်တို့ကိုလှမ်းလက်တို့လိုက်ပါ။

via Tuts+ Photography


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

2 Comments on မော်ဒယ်မဟုတ်သူများအတွက် ကင်မရာရှေ့ကိုယ်ဟန်ပြနည်း ၇-နည်း (အပိုင်း-၂)

  1. သူများပုံတွေ ကူးယူဖော်ပြထားတာ ဓါတ်ပုံပညာလိုက်စားပြီး ethic မရှိတာ ယှက်စရာပါဗျာ

    • ကျေးဇူးတင်ပါတယ်။ ဒီဆောင်းပါးကိုဘယ်ကရယူထားတယ်ဆိုတာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published.


*