
လူတိုင်းမော်ဒယ်တွေကိုဓာတ်ပုံမရိုက်ပါဘူး။ တော်တော်များများကတော့ နေ့စဉ်တွေ့မြင်နေရတဲ့ လူတွေကိုပဲ မော်ဒယ်လိုသဘောထားပြီးရိုက်နေရတာပါ။ ဒီတော့ မော်ဒယ်မဟုတ်သူတွေ ကင်မရာရှေ့ကိုယ်ဟန်ပြမျက်နှာမထားတတ်တဲ့အခါမှာ ဘယ်လိုလုပ်ရမလဲ။ (ဤနေရာတွင် မော်ဒယ်မဟုတ်သူများဆိုသည်မှာ modelling ပညာရပ်အား တတ်ကျွမ်းမှုမရှိသူများ အားဆိုလိုပါသည်။)
ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့အခါ အသုံးဝင်မယ့် အချက် ၇-ချက်ပါ။
(၁) ဆံပင်
ဓာတ်ပုံရိုက်တဲ့အခါမှာ ဆံပင်ကို သိပ်အလေးမထားမိကြပါဘူး။ ဒါပေမယ့် မိတ်ဆွေရဲ့ဆံပင်ရှည်ရှည်နဲ့ မော်ဒယ်မှာသာအရုပ်ဆိုးတဲ့ဆံပင်သာရှိနေပါက ဒါကိုကြည့်ရှုသူတွေ ကပထမဦးဆုံးသတိပြုမိပါမှာ။
ဘယ်ဆံပင်မျိုးကအကောင်းဆုံးဆိုတာ သတ်မှတ်ထားတာတော့မရှိပါဘူး။ ဒါပေမယ့် မှတ်ထားရမှာကတော့ အောက်ပုံပါ အမှတ် (၁) ကဲ့သို့ ပခုံးပေါ်တင်နေတဲ့ ဆံပင်ဟာအရုပ်ဆိုးပါတယ်။
တခြားပုံတွေကိုတော့ မော်ဒယ်ရဲ့ မျက်နှာကျပေါ်မူတည်ပြီးသုံးနိုင်ပါတယ်။ ဒီကျုတော်ရီရယ်တွက်တော့ နံပတ် (၆) ကိုအသုံးပြုထားပါတယ်။ ဒီဆံပင်ပုံစံဟာ မော်ဒယ်ရဲ့မျက်နှာကို ရှင်းလင်းစွာမြင်ရစေပါတယ်။
(၂) မေး (နှင့်နားရွက်) ရှေ့သို့ယူပါ
သာမန်အေးအေးဆေးဆေး ဒါမှမဟုတ် မတ်မတ်ရပ်ရပ်နေတဲ့ချိန်တွေမှာတောင်မှ မေးရဲ့အောက်မှာလည်ပင်းခေါက်ပေါ်ပါတယ်။ ဘယ်လောက်ပဲပိန်ပိန်ပေါ်ပါတယ်။ ဒီအခါမှာမိတ်ဆွေက မော်ဒယ်ကိုမေးထိုးခိုင်းရင် မော်ဒယ်က သူ့ရဲ့မျက်နှာကိုမြှင့်လိုက်တဲ့အတွက်သူုရဲ့ နာခေါင်းပေါက်ကို ဓာတ်ပုံရိုက်သလိုဖြစ်သွားပါတယ်။ တကယ်လုပ်ရမှာက မော်ဒယ်ရဲ့နားရွက်ကို အရှေ့သို့ယူခိုင်းရမှာပါ။
အပေါ်ကပုံမှာ နားရွက်ကိုရှေ့သို့မပို့မှီနဲ့ ပို့ပြီးပုံကိုပြထားပါတယ်။
ဘေးမှမြင်တွေ့ရပုံပါ။
ယောက်ျားမော်ဒယ်ပုံပါ။ နားရွက်နဲ့ မေးမထုတ်ထားမှီပုံက ဓာတ်ပုံမစားပါဘူး။
3. လက်ကိုမထားပါ
လူတွေပုံမှန်ရပ်နေတဲ့အခါမှာ လက်မောင်းတွေကပြားနေပြီး ရလဒ်ကတော့ပုံထဲမှာလက်မောင်းတွေဟာ နဂိုထက်ကြီးနေပါတယ်။
ဒီတော့လက်ကိုအနည်းငယ်မခိုင်းထားလိုက်ပါ။ သို့မဟုတ်ပါက ခါးထောက်ခိုင်းလိုက်ပါ။ အပေါ်ကပုံမှာ လက်မောင်းရဲ့အရွယ်အစားနဲ့ အနီရောင်လိုင်းရဲ့အရှည်ဟာအတူတူပါ။ ၎င်းအနီရောင်လိုင်းကို ဒုတိယပုံပေါ်တင်လိုက်တဲ့အခါလက်မောင်းဘယ်လောက်ငယ်သွားတယ်ဆိုတာမြင်တွေ့နိုင်ပါတယ်။
(၄) ခါးမှာတစ်ကွက်ချန်ထားပါ
ပိန်တာကိုလူတိုင်းကြိုက်ပါတယ်။ ဒီလိုဖြစ်ဖို့ ဓာတ်ပုံဆရာအနေနဲ့ လုပ်နိုင်တာကတော့ ခါးပေါ်အောင်ရိုက်တာပါ။ သေးတဲ့ ခါး/ဝမ်းဗိုက်နေရာမှာတဆက်တည်း ဘာမှရှိမနေပါစေနဲ့။
ကျွန်တော့ရဲ့မော်ဒယ်ကိုခါးထောက်ခိုင်းလိုက်ပါတယ်။ ပထမပုံမှာ လက်နဲ့ကိုယ်နေရာမှာ ကွက်လပ်ရှိမနေတာကြောင့် တဆက်တည်းဖြစ်နေပါတယ်။ လက်မောင်းကိုအနည်းငယ်ခွာခိုင်းလိုက်ခြင်းဖြင့် ကွက်လပ်ထွက်လာပြီး ခါးသေးတဲ့ပုံစံဖြစ်သွားပါတယ်။
ပထမပုံမှာ အနီရောင်လိုင်းက လက်နဲ့ကိုယ်တဆက်တည်းဖြစ်နေတဲ့အရွယ်အစားကိုပြပါတယ်။ ဒုတိယပုံမှာတော့ လက်ကိုခွာလိုက်တဲ့အခါသေးသွားတဲ့ခါးရဲ့ပုံပါ။
ဒီနည်းကလက်နဲ့ပဲဆိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့မော်ဒယ်ကိုရှိတာထက်ပိုကြီးတယ်လို့ထင်ရတဲ့အရာအားလုံးပါပါတယ်။ ဥပမာအားဖြင့် တခြားလူတွေ၊ ပင်စည်တွေနဲ့ မီးတိုင်တွေပါ။
ဆက်လက်ဖော်ပြပါမည်။
via Tuts+ Photography
Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။
Leave a Reply