ရေအောက်သုံးအကြမ်းခံကင်မရာ အကောင်းဆုံး (၇) မျိုး

ရေအောက်သုံးအကြမ်းခံကင်မရာ
Unicode Version | Zawgyi-One Version

active lifestyle camera သို့ အကြမ်းခံကင်မရာ တွေဟာ ပစ္စည်းကိုညှာစရာမလိုပဲ ကြမ်းတမ်းတဲ့နေရာနဲ့ အချိန်တွေမှာ ဓာတ်ပုံတွေရိုက်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားပါတယ်။ အနှစ်သက်ဆုံးအဖြစ် အခုရွေးချယ်ထားတဲ့ ရေအောက်သုံးကင်မရာတွေဟာ ဖျက်ဆီးလို့မရလောက်အောင် အမာခံတဲ့ စွမ်းအားမြှင့်ကင်မရာငယ် တွေဖြစ်ပါတယ်။ နှင်းလျှောပဲစီးစီး၊ ရေလွှာချောပဲစီးစီး၊ ပင်လယ်သဲသောင်ပြင်ပဲသွားသွား၊ လှေပဲလှော်လှာ်၊ တောင်ပဲတက်တက် ဘာပဲလုပ်လုပ် အကာအကွယ်မပါတဲ့ DSLR နဲ့ mirrorless camera တွေပျက်စီးသွားနိုင်တဲ့ နေရာတွေမှာ အသုံးပြုဖို့ အသင့်တော်ဆုံးပါ။ အကြမ်းခံ၊ အမိုက်စား style နဲ့ ရေစိမ်ခံ၊ ဖုန်မဝင်၊ လွတ်ကျရင်လဲဘာမှမဖြစ်၊ ရေခဲရေထဲစိမ်ရင်တောင် ဘာမှမဖြစ်အောင်လုပ်ထားတဲ့ကင်မရာတွေပါ။

ရေစိမ်ခံတဲ့ action camera တွေပေါ်နေတာ နှစ်ကာလကြာပြီဖြစ်ပါတယ်။ point-and-shoot, mirrorless နဲ့ luxury အတန်းအစားတွေထဲမှာ ခေတ်ပေါ် ဒီဂျစ်တယ်မော်ဒယ်တွေကို ကင်မရာငယ်ထုတ်လုပ်သူ တိုင်းနီးပါးထုတ်လုပ်နေပြီဖြစ်ပါတယ်။ အားလုံးနီးပါးမှာ high-tech features တွေဖြစ်တဲ့ full HD video၊ resolution ပိုကောင်းတဲ့ sensor၊ ပိုကြီးတဲ့ LCD သို့ OLED monitor၊ အသင့်ပါပြီး Wi-Fi နဲ့ NFC ဆက်သွယ်ရေး အစရှိသည်တို့ ပါဝင်ပါတယ်။ ရေနက်ငှပ်တဲ့ SCUBA သမားတွေ အတွက်လဲ GPS နဲ့ water proof rating ကိုပိုကောင်းအောင်လုပ်ထားပါတယ်။

ပုံစံ ကောင်းကောင်း၊ နည်းပညာကောင်းကောင်းနဲ့ စွန့်စားခရီးတွေအတွက်လုပ်ထားတာကြောင့် နေရာအနံှ့လျှောက်သွားပြီး ရာသီမရွေး အမှတ်တရဓာတ်ပုံရိုက်လိုသူတွေအတွက် စိတ်တိုင်းကျစေမယ့် ဘက်စုံသုံးကင်မရာ အမျိုးစားတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဝက်အတွင်းနည်းပညာ တိုးတက်မှုတွေရှိခဲ့တဲ့ ဒီ ကင်မရာအမျိုးအစား ထဲကရွေးချယ်ထားတဲ့ အောက်မှာပြထားတဲ့ camera တွေဟာ ဒီနှစ်အတွက် outdoor ဓာတ်ပုံရိုက်ကူးဖို့ အကောင်းဆုံးကင်မရာ တွေပါ။

