သင့်ရဲ့ flash မီးနှင့် ဘီစကစ် ဘူးခွံကိုအသုံးပြုပြီး အလင်းရောင် effect တွေဖန်တီးကြမယ်

Unicode Version | Zawgyi-One Version

သင့်ရဲ့ flash မီးနှင့် ဘီစကစ် ဘူးခွံကိုအသုံးပြုပြီး အလင်းရောင် effect တွေဖန်တီးကြမယ်

သင်သိပါသလား တစ်ဦးတစ်ယောက်ရဲ့အမှိုက်ဆိုတာ အခြားတစ်ယောက်အတွက် ရတနာ ဖြစ်နိုင်တယ်ဆိုတာ? Academy of Photography က ခရစ်စတီယံ တူဒေါ် ဆိုသူက သင်အမှိုက်ပုံးထဲ ပစ်နေကြ ပစ္စည်းတစ်ခုကိုအသုံးပြုပြီး ဓာတ်ပုံရိုက်ကူးခြင်းအတွက် အမိုက်စား အထောက်အကူပြုပစ္စည်းတစ်ခုဖန်တီးပြခဲ့ပါတယ်။ အောက်ပါ ဗီဒီယိုထဲမှာတော့ ရိုးရှင်းတဲ့ ဘီစကစ်ဘူးခွံတစ်ခုကို lighting ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲပြလိုက်တာကို တွေ့နိုင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

  • ကင်မရာတစ်လုံး
  • tripod တစ်ခု သို့မဟုတ် နှစ်ခု (ကင်မရာအတွက်တစ်ခု နှင့် flash မီးအတွက်တစ်ခု)
  • External flash
  • Wireless trigger နှင့် receiver
  • ဘီစကစ်ဘူးခွံရှည်တစ်ခု
  • ကတ်ကြေး
  • ကပ်ခွာတပ်အချို့

ပြုလုပ်ပုံ

ပြင်ဆင်ရတာအတော် လွယ်ကူပါတယ်။ ဘီစကစ်ဘူးခွံရဲ့ ထိပ်နှစ်ဖက်က အဖုံးတွေကို ဖြတ်ထုတ်လိုက်ပြီး ချောင်းလေးတွေဖြစ်အောင် ကတ်ကြေးနဲ့ညှပ်ထားပါ။ ညှပ်ထားတဲ့ အစတွေကို ဘူးရဲ့အဝဖက်မှာ အောက်က ပုံအတိုင်း ကပ်လိုက်ပါ။

Flash မီးကို tripod မှာတပ်ပြီး ဘူးကို စွပ်လိုက်ပါ။ အောက်ပါပုံက ဘူးခွံထိပ်ဖက်က အဖုံးကို မဖြတ်ရသေးပုံဖြစ်ပါတယ်။

အောက်ပါပုံကတော့ အဖုံးကိုဖြတ်ထုတ်ကာ အချောင်းလေးတွေဖြစ်အောင်ညှပ်ပြီး ပြန်ကပ်ထားတဲ့ပုံဖြစ်ပါတယ်။

Flash ကို manual mode နဲ့အသုံးပြုပြီး ပါဝါကို 1/4 သို့မဟုတ် 1/8 သုံးပါလို့ အကြံပြုပါတယ်။ ဒါပေမယ့်လည်း အခြားသောနည်းလမ်းများကို စမ်းကြည့်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတာကို ရှာဖွေသင့်ပါတယ်။ အောက်ပါပုံကတော့ ခရစ်စတီယံရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

ခင်ဗျားအနေနဲ့ စမ်းသပ်မှုတွေပြုလုပ်ပြီး ဖန်တီးနိုင်ပါတယ်။ flash မီးမှာ အဆီ နည်းနည်းသုတ်ပြီး စမ်းကြည့်ဖို့ ကျွန်တော့်စိတ်ထဲပေါ်လာသလို အလုပ်လဲကောင်းကောင်းဖြစ်ပါတယ်။ ပြီးတော့ ရေချိုးခန်းထဲကို ခင်ဗျားရဲ့ စတူဒီယိုကို ရွှေ့ပြီး မှန်ပေါ်တင်နေတဲ့ ရေစက်တွေနဲ့အတူ စမ်းသပ်ကြည့်ပါ။ ကျွန်တေ်ာ့ စိတ်ကြိုက်မဟုတ်ပေမယ့် ခင်ဗျားတို့ ကြိုက်ချင်ကြိုက်ကြမှာပါ၊ အောက်ပါ ဓာတ်ပုံ ၂ ပုံက ခရစ်စတီယံရဲ့ စမ်းသပ်မှုပါ။

ဒီအတွက် ခင်ဗျားဘီစကစ်စားပြီးတာနဲ့ ဘူးခွံကို ချက်ခြင်း လွှင့်မပစ်လိုက်ပါနဲ့ဦး။ ရိုးရှင်းတဲ့ စိတ်ကူးစိတ်သန်းတွေက သင့်ရဲ့ဓာတ်ပုံတွေကို ပိုကောင်းပြီးဆွဲဆောင်မှုရှိလာအောင် ကူညီနိုင်ပါလိမ့်မယ်။

REF: USE BISCUIT BOX TO CREATE LIGHTING EFFECTS FOR YOUR FLASH by Dunja Djudjic


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*