သင့်ရဲ့ Fujifilm X Pro-2 ကို အစွမ်းကုန်အသုံးချနိုင်စေမယ့် အချက် ၆ ချက်

Unicode Version | Zawgyi-One Version

သင့်ရဲ့ Fujifilm X Pro-2 ကို အစွမ်းကုန်အသုံးချနိုင်စေမယ့် အချက် ၆ ချက်
ကင်မရာတံဆိပ်တလုံးကနေ နောက်ထပ်တလုံး အထူးသဖြင့် တံဆိပ်မတူတာကို ပြောင်းလိုက်တဲ့အခါ အမြဲလိုလိုပါပဲ ကင်မရာအသစ်ရဲ့ ခလုတ်တွေအကြောင်းနဲ့ အကောင်းဆုံးအသုံးချနိုင်ဖို့အတွက် ကြိုးပမ်းရလေ့ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ Fujifilm က တော်တော်နာမည်ထွက်လာပြီး အချို့သော ဓာတ်ပုံဆရာတွေက အခြားတံဆိပ်တွေကို စွန့်လွှတ်ပြီး X Pro2, X-T2 နဲ့ X-T20 စတဲ့ ကင်မရာအသစ်တွေကို ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်လာကြပါတယ်။
ဒီဆောင်းပါးမှာတော့ Fujifilm X-Pro2 ကို အဆုံးစွန်အထိ အသုံးချနိုင်စေမယ့် လမ်းညွှန်ချက်တွေကို ရှင်းလင်းသွားမှာဖြစ်ပြီး အချို့သော အချက်တွေက X-T2 နဲ့ X-T20 တို့မှာ အသုံးဝင်နိုင်မှာဖြစ်တဲ့အတွက် သင့်ရဲ့ကင်မရာအသစ်တွေကို လေ့လာဖို့ပေးရမယ့် အချိန်တွေကို လျော့ချပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Firmware ကို နောက်ဆုံးဗားရှင်းအထိမြှင့်ပါ

ခေတ်မီ ကင်မရာသစ် တွေပိုင်ဆိုင်ကြတဲ့သူတွေအတွက်ကတော့ ဒီကိစ္စက လုပ်နေကြဖြစ်ပေမယ့် Fujifilm ကင်မရာစနစ်တခုကိုစတင်အသုံးပြုပြီဆိုတာနဲ့ သင့်အတွက်နောက်ပိုင်း firmwareကို update လုပ်ရမယ်ဆိုတာသိထားသင့်ပါတယ်။ Fujifilm ရဲ့ သူ့ဖောက်သည်တွေကို အရေးတယူပြုမှု၊ ဖောက်သည်တွေရဲ့စကားသံနားထောင်တာ၊ ပြဿနာဖြေရှင်းတာ ၊ လုပ်ဆောင်ချက်အသစ်တွေထည့်ပေးတာ စတဲ့အချက်တွေက Fujifilm ကင်မရာတစ်လုံးကို အစွမ်းကုန်အသုံးပြုနိုင်ဖို့ ကူညီပေးနိုင်မယ့်အချက်တွေပဲဖြစ်ပါတယ်။ X-Pro2 ကင်မရာမှာတော့ သင့်အတွက် နောက်ဆုံး firmware ပါလာမှာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ လုပ်ဆောင်ချက်အသစ်အနည်းငယ်နဲ့ ပြင်ဆင်ချက်အချို့ကိုထည့်သွင်းပေးထားတဲ့ X-Pro2 V3 firmware ကို Fujifilm က ထုတ်ပြန်ပေးခဲ့ပါတယ်။ AF Algorithm နဲ့ Face Detection တွေကို ပိုမိုကောင်းမွန်လာစေနိုင်တယ်ဆိုတဲ့အချက်တွေရယ် အခြားသောအချက်တွေရယ်ပါ။ တကယ်လို့ ခင်ဗျားမှာ X-Pro2 တစ်လုံးပိုင်ဆိုင်ထားပြီး update မလုပ်ရသေးရင်တော့ ဒီမှာ သွားယူလိုက်ပါ။

High Performance Mode ကို အသုံးချပါ။

ဒီလုပ်ဆောင်ချက်က သင့်ကင်မရာရဲ့ ဘတ်ထရီအားကို နည်းနည်းတော့ ပိုပြီးစားသွားစေနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ရဲ့ အတွေ့အကြုံအရဆိုရင်တော့ ဘတ်ထရီသက်တမ်းက နာရီပေါင်းများစွားအသုံးခံပါတယ်။ High-performance mode ဖွင်ထားတဲ့အကျိုးကျေးဇူးကတော့ ပိုမြန်/ပိုတိကျတဲ့ auto focus စွမ်းဆောင်ရည်နဲ့ သင်ခိုင်းသလို ကင်မရာက သင့်နောက်ကိုလိုက်လာစေနိုင်တဲ့ လုပ်ဆောင်မှုတွေရရှိမှာဖြစ်ပြီး ပုံကောင်းတွေကို လက်မလွတ်သွားစေမယ့် အခွင့်အရေးတွေရလာနိုင်ပါတယ်။