Nikon Coolpix AW130

နိုင်ကွန်ကူးပစ်

style ကောင်း၊ ပုံထွက်လည်းကောင်းပြီး ယခင် Nikon Coolpix AW100 ကို ပိုမိုကာင်းမွန်အောင် လုပ်ထားတဲ့ AW130 ဟာ 59 ပေ (ယခင် 33 ပေ) ထိရေငှပ်နိုင်ပြီး 14 deg-F ထိအအေးခံနိုင်ပါတယ်။ 6.6 ပေအမြင့်ကလွှတ်ချတာကိုလည်း ခံနိုင်ပါတယ်။ 16MP CMOS sensor၊ 28-140mm ဆတူ f2.8-4.9 zoom lens၊ သုံးလက်မ ကျယ် 910K-dot OLED monitor တို့လည်းပါရှိပါတယ်။ ဒါအပြင် တုန်ခါမှုလျှောချတဲ့ hybrid Vibration Reduction, အသင့်ပါပြီး Wi-Fi with NFC, GPS နဲ့ electronic လမ်းပြအိမ်မြောင်၊ smartphone သို့ tablet မှတဆင့်အဝေးထိန်းချုပ်နိုင်ခြင်း တို့လည်းပါရှိပါတယ်။ အသင့်ပါပြီးမြေပုံကို LCD မှာတောင်ဖော်ပြနိုင်ပါသေးတယ်။

stereo sound နဲ့အတူ 60, 50, 30 နဲ့ 25fps ရိုက်ကူးနိုင်တဲ့ Full HD 1080p Video၊ အလွယ်ရိုက်နဲ့ ရေအောက်ရိုက်တို့ပါဝင်တဲ့ အခုနှစ်ဆယ်သော scene modes၊ camera functions တွေကိုလက်တစ်ဘက်တည်းဖြင့်ရွေးချယ်နိုင်တဲ့ Action Control တွေလည်းပါရှိပါတယ်။

ဈေးနှန်းကတော့ $296 ဖြစ်ပြီး အနက်၊ အပြာ နဲ့ အဝါ တို့ရရှိနိုင်ပါတယ်။

Olympus Stylus TOUGH TG-4

အိုလန်ပစ်တော့

Olympus Style TOUGH TG-4 ဟာဆိုလို့ရှိရင် သူ့အရင် model ဖြစ်တဲ့ TG-3 iHS ကိုဆက်ခံတဲ့ ရေမဝင် စွန့်စားခရီးသွား camera ဖြစ်ပါတယ်။ TG-3 iHS အတိုင်း လျှင်မြန်တဲ့ f/2 (25-100mm ဆတူ f/2-4.9) lens ပါဝင်ပါတယ်။ မတူတာကတော့ အခု TOUGH model မှာ 16MP 1/2.3–inch BSI CMOS sensor (ယခင် 12MP), နောက်ဆုံးပေါ် TruePic VII image processor, sensor-shift လုပ်ပြီး ပုံတည်ငြိမ်စေခြင်း၊ အသင့်ပါ Wi-Fi တို့ပါဝင်ပါတယ်။ ပေ 50 ထိရေငှပ်နိုင်ပြီး 7 ပေအမြင့်မှပြုတ်ကျတာကိုခံနိုင်ပါတယ်။ 220 pounds အထိအထုအထောင်းခံနိုင်ပြီး 14 deg-F ထိအအေးခံနိုင်ပါတယ်။

TG-4 ရဲ့ တခြား features တွေကတော့ 3.0-inch 460k-dot OLED monitor၊ 60fps နဲ့ Multi-Motion Movie IS ပါတဲ့ Full HD 1080p video ရိုက်ကူးနိုင်မှု၊ resolution အပြည့်နဲ့ 5fps ရိုက်ကူးနိုင်ပြီး 3MP နဲ့ 60fps ရိုက်ကူနိုင်ခြင်း၊ ကြားအချိန်သတ်မှတ်ရိုက်ကူးခြင်း၊ အသေးစိတ်ရိုက်ကူးတဲ့ mood၊ အသင့်ပါ GPS နဲ့ ဖိအားတိုင်နိုင်တဲ့ manometer တို့ဖြစ်ပါတယ်။ Camera မှာပါတဲ့ e.Compass ဆိုတဲ့ feature နဲ့လည်း ရိုက်ကူးမဲ့အရာတွေကို ရှာဖွေရိုက်ကူးပြီး social media ပေါ် ရှယ်နိုင်ပါသေးတယ်။

ဈေးနှန်းကတော့ $379 ဖြစ်ပြီး အနီ နဲ့ အနက် တို့ ရရှိနိုင်ပါတယ်။

Panasonic Lumix DMC-TS30

လူမစ်

ဒီပါးလျလှပတဲ့ Panasonic Lumix DMC-TS30 ဟာ ရေစိမ်ခံ၊ အအေးဒါဏ်ခံ၊ အမြင့်ကပြုတ်ကျတဲ့ဒဏ် ပြီးဖုန်မဝင်တဲ့ camera ဖြစ်ပါတယ်။ 16.1 MP 1/2.33 CCD sensor နဲ့ 25-100mm ဆတူ Lumix DC Vario lens တတ်ဆင်ထားပါတယ်။ ပုံကိုတည်ညိမ်စတဲ့ optical 5-way MEGA O.I.S. image stabilization system ကိုလည်းအသုံးပြု ထားတဲ့အတွက် အလင်းနဲနေတဲ့အချိန်တွေမှာလည်း ကြည်လင်ုပတ်သားစွာ တုန်ခါမှုမရှိပဲရိုက်ကူးနိုင်ပါတယ်။ digital Intelligent Zoom ဖြင့်လည်း ပုံကို 8X ဆွဲယူရရှိမှာဖြစ်ပါတယ်။

