ရေနစ်သူဓာတ်ပုံဆရာတို့အတွက်ကောက်ရိုးတစ်မျှင်

Unicode Version | Zawgyi-One Version

ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေဆိုတာ ငွေကြေးနဲ့ ဝယ်ရရတဲ့ ပစ္စည်းတွေသာဖြစ်ပြီး ဈေးသက်သာတယ်ရယ်လို့မရှိပါဘူး။ အထူးသဖြင့် ခေတ်ပေါ် မှန်ဘီလူးနဲ့ ကင်မရာကိုယ်ထည်တွေက ဒေါ်လာရာဂဏန်း မှ မပေးရင် ပိုင်ဆိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ အကယ်လို့ ဝယ်ယူပြီးသွားရင် မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေ ပျောက်ဆုံးတာ ခရီးသွားရင် မေ့ကျန်ခဲ့တာ စတာတွေဟာ ဓာတ်ပုံဆရာအတွက် တော့ သတင်းကောင်း မဟုတ်လှပါဘူး ကျန်ခဲ့တဲ့ နှစ်အနည်းငယ်များစီက ကင်မရာနဲ့ စပ်ဆက် ပစ္စည်းပျောက်ဆုံးမှုတွေအများစုက ခရီးသွားရင်း ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ပိုပြီးဆိုးရွားတဲ့ ကိစ္စတစ်ခုက ခိုးယူခံရခြင်း ဖြစ်ပါတယ်။

Photo: Petapixel
Photo: Petapixel

အဲဒီတော့ ဒီအဖြစ်မျိုးတွေမဖြစ်အောင် ငွေကြေးတစ်စုံတရာမကုန်တဲ့ အကာအကွယ်တစ်ခုတော့ရှိပါတယ်။ အပြည့်အဝကြီး အကာအကွယ်မပေးပေမယ့် အတိုင်းအတာတစ်ခု အထိတော့ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား Trevor Sehrer ဆိုသူက Lenstag ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခု တင်ထားပြီး ဓာတ်ပုံဆရာတွေရဲ့ မှန်ဘီလူးတွေ ကင်မရာကိုယ်ထည် တွေကို ဝက်ဘ်ဆိုက်မှာ register လုပ်ခွင့်ပေးထားပါတယ်။

Photo: Lenstag
Photo: Lenstag

သူ့ရဲ့အလုပ်လုပ်ပုံက ရှင်းပါတယ်။ မှန်ဘီလူးတွေ ကင်မရာ ကိုယ်ထည်တွေမှာ ပါတဲ့ မော်ဒယ်နဲ့ နံပါတ်တွေကို မဝယ်ခင်မှာ Lenstag မှာ ရှာကြည့်ပါ။ တကယ်လို့ အဲဒီ နံပါတ်ကို မှတ်ပုံတင်ထားတဲ့နေရာမှာ အခြားသူရဲ့ နာမည်နဲ့ ပေါ်နေရင် ရှင်းပါတယ် ခိုးခံထားရတဲ့ မှန်ဘီလူးဖြစ်ဖို့သေချာသလောက်ပါပဲ။ မှတ်ပုံတင်ထားတဲ့ သူရဲ့ နာမည် နဲ့ အီးမေးလ် မှတဆင့် ပိုင်ရှင်ကို ဆက်သွယ်လိုက်ပါ။ အသစ်ဆိုရင်တော့ ဒီစာရင်းထဲမှာ ပါစရာ အကြောင်းမရှိပါဘူး။ အကယ်လို့ အဟောင်းပြန်ဝယ်တယ်ဆိုရင်လဲ ပြန်ရောင်းတဲ့ သူရဲ့နာမည်နဲ့ ဂီယာတွေရဲ့ နာမည်ကို တိုက်ကြည့်ပါ။ အကယ်လို့ Lenstag မှာ မှတ်ပုံတင်ထားရင်တော့ ပိုင်ရှင်ရဲ့ နာမည်နဲ့ ဂီယာကို တွေ့နိုင်မှာဖြစ်ပြီး Lenstag မှာ ပိုင်ရှင်ရဲ့ နာမည်ပြောင်းပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Lenstag1 Lenstag2

Photo: Lenstag
Photo: Lenstag

အဲဒါတွေမဟုတ်ဘဲ အသစ်ဝယ်လိုက်တဲ့ မှန်ဘီလူးတွေ ကင်မရာဘော်ဒီတွေကိုတော့ ခင်ဗျားရဲ့ နာမည်နဲ့ မှန်ဘီလူးတွေ ကင်မရာဘော်ဒီတွေမှာ ပါတဲ့ မော်ဒယ်နဲ့ နံပါတ်ကို သုံးပြီး မှတ်ပုံတင်ထားလိုက်ရုံပါပဲ။ အကယ်လို့ မတော်တဆ ပျောက်ဆုံးခဲ့ရင် Lenstag ရဲ့ ပျောက်ဆုံး/အခိုးခံရတဲ့ ပစ္စည်းစာရင်းထဲကို ထည့်လိုက်ဖို့လိုပါတယ်။ ကံကောင်းရင်တော့ ပြန်ရနိုင်ပါတယ်။ ပြန်ရဖူးတဲ့ လူတွေလဲရှိပါတယ်။

ဒီနည်းက အလုံးစုံ အာမခံနိုင်တယ်လို့ မဆိုနိုင်ပေမယ့် အကာအကွယ် ဘာမှမရှိတာထက်စာရင်တော့ မျှော်လင့်ချက်လေး ရှိတယ်လု့ိဆိုနိုင်ပါတယ်။ အသုံးပြုဖို့ အခကြေးငွေလဲ မပေးရဘူးဆိုတဲ့အတွက် သိပ်တော့ မဆိုးလှပါဘူး။ သင့်ဂီယာတွေကို မှတ်ပုံတင်ထားချင်ရင်တော့ www.lenstag.com မှာ အကောင့်ဖွင့်ပြီး မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ Android နဲ့ iOS အတွက်လည်း အခမဲ့ App တွေရှိပါတယ်။

Android အတွက် Lenstag ကို ဒီမှာ ယူပါ။

iOS အတွက် Lenstag ကို ဒီမှာ ယူပါ။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*