သင့်ကိုယ်ပိုင် Menu ကိုပြင်ဆင်ထားပါ

Menu တစ်ခုကို အလျင်အမြန်ပြောင်းနိုင်အောင်စီမံပေးခြင်းအားဖြင့် အလျင်အမြန်ရိုက်ကူးရတဲ့ အခြေအနေမျိုးမှာsetting တွေကို ခဏခဏပြောင်းရချိန်မှာ အဆင်ပြေနိုင်ပါတယ်။ အခြားသောကင်မရာတွေလိုပဲ X-Pro2 မှာ ကိုယ်ပိုင် My Menu ဆိုတာပါရှိပြီး သင့်ရဲ့မကြာခဏရိုက်ကူးတတ်တဲ့ setting ကို လိုအပ်ချိန်မှာ အလွယ်တကူ ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီ menu က လူတစ်ယောက်စီအတွက် တစ်မျိုးစီဖြစ်နိုင်ပြီး မတူညီနိုင်ကြပါဘူး။ ကျွန်တော်ကတော့ ဒီ menu ကို ပြင်ဆင်ထားသင့်တယ်လို့ အကြံပေးပါတယ်။

Compressed RAW ကိုအသုံးပြုပြီးရိုက်ကူးပါ

သင့်ရဲ့ SD ကဒ်ကို အစွမ်းကုန်အသုံးပြုချင်တယ်ဆိုရင်တော့ ရိုက်ကူးတဲ့အချိန်မှာ Compressed RAW စနစ်နဲ့ ရိုက်ကူးပါ။ RAW ဖိုင်တွေရဲ့ အရွယ်အစားကို သိသိသာသာလျော့ချပေးနိုင်သလို အရည်အသွေးကိုလည်း မလျော့သွားစေနိုင်ပါဘူး။ တစ်ခုပဲ ခင်ဗျားပူပန်ရမှာက သင့်ကွန်ပျူတာရဲ့ RAW Converter နဲ့ အဆင်ပြေမပြေဆိုတာပါပဲ။ Lightroom မှာ ပြဿနာမရှိနိုင်ပါဘူး။ Capture One မှာတော့ Compressed RAF ဖိုင်တွေကို လက်ရှိအချိန်မှာ မဖတ်နိုင်ပါဘူး။ ကြည့်ရတာကတော့ နောက်ထွက်မယ့် update မှ ဒီကိစ္စကို ြဖေရှင်းမယ်လို့ မျှော်လင့်ရပြီး သတင်းကောင်းပဲဖြစ်ပါတယ်။ ထို့အတွက် Compresed RAW စနစ်နဲ့မရိုက်ကူးခင်မှာ သင့်ရဲ့ RAW Converter ကိုစစ်ဆေးသင့်ပါတယ်။

Function ခလုတ်တွေကိုပြင်ဆင်ထားပါ

X-Pro2 ကင်မရာမှာ ခလုတ်များစွာပါဝင်တဲ့အတွက် သင့်စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ အထူးသဖြင့် ရှပ်တာခလုတ်နားက Fn ခလုတ်က အထင်အရှားပဲဖြစ်ပါတယ်။ မူလက ဒီခလုတ်က X-Pro2 မှာ ဗီဒီယိုခလုတ်ဖြစ်ပေမယ့် အကယ်လို့သင့်က ဗီဒီယိုသိပ်မရိုက်ရင်တော့ အထက်ကပြောခဲ့အတဲ့အတိုင်း ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ အချို့သော နာမည်ကျော် Fn ခလုတ်ပြင်ဆင်မှုတွေက Metering Mode နဲ့ Face Detection စနစ်တွေပဲဖြစ်ပါတယ်။

ထပ်တိုးအနေနဲ့ကတော့ အခြားခလုတ်တစ်ခုဖြစ်တဲ့ EVF ပြောင်းတဲ့မောင်းတံနားက Fn2 ခလုတ်ကိုပါ ပြင်ဆင်ဖို့ ကျွန်တော်တို့တိုက်တွန်းလိုပါတယ်။ ဒီလိုပြင်ဆင်တဲ့နေရာမှာ ရွေးချယ်စရာ မျိုးစုံရှိပေမယ့် ဒီနေရာမှာတော့ ကျွန်တော်တို့က အဖြူအမည်းစနစ်ကနေအရောင်စနစ်ကို အမြန်ပြောင်းလို့ရအောင် profile စနစ်တစ်ခုကို ပြောင်းလဲထားပါတယ်။

ISO ကို Auto ထားပါ

X-Pro2 အသုံးပြုသူအသစ်တွေအများစု ရင်ဆိုင်ရတဲ့ပြဿနာတစ်ခုက ISO ချိန်ရတာပဲဖြစ်ပါတယ်။ ISO ဘီးကို တချိန်လုံးလှည့်နေရတဲ့ဘေးကနေ ကင်းဝေးဖို့အတွက် ISO Auto ကိုပြောင်းလဲပြီး Auto ISO ရဲ့ limit ကို သတ်မှတ်ပေးပါ။ ကျွန်တော်ကတော့ Auto ISO limit ကို ၁၆၀၀ မှာ သတ်မှတ်ထားပါတယ် ပြီးတော့ EV ဘီးကို လိုအပ်သလိုချိန်ညှိပေးခြင်းအားဖြင့် လွယ်ကူစွာရိုက်ကူးနိုင်ပါတယ်။

ဒါအကုန်ပါပဲ။ အချို့အရာတွေကတော့ သင် X-Pro2 ကို လက်တွေ့ကိုင်ကြည့်ပြီးချိန်မှ သိလာမယ့်အရာအမျိုးတွေဖြစ်ပြီး အဲဒါတွေကျန်ပါသေးတယ်။ ဒီဆောင်းပါးက သင့်အတွက် Fuji စနစ်သစ်အပေါ် အချိန်ပေးရမယ့် အချိန်အချို့ကို လျော့ချပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

REF: 6 Tips For Getting The Most Out of Your Fujifilm X Pro2 by Anthony Turston


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*