တောက်ပတဲ့ 2.7-inch 230K-dot TFT LCD ပါရှိုပီး 23-zone AF plus Quick AF ကလည်း autofocus လုပ်ရာမှာ လျှင်မြန်တိကျပါတယ်။ Intelligent Auto mode က အသင့်တော်ဆုံး mode ကိုရွေးချယ်ပေးပြီး တစ်စက္ကန့် ရှစ်ပုံရိုက်ကူးနိုင်ပါတယ်။ Creative Control Mode ကိုအသုံးပြုကာ time-lapse ကို standard and panorama formats ဖြင့်လည်းရိုက်ကူးနိုင်ပါတယ်။ 740p HD video ကို MP4 format ဖြင့်ရိုက်ကူးနိုင်ပါသေးတယ်။

အပြာ၊ အနီ သို့ အနက် တို့ရရှိနိုင်ပြီး $139 ကျသင့်ပါတယ်။

Fujifilm FinePix XP90

ဖူဂျီဖလင်

မျက်စိကျစေမယ့် ခေတ်ပေါ် style ရှိတဲ့ Fujifilm FinePix XP90 မှာပိုကောင်းမွန်အောင်လုပ်ထားတဲ့ 1/2.3-inch 16.4MP BSI CMOS sensorဟာ 33 ပေထိရေငှပ်နိုင်ပြီး အမြင့် 5ပေမှပြုတ်ကျတာကိုခံနိုင်ရည်ရှိပါတယ်။ 14-degF ထိအအေးခံနိုင်ပါတယ်။ ဖုန်မဝင် နိုင်ပါဘူး။ start-up စတင်တာမြန်ဆန်ပြီး resolution အပြည့်နဲ တစ်စက္ကန့် ဆယ်ပုံရိုက်နိုင်ပါတယ်။ 2.7-inch 460K-dot AR LCD ပါရှိပါတယ်။

Fujinon တံဆိပ် 28-140mm ဆတူ f/3.9-4.9 zoom lens ပါရှိပါတယ်။ ပိုပြီးကောင်းမွန်တဲ့ ပုံထွက်အတွက် aspheric elements ပါရှိပြီး ရေမတင်တဲ့ lens coating အသုံးပြုထားပါတယ်။ Full HD 1080p video ကို 60 သို့ 30fps ဖြင့်ရိုက်ကူးနိုင်ပြီး အဆင့်မြှင့် sensor-shift ဖြင့်ပုံတည်ငြိမ်တဲ့စနစ်ပါရှိပါတယ်။ built-in filters, AF tracking, သုံးပုံရိုက် Dynamic Range (HDR) mode နဲ့ အသင့်ပါ Wi-Fi တို့ပါရှိပါတယ်။

$229 ဖြင့် အနက်၊ အပြာ၊ အဝါ နှင့် လိမ္မော် တို့ရရှိနိုင်ပါတယ်။

Canon PowerShot D30

နီကွန်ပါဝါရှု

လက်ထဲကိုင်တွယ်ရလွယ်ကူအောင်လုပ်ထားတဲ့ PowerShot D30 ဟာ 12.1MP ပါရှိတဲ့ Canon ရဲ့ camera ဖြစ်ပါတယ်။ လူကြိုက်များတဲ့ D20 ကိုပိုမိုကောင်းမွန်အောင်လုပ်ထားတဲ့ ဟာ 82ပေထိရေငှပ်နိုင်ပြီး (ယခင် 33ပေ) အမြင့် 6.5ပေမှပြုတ်ကျတာကိုခံနိုင်ရည်ရှိပါတယ်။ 14-104 degF ထိအအေးခံနိုင်ပါတယ်။ 28-140mm ဆတူ f/3.9-4.8 lens, a 3.0-inch, 461K-dot, Pure Color LCD ပါရှိပြီး ပုံထွက်ကောင်းစေတဲ့ သုံးပွင့်ဆိုင် delta dot pattern၊Intelligent Image Stabilization (IS) နဲ့ အသင့်ပါ GPS တို့ပါရှိပါတယ်။

