လူတိုင်းအတွက် ကင်မရာ setting များ

Unicode Version | Zawgyi-One Version

ဓာတ်ပုံပညာကို အခြေခံမှစပြီးသိလိုရင်ဆက်ဖတ်ပါ။ ကင်မရာတစ်လုံး လက်ထဲစရောက်ရောက်ချင်းဆိုရင် ကင်မရာမှာပါတဲ့ ခလုတ်တွေ၊ ဘုတွေကိုကြည့်ပြီး ဘယ် setting ကိုသုံးရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒီဆောင်းပါးမှာ အရေးကြီးတဲ့ setting တွေအကြောင်းကိုရှင်းပြပါမယ်။

ဘယ်လိုဓာတ်ပုံမျိုးလိုချင်တာသိမှ ဘယ်လို setting တွေသုံးရမလဲသိမှာပါ။ အလွယ်တကူရိုက်လို့ရတဲ့ ချိန်-ရိုက် ကင်မရာတွေ အပါအဝင် ကင်မရာတော်တော်များများမှာ အသင့်ရိုက်ဖို့ချိန်ထားတဲ့ ကင်မရာ setting တွေပါပါတယ်။ ဘယ်နေရာမှာ ရှာရမလဲသိဖို့ပဲ လိုတာပါ။ သဘာဝရှုခင်း၊ အားကစားလှုပ်ရှားမှု၊ အသေးစိတ်အကြီးချဲ့ရိုက်မှု၊ လူပုံရိုက်ကူးမှု၊ ဘာပဲဖြစ်ဖြစ် ဒါတွေအတွက် မုဒ်တစ်ခုစီရှိပါတယ်။ ၎င်းမုဒ်တွေကိုရှာဖွေအသုံးပြုနိုင်ပါတယ်။

အော်တိုဖိုးကပ်လား၊ မန္နူရယ်ဖိုးကပ်လား

ဖိုးကပ်မုဒ်ကိုမူတည်ပြီး ဖိုးကပ်လုပ်ပုံလုပ်နည်း ကွဲပြားပါတယ်။ အော်တိုဖိုးကပ် ထားမယ်ဆိုရင် ပုံကိုမရိုက်ခင် ကင်မရာက မြင်ကွင်းထဲက နေရာတစ်နေရာကို ဖိုကပ်ချိန်ပါလိမ့်မယ်။ မန္နူရယ်မုဒ်မှာဆိုရင် မှန်ပြောင်းပေါ်က ဖိုကပ်ရိန်း (focus ring) ကိုလှည့်ပြီး မြင်ကွင်းထဲက လိုအပ်တဲ့နေရာကို ဖိုကပ်ချိန်ရပါမယ်။

ဓာတ်ပုံပညာသင်စလက်သစ် ဆိုရင်တော့ အော်တိုဖိုးကပ် ကိုပဲသုံးသင့်ပါတယ်။ မန္နူရယ် ဖိုးကပ် ထားပြီးရိုက်စရာဓာတ်ပုံ များများစားစားမရှိပါဘူး။ ပြီးတော့ လူ့မျက်လုံးဟာ ကင်မရာရဲ့ အော်တိုဖိုကပ်လုပ်တဲ့ ပရိုဂရမ်လောက်မကောင်းနိုင်ပါဘူး။ အခုအချိန်မှာ အော်တိုဖိုးကပ် နဲ့ပဲရိုက်ပါ။

Exposure Triangle အကြောင်း

ဓာတ်ပုံကို မန္နူရယ် မရိုက်တက်သော်လည်း ရှပ်တာဦးစားပေးမုဒ် နဲ့ အပါရှာဦးစားပေးမုဒ် တို့ကိုစမ်းသုံးကြည်လို့ရပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါတိုင်း ကင်မရာဟာ အပါရှာ (aperture)၊ ရှပ်တာ (shutter) နဲ့ အိုင်ဆို (ISO) ဆိုတဲ့ကိန်းရှင်သုံးခုပေါ်မူတည်ပြီး အလုပ်လုပ်ပါတယ်။

ရှပ်တာဦးစားပေးမုဒ် သို့မဟုတ် အပါရှာဦးစားပေးမုဒ် ကိုရွေးလိုက်တဲ့အခါ မိတ်ဆွေက ၎င်းကိန်းရှင်သုံးခုထဲက တစ်ခုကို ထိန်းချုပ်လိုက်ခြင်းဖြစ်ပါတယ်။ ကျန်တဲ့နှစ်ခုကို ကင်မရာကရွေးပါလိမ့်မယ်။

ရှပ်တာဦးစားပေးမုဒ်မှာ ပုံအတွက်သင့်လျော်တဲ့ ရှပ်တာစပီးကို မိတ်ဆွေက ရွေးချယ်လိုက်တာဖြစ်ပြီး အပါရှာဦးစားပေးမုဒ်မှာ ပုံအတွက်အကေင်းဆုံး အပါရှာကို မိတ်ဆွေက ရွေးချယ်လိုက်တာပါ။ အော်တိုမုဒ်မှာကင်မရာက သုံးမျိုးလုံးကိုရွေးချယ်ပါလိမ့်မယ်။

