သင်ခရီးသွားပြီးဓာတ်ပုံရိုက်ခဲ့သလိုမျိုး တစ်ယောက်ယောက်ကပုံတူကူးချပြီး တသွေမတိမ်းတုပခဲ့ရင်

Unicode Version | Zawgyi-One Version

လော်ရန်ဘူလန် Lauren Bullen နဲ့ ဂျက် မောရစ်စ် Jack Morris တို့ဟာ Instagram မှာ နာမည်ကျော်တဲ့ ခရီးသွားဓာတ်ပုံပညာရှင် စုံတွဲဖြစ်ပါတယ်။ လူပေါင်း ၂ သန်းလောက် က သူတို့ကို follow လုပ်ထားတာကို ကြည့်ခြင်းအားဖြင့် ဒီလောက်များပြားတဲ့ follower ပမာဏကို သူတို့ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတာ ခင်ဗျား ခန့်မှန်းကြည့်လို့ရပါတယ်။ အမှန်ပါပဲ သူတို့နှစ်ဦးရဲ့ ကြိုးပမ်းမှုတွေကြောင့်အပြင် မကြာခဏ ခရီးထွက်ကြသူတွေဖြစ်လို့ သူတို့အကောင့်တွေဟာ လှပတဲ့ ဓာတ်ပုံတွေပြည့်နေပါတယ်။
clone

မနေ့တုန်းက လော်ရန်က သူမရဲ့ ဓာတ်ပုံတွေနဲ့ ပက်သက်ပြီး အကြောင်းအရာတစ်စုံတစ်ခုကို ရေးသားခဲ့ရာမှာ ကျွန်တော်တစ်ခုကို သတိထားမိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မိန်းကလေးမိတ်ဆွေ ဘယ်လာ ကိုတက် Bella Kotak က သူမရဲ့ အနုပညာအလုပ်တွေကို follow လုပ်သူဖြစ်ပြီး သူ့ရဲ့အကြောင်းအရာက ကျွန်တော့်အတွက် စိတ်ဝင်စားစရာ တစ်ခုဖြစ်လာခဲ့ပါတယ်။

ခင်ဗျားတို့ ကိုယ့်ဖာသာ မေးခွန်းတစ်ခုပြန်မေးကြည့်ပါ၊ သင့်ရဲ့ follower တစ်ယောက်ဆိုပါစို့ အဲဒီလူက သင့်ရဲ့ ဓာတ်ပုံတွေ အနုပညာလက်ရာတွေကို တသွေမတိမ်း ပုံတူကူးချပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာနက်ဝပ်မှာ ပြန်ပြီး ဖော်ပြနေတယ်ဆိုရင် ခင်ဗျားဘာလုပ်မလဲ?

သူတို့အတွက် ဒီကိစ္စက တကယ်ပဲ ဖြစ်သွားခဲ့ါပတယ်။ နေရာအတိအကျ၊ ဓာတ်ပုံဖွဲ့စည်းမှု၊ တည်းဖြတ်ပုံ၊ အဝတ်အစား နဲ့ ဓာတ်ပုံခေါင်းစဉ် လိုမျိုးတောင် ကူးချတဲ့ အဖြစ်မျိုးဖြစ်သွားပါတယ်။ ဒီနေရာမှာ ဒါကို ကူးချတယ်လို့မခေါ်တော့ပါဘူး၊ ဒါက ကြက်သီးမွေးညင်းထလောက်အောင် ကြောက်ဖို့ကောင်းတဲ့ ကိစ္စဖြစ်လာပါတယ်။

ခင်ဗျား ခရီးထွက်သလို တုပပြီး တစ်စုံတစ်ယောက်က ခရီးထွက်/ဓာတ်ပုံလိုက်ရိုက်တယ်ဆိုတာ တကယ်တော့ အဲဒီတစ်ယောက်မှာ အချိန်သာမက ငွေအကုန်ခံနိုင်လို့ဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော်မျက်နှာပြောင်တိုက်တဲ့အလုပ်ပါ။

တူညီတဲ့ နေရာအတော်များများကို ကျွန်တော်တို့ ရောက်ဖူးကြတာမဆန်းပါဘူး။ သဘာဝအလှကြီးက သင့်ကိုဝန်းရံနေချိန်မှာ သူတို့အတွက် သီးခြားဖြစ်တဲ့ ဓာတ်ပုံဖွဲ့စည်းပုံနဲ့ ဖန်တီးမှုတွေက ဘာလို့များ မစဉ်းစားနိုင်တာလဲဆိုတာ အံ့သြစရာဖြစ်ပါတယ်။

အထင်ကြီးလွှမ်းမိုးတဲ့စိတ်မျိုးကနေ ပုံတူကူးချတာမျိုးကို ဘယ်နေရာမှာ ပြောင်းသွားတာလဲ? ဟုတ်ပါပြီ အောက်မှာ ယှဉ်ပြထားတာတွေက သူတို့ရဲ့ အကောင့်တွေဆီက ပုံတွေဖြစ်ပါတယ်။ ကူးချတယ်ဆိုတာ လုံးဝမကောင်းဘူးဆိုတဲ့ လူနည်းစု ထဲမှာ ကျွန်တော့ကို မထည့်ပစ်လိုက်ဖို့ မျှော်လင့်ပါတယ်။

အောက်မှာတော့ လော်ရန်ရဲ့ ပုံတွေက ဘယ်ဖက်ခြမ်းမှာဖြစ်ပြီး တုပသူရဲ့ပုံတွေကတော့ ညာဖက်ခြမ်းမှာဖြစ်ပါတယ်။ သူမရဲ့အကောင့်နာမည်ကိုတော့ ကျွန်တော် screen shot တွေ ထဲမှာ ဖျက်ထားလိုက်ပါတယ်။

 

clone1
ဆက်လက်ရှုစားလိုက်ကြပါဦး။

 

clone2

 

clone3

 

clone4
အဝတ်အစားလဲတူတယ်

 

clone5
သူမအကောင့်က ခုဆို private ဖြစ်သွားပြီဆိုပေမယ့် ကံကောင်းစွာနဲ့ပဲ ကျွန်တော် screen shot တစ်ချို့ရလိုက်ပါတယ်။

 

clone6
ခြေကျင်းတွေက အစတူနေတဲ့အပြင် ဓာတ်ပုံခေါင်းစဉ်တောင် တူတယ်

 

clone7

 

clone8

 

clone9
တစ်ယောက်ယောက်များ အကူအညီလိုနေလား။

 

clone10
ဒီပုံမှာတော့ သူမကို ပီဇာခွံ့ကျွေးဖို့ လူရှာမတွေ့ဘူးဖြစ်သွားတယ်။

 

clone11

 

clone12
ခေါင်းအုံးတွေကို နေရာချထားတာကအစတူနေတယ်

 

clone13

 

clone14

 

clone15

 

ဒီတစ်ပုံတော့ ဒေါင်းလုတ် ဆွဲပြီးပြန်တောင် တင်ထားတယ်။

Ref; http://retouchist.net/blog-1/2016/11/10/what-do-you-do-when-someone-travels-around-the-world-to-copy-you


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*