D30 ဟာ Full HD 1080p video ကို 24fps ရိုက်ကူးနိုင်ပြီး ရိုက်ကူးစဉ် zoom ဆွဲနိုင်ပါတယ်။ battery တစ်ခါသွင်းပြီးတိုင်း ပုံ 280ပုံရိုက်ကူးနိုင်ပြီး video ကိုငါးနာရီစာ ပြန်လည်ဖွင့်နိုင်ပါတယ်။

$329 ကျရှိပြီး အပြာရောင်သာရရှိနိုင်ပါတယ်။

Ricoh WG-30W

ရစ်ကို

တမူထူးပြီးလူကြိုက်များဲ့ Pentax Optio WG ကို ပြောင်းလဲထားတဲ့ ဒီ camera ဟာ ရေစိမ်ခံ၊ ပြုတ်ကျခံ၊ အထုခံ၊ အအေးခံ အောင်ပြုလ်ုထားပါတယ်။ Ricoh WG-30W မှာ အသစ် design လုပ်ထားပြီး အလင်းအနည်းငယ်ဖြင့် ISO 6400 ထိရိုက်လို့ရတဲ့ 16MP 1/2.3–inch BSI CMOS sensor၊ 28-140mm ဆတူ lens၊ resolution အပြည့်နဲဆက်တိုက် 1.08fps ရိုက်နိုင်ပြီး Low-res ဖြင့် 10fps ရိုက်ကူးနိုင်ပါတယ်။

အသင့်ပါပြီး Wi-Fi ဖြင့် ဓာတ်ပုံများကို wireless transfer ပြုလုပ်နိုင်ပြီး smart devices များဖြင့်လည်း အဝေးမှထိန်းချုပ်နိုင်ပါတယ်။ တခြား features တွေကတော့ MPEG-4 နဲ့ AVC/H.264 formats ဖြင့် လျှင်မြန်သောအရာများကိုရိုက်ကူးခြင်း၊ အနှေးရိုက်ကူးခြင်း၊ HD TV သို့တခြားသောအလားတူ device များတွင်ကြည့်ရှုရန် အသင့်ပါပြီး micro-HDMI port စသည်တို့ပါရှိပါတယ်။

$278 ဖြင့် မီးတောက်လိမ္မော် နှင့် $224.00 ဖြင့် carbon black ရရှိနိုင်ပါတယ်။

Sony DSC-TX30

ဆိုနီ

သေးငယ်တဲ့ Sony DSC-TX30 ဟာ 0.6 လက္မပဲထူပြီး battery မပါပဲ 4.4 ounces သာလေးပါတယ်။ ဘးဖယ်ရွေ့လျား lens cover ပါရှိတဲ့ဒီ camera ဟာ 33ပေ ထိရေငှပ်နိုင်ပြီး 5ပေ အမြင့်မှ ပြုတ်ကျတာကိုခံနိုင်ရည်ရှိပါတယ်။ 18.2MP Exmor sensor ပါရှိပြီး 26-130mm Carl Zeiss Vario-R Tessar zoom lens လည်းပါရှိပါတယ်။ ပိုကြီးတဲ့ 3.3-inch, 1229K-dot OLED Touch Screen monitor လည်းပါရှိပါတယ်။

Full HD 1920-1080 AVCHD video ကို 60i ဖြင့်ရိုက်ကူးနိုင်ပြီး resolution အပြည့်နဲ တစ်စက္ကန့်တွင် ဆယ်ပုံရိုက်ကူးနိုင်ပါတယ်။ မျက်နှာ၊ မျက်တောင်ခတ် နဲ့ အပြုံးတို့ကို detect လုပ်နိုင်ပြီး SteadyShot လို့ခေါ်တဲ့ sensor-shift image stabilization၊ Clear Image Zoom လိုခေါ်တဲ့ ပုံရိပ်မကျဆင်းစေပဲ zoom ဆွဲနိုင်စွမ်းကိုနှစ်ဆတိုးနိုင်ခြင်း၊ 360-degree ပတ်လည်ရိုက်ကူးနိုင်တဲ့ Intelligent Sweep Panorama 360 အစရှိတဲ့ feature များလည်းပါပါတယ်။

$228 ကျသင့်ပီး အနက်ရောင်သာရှိပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ အကြိုက်နှစ်သက်ဆုံး camera တွေဟာ တကယ့် camera အကောင်းလေးတွေပါ။ ဒါကြောင့် သင့်တော်တဲ့ camera တစ်ခုကိုသာရွေးပြီး ကြီးမားကျယ်ပြောတဲ့အပြင်လောကကိုဓာတ်ပုံရိုက်ထွက်လိုက်ပါ။

via Our Top 7 Underwater Tough Cameras For Your Next Outdoor Photo Adventure by Shutterbug


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*