လက်ရှိ Smartphone တွေထဲမှာ Pixel ရဲ့ကင်မရာက အကောင်းဆုံး ဟု Google ကကြွေးကြော်

Unicode Version | Zawgyi-One Version

Google က သူ့ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Pixel ရဲ့အချက်အလက်တွေကို ထုတ်ဖော်ပြသခဲ့ပြီး အဲဒီအထဲမှာ အထင်ကြီးလေးစားကောင်းလှတဲ့ ၁၂.၈ မီဂါပစ်ဇယ်ရှိသော ကင်မရာတစ်လုံးပါဝင်လာပါတယ်။ DXOMark မှာ အမှတ်ပေါင်း ၈၉ မှတ်ရထားတဲ့ ဒီကင်မရာကို ထုတ်လုပ်သူ Google ကတော့ တိကျပြတ်သားမှုနဲ့ အရောင်မှန်ကန်မှုတို့ကြောင့် အကောင်းဆုံး စမတ်ဖုန်း ကင်မရာဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။ ကြီးမားတဲ့ ပုံရိပ်ဖမ်းဆင်ဆာနဲ့ ပိုမိုသေးငယ်တဲ့ မီဂါပစ်ဇယ် တွက်ချက်မှုတွေကြောင့် ပစ်ဇယ် တစ်ခုရဲ့အရွယ်အစားက ၁.၅၅ မိုက်ခရွန်အထိရှိလာပြီး အလင်းရောင်နည်းပါးတဲ့အနေအထားမှာပါ ပုံကောင်းတွေရလာနိုင်တယ်လို့ ဆိုပါတယ်။

Google ရဲ့ စမ်းသပ်မှုတွေအရလည်း ပုံရိပ်ဖမ်းတဲ့ အချိန်က စမတ်ဖုန်းတွေအားလုံးထဲမှာ အတိုဆုံးဖြစ်လို့ ပုံတစ်ပုံနဲ့ တစ်ပုံအကြား အလွန်လျင်မြန်တဲ့ နှုံးနဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်။ HDR လုပ်ဆောင်မှုကို အမြဲတမ်းဖွင့်ပေးထားတဲ့အတွက်ကြောင့် အလွန်လင်းတဲ့ နေရောင်အောက်က အရာဝထ္တုတွေနဲ့ အမှောင်ထဲကျနေတဲ့ အလွန်မှောင်တဲ့ အရာဝထ္တုတွေအကြား အလင်းအမှောင်ကို အကောင်းဆုံး ချိန်ညှိပေးနိုင်ပါလိမ့်မယ်။ Google ရဲ့အဆိုအရ ဖမ်းယူရရှိတဲ့ ပုံရိပ်တွေကို ပစ်ဇယ်တွေရဲ့ ထားသိုပုံအရ exposure အမျိုးအမျိုး ခွဲခြားပေးလိုက်လို့ အမြင်မှာ ဝါးသွားနိုင်တဲ့ အရာတွေကို ဖယ်ရှားပေးတဲ့အပြင် dynamic range ကိုလည်းတိုးထားပေးနိုင်ပါတယ်။ Apple ကို စိန်ခေါ်လိုက်တဲ့အနေနဲ့ Google က ဒီစွမ်းဆောင်ရည်တွေအားလုံးကိုလုပ်ဆောင်ပေးနိုင်တဲ့ ကင်မရာပုံစံက စမတ်ဖုန်းကိုယ်ထည်ရဲ့ အပြင်ဘက်ကို နည်းနည်းလေးတောင်မှ ခုံးထွက်မနေဘူးလို့ဆိုပါတယ်။ Snapdragon 821 ချစ်ပ် နဲ့ 4GB RAM သုံးထားတဲ့အတွက် ဓာတ်ပုံတွေ ရိုက်ပြီးသွားတဲ့အချိန် ဓာတ်ပုံတွေကို ပြင်ဆင်တဲ့အခါ ယခင်ဖုန်းမော်ဒယ်တွေထက် ၂ ဆပိုမြန်လာပါလိမ့်မယ်။