မုဒ်များအကြောင်း

ကင်မရာမုဒ်ရွေးချယ်ရန်လမ်းညွှန်

ရှပ်တာဦးစားပေးမုဒ်

ရှပ်တာဦးစားပေးမုဒ် မှာမိတ်ဆွေက ရှပ်တာအမြန်နှုန်းကိုရွေးပေးပါ။ ကင်မရာကကျန်ရှိတဲ့ setting တွေကိုရွေးပါလိမ့်မယ်။ ဒီမုဒ်ကိုအသုံးပြုဖို့ ကင်မရာပေါ်မှ လှည့်၍ရသောဘီးသဏ္ဌန် အရာပေါ်တွင် “S” သို့မဟုတ် “Tv” ကိုရွေးလိုက်ပါ။ သို့မဟုတ်ပါက ကင်မရာမီနူးပေါ်မှ “Shutter Priority Mode” ကိုရွေးပါ။

ရေနဲ့ လှုပ်ရှားနေတဲ့အရာတွေကို ရိုက်မယ်ဆိုရင် ရှပ်တာဦးစားပေးမုဒ်ကိုသုံးပါ

ရွေးလိုက်တဲ့ရှပ်တာအမြန်နှန်းကိုမူတည်ပြီး လှုပ်ရှားမှုတွေကိုရပ်တန့်နေသယောင် သို့မဟုတ် အရိပ်ကဲသို့သာထင်ပေါ်ရန် ရိုက်၍ရပါသည်။ ဥပမာအားဖြင့် ရပ်တန့်နေသောရေကိုရိုက်လိုပါက ရှပ်တာဦးစားမုဒ်ကိုအသုံးပြုပြီး 1/500s ကဲ့သို့သောလျှင်မြန်သောရှပ်တာနှုန်းကိုကိုအသုံးပြုပါ။ ချောမွေ့စွာစီးဆင်းနေသောရေကိုရရှိလိုပါက tripod ကိုအသုံးပြုပြီး 1/15s ကဲ့သို့သောနှေးသောရှပ်တာနှုန်းကိုအသုံးပြုပြီးရိုက်ပါ။

အပါရှာဦးစားပေးမုဒ်

ဘယ်အပါရှာကို သုံးရမလဲလို့သိလျှင် အပါရှာဦးစားပေးမုဒ်ကိုသုံးပါ။ ဒီမုဒ်ကိုအသုံးပြုဖို့ ကင်မရာပေါ်မှ လှည့်၍ရသောဘီးသဏ္ဌန် အရာပေါ်တွင် “A” သို့မဟုတ် “Av” ကိုရွေးလိုက်ပါ။

အပါရှာရွေးရန် နည်းလမ်း

အပါရှာဦးစားပေးမုဒ်ကို ဘယ်လိုသုံးရမလဲကို သိဖို့မခက်ခဲပါဘူး။ တကယ်ခက်ခဲတာက ဘယ်အပါရှာကိုသုံးရမလဲကိုသိဖို့ပါ။ အောက်မှာ setting တချို့ကိုချပြထားပါတယ်။

  • ပေါ့ထရိတ်၊ မျက်နှာနှင့် macro – f1.4 မှ f5.6 ကြား
  • ရှုမျှော်ခင်း – f11 မှ f22 ကြား
  • တခြားဘယ်အရာမဆို – f8 မှ f11 ကြား

အပါရှာကိုရွေးချယ်လိုက်ပါက ရှပ်တာအမြန်နှုန်းကို ကင်မရာမှရွေးပေးပါလိမ့်မယ်။

ISO နှင့် ဓာတ်ပုံအရည်အသွေးအကြောင်း

ကင်မရာရဲ့ ISO ကိုပြောင်းလိုက်ခြင်းဟာ ကင်မရာရဲ့ဆန်ဆာက အပြင်ကဝင်လာတဲ့အလင်းကိုအသုံးပြုပြီး ပုံရိပ်ဖော်နိုင်တဲ့အမြန်နှုန်းကိုပြောင်းလဲလိုက်ခြင်းပါ။ ISO ကိုမြှင့်လိုက်ပါက ပုံကလည်းပိုလင်းသွားပါလိမ့်မယ်။ သို့သော် ပုံတွင်အစက်အပြောက်များလည်းစတင်ပေါ်လာပါလိမ့်မယ်။ ISO ကိုတတ်နိုင်သမျှနည်းအောင်ထားပါ။ မလိုအပ်ပဲသွားမထိပါနဲ့။

ဓာတ်ပုံအရည်အသွေး setting ကိုအမြင့်ဆုံးမှာထားပါ။ file size သေးလိုရင် computer အသုံးပြပြီးပြန်ပြင်လို့ရပါတယ်။ ဒီခေတ်မှာ SD card တွေဈေးပေါပါတယ်။ ဒါကြောင့် ပုံအရည်အသွေးကို အမြင့်ဆုံးထားပြီး လိုအပ်ရင် SD card အပိုဝယ်ထားပါ။

ပုံကောင်းကောင်းတစ်ပုံ စတင်ရရှိရန် ကင်မရာရဲ့ setting အားလုံးကိုချက်ချင်းသိစရာမလိုပါဘူး။ မိတ်ဆွေဘာကိုအများဆုံးရိုက်မလဲဆိုတာသိရင် အပေါ်မှာဖော်ပြခဲ့တဲ့ မုဒ်တွေထဲကတစ်ခုကိုရွေးပြီး ဓာတ်ပုံစတင်ရိုက်နိုင်ပါပြီ။

via Digital Photo Secrets


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*