ဗီဒီယိုစွမ်းဆောင်မှုအပိုင်းကိုလည်း Google က မမေ့ခဲ့ပါဘူး။ Pixel စမတ်ဖုန်းက 4K ဗီဒီယိုကို 30 FPS ၊ 1080p ဗီဒီယိုကို 120 FPS နဲ့ 720p ဗီဒီယိုကို 240 FPS အစရှိသဖြင့် ရိုက်ကူးပေးနိုင်ပါတယ်။ ဗီဒီယိုရုပ်ပုံတည်ငြိမ်မှုအနေအထားကို Google က ထပ်မံထည့်သွင်းပေးလိုက်ပြီး တော်တော်လေးကောင်းမွန်ကြောင်းကို လူတစ်ယောက် လမ်းဖြတ်ကူးနေတဲ့ပုံ နမူနာဗီဒီယိုမှာ တွေ့မြင်နိုင်ပါတယ်။ ဗီဒီယိုရုပ်ပုံတည်ငြိမ်မှုကို ဖွင့်ထားချိန်နဲ့ ပိတ်ထားချိန်ယှဉ်တွဲပြတဲ့အချိန်မှာ ဖွင့်ထားချိန်ရိုက်ထားတဲ့ ဗီဒီယိုရုပ်ပုံက တော်တော်လေး တည်ငြိမ်တာကို တွေ့နိုင်ပါတယ်။ Google က ဒါကို Jello စွမ်းဆောင်မှုလို့ နာမည်ပေးထားပါတယ်။

ဒါပေမယ့် Google ရဲ့ Pixel စမတ်ဖုန်း ကင်မရာက iPhone 7 နဲ့ 7 Plus ကို မယှဉ်နိုင်တဲ့ အချက်တစ်ချက်ရှိပါတယ်။ အတိုပြောရရင် iPhone 7 Plus လိုမျိုး telephoto မှန်ဘီလူးနဲ့ နောက်ခံဝါးအောင်လုပ်ဆောင်ပေးတဲ့ bokeh လုပ်ဆောင်ချက်တို့ Pixel မှာ မပါရှိပါဘူး။ DXOMark ရဲ့ အမှတ်ပေးပုံအရ Pixel က ပိုကောင်းတဲ့ မှန်ဘီလူးနဲ့ ပိုမြန်တဲ့ ပုံရိပ်ဖမ်းစနစ်ပါတယ်ဆိုပေမယ့် iPhone 7 အသစ်တွေမှာ f/1.8 ရှိတဲ့ မှန်ဘီလူးတွေတပ်ဆင်ထားပြီး Pixel မှာတော့ f/2.0 မှန်ဘီလူးပဲပါရှိပါတယ်။ အဲဒီအတွက် ဒီကင်မရာက ပိုကောင်းတယ်ဆိုတဲ့အချက်တွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့ ကျွန်တော်တို့လက်ထဲကို Pixel ဖုန်းရောက်လာမယ့်အချိန်ကို စောင့်မျှော်နေပါတယ်။

Google ကထုတ်လုပ်တဲ့ ထုတ်ကုန်ဖြစ်တဲ့အားလျော်စွာ Pixel ဖုန်းတွေမှာ Google Photos ပါဝင်လာပြီး လွယ်ကူစွာနဲ့ ဓာတ်ပုံတွေကို သိုလှောင်သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ ၅ လက်မအရွယ် Pixel နဲ့ ၅.၅ လက်မအရွယ် Pixel XL တို့ကို ဒီနေ့ကစပြီး ကြိုတင်မှာယူနိုင်ပြီး ဈေးနှုန်းတွေကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ 649 ကနေ စတင်ပါတယ်။

REF: www.engadget.com



Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*