သမ္မတအိုဘားမားရဲ့ နှုတ်ဆက်မိန့်ခွန်း အမည်ရှိ ဓာတ်ပုံရဲ့ နောက်ကွယ်ကဓာတ်ပုံဆရာ

Unicode Version | Zawgyi-One Version

နိုလစ်စ် အန်ဒါဆင် ရဲ့ နာမည်ကျော် ဓာတ်ပုံတစ်ပုံဖြစ်တဲ့ သမ္မတဟောင်း အိုဘားမား နှင့် ဇနီးဖြစ်သူ တို့ရဲ့ ပုံကို မစ္စတာအိုဘားမားရဲ့ နှုတ်ဆက်မိန့်ခွန်းမပြောကြားခင် အချိန်လေးမှာ ရိုက်ကူးခဲ့ပြီး ကျန်ခဲ့တဲ့ ဗုဒ္ဒဟူးနေ့က 500px ကို တက်လာတာကို သတိထားမိလိုက်ပါတယ်။ ဒီအတွက်ကြောင့် ဒီသမိုင်းဝင် ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာကို ကျွန်တော်တို့ ရှာဖွေပြီး အင်တာဗျူးခဲ့ပါတယ်။

Barry by Nolis Anderson on 500px.com

ဓာတ်ပုံရဲ့ နောက်ကွယ်က အကြောင်းအရာ

ချီကာဂိုမြို့ မက်ကော်မစ်ခ် မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သမ္မတအိုဘားမားရဲ့ နှုတ်ဆက်ပွဲအခမ်းအနားမှာ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ သမ္မတအိုဘားမားရဲ့ ပုံကောင်းကိုရဖို့အတွက် တစ်ချိန်လုံးနီးပါးလိုလို နေရာကောင်းတစ်ခုကို ရှာဖွေခဲ့ရပါတယ်။ အထူးသဖြင့် ဒီလိုမျိုး နိုင်ငံခေါင်းဆောင်ရဲ့ ပွဲမျိုးကို ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူးခွင့်ရတာဖြစ်လို့ ကျွန်တော့်အတွက်ပိုတောင်မှ ခက်ခဲခဲ့ပါတယ်။ CNN ရဲ့ ဓာတ်ပုံသတင်းထောက်တွေရဲ့ Zoom မှန်ဘီလူးတွေက ကျွန်တော့ကိုကျော်ပြီးရိုက်ကူးနေသလို ဓာတ်ပုံသတင်းထောက်တွေကလည်း သတင်းထောက်တွေအတွက် သီးသန့်ထားပေးတဲ့ နေရာမှာ အခန့်သားနေရာယူထားပြီးဖြစ်ခဲ့လို့ နေရာလေးတစ်နေရာရဖို့ တော်တော် ခေါင်းစားခဲ့ရပါတယ်။

သမ္မတရဲ့ မိန့်ခွန်းကို အဆုံးသတ်နေချိန်မှာ ကျွန်တော် သူ့ကိုဓာတ်ပုံရိုက်ကူးဖို့ နေရာတစ်နေရာကို ရှာတွေ့ခဲ့ပါတယ်။ စင်မြင့်ရဲ့ ညာဖက်ထောင့် ဓာတ်ပုံဆရာတွေစုဝေးနေတဲ့နေရာရဲ့ အထက် အနည်းငယ်မြင့်တဲ့ လှေခါးထစ်ပေါ်မှာဖြစ်ပါတယ်။ လူတစ်ယောက်စာသီးသန့်ပဲ ရပ်လို့နေရာသာဖြစ်ခဲ့ပြီး အဲဒီအပေါ်က လက်တန်းကိုလက်နဲ့ထိန်းရင် ကင်မရာကိုလည်း တဖက်က လက်နဲ့ကိုင်ပြီး ရိုက်ကူးခဲ့ရတာပါ။ ကျွန်တော့အတွက် ရိုက်ကူးရတဲ့အနေအထားက သိပ်ပြီးတော့ မသက်သာခဲ့လှပါဘူး။

အိုဘားမားက သူ့ရဲ့နှုတ်ဆက်စကားကို ပြောပြီးသွားတဲ့အချိန်မှာတော့ စင်မြင့်ပေါ်ကနေ တဖက်ကိုလှည့်ပြီး ပုရိတ်သတ်ကို လက်လှမ်းပြခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ဇနီးဖြစ်တဲ့ မလီယာ လည်း အတူရှိခဲ့ပြီး စင်မြင့်အလည်မှာ သမ္မတ တစ်ဦးတည်း သီးသန့်ကို မီးမောင်းနဲ့ ထိုးပြထားခဲ့အချိန်ပေါ့။ လက်မောင်းကိုဆန့်တန်းပြီး သမ္မတက မိသားစုနဲ့အတူ သူ့ရဲ့နိုင်ငံတော်ကို နှုတ်ဆက်နေချိန်မှာ ပြည်ထောင်စုအလံကလည်း နောက်ခံအဖြစ်ရှိနေခဲ့ပါတယ်။ ကျွန်တော်လဲ ဒါဟာအချိန်ကောင်းဆိုတာသိခဲ့လိုက်ပြီး အလျင်အမြန်ရိုက်ကူးနိုင်ခဲ့ပါတယ်။

ကျွန်တော်ဓာတ်ပုံဆရာတစ်ယောက်အဖြစ်ရွေးချယ်ခဲ့တဲ့ အဓိကအကြောင်းအရာအဖြစ် အဲဒီညက အမှတ်ရနေခဲ့ပါတယ်။ အဲဒီညမှ တစုံတခုသာ ကံမကောင်းလို့ လွဲချော်ခဲ့ရင် ကျွန်တော့ရဲ့ ဆုံးဖြတ်ချက် ပြောင်းသွားနိုင်ခဲ့ပါတယ်။

ဘယ်လိုမျိုးရိုက်ကူးခဲ့သလဲ

အဲဒီညက ကျွန်တော် ကင်မရာ ၂ လုံး မှန်ဘီလူး ၂ မျိုးအသုံးပြုခဲ့ပါတယ်။ ကျွန်တော့အနေနဲ့ကတော့ သယ်ဆောင်ရတာ ပေါ့ပါးပြီး တချိန်တည်းမှာ အလုပ်ဖြစ်တဲ့ ကင်မရာမျိုးကို လိုချင်ခဲ့ပါတယ်။ ကျွန်တော် အဲဒီညအတွက်ပြင်ဆင်ခဲ့တဲ့ ကင်မရာတွေကတော့ Canon 5D Mark III နဲ့ 24-70 f2.8 L ၊ Canon 1Dx နဲ့ 70-200 f2.8 IS L II တို့ဖြစ်ပါတယ်။ ဒီဓာတ်ပုံသီးသန့်အတွက်ကိုတော့ 200 mm မှာ ရှပ်တာ 1/200, f/2.8 နဲ့ ISO 2000 ထားပြီး ရိုက်ကူးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ LightRoom မှာ တည်းဖြတ်ပြင်ဆင်ခြင်း အနည်းငယ်တော့ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံဆရာ နိုလစ်စ် အင်ဒါဆန် (Nolis Anderson) အကြောင်း တစိတ်တပိုင်း

ကျွန်တော့်နာမည်ကတော့ နိုလစ်စ် အင်ဒါဆန်ဖြစ်ပြီး အင်လီနွုက်ပြည်နယ် ချီကာဂိုမြို့မှာ အခြေစိုက်ပါတယ်။ Portrait နဲ့ Lifestyle ဓာတ်ပုံဆရာလို့ ကျွန်တော့ကို ခေါင်းစဉ်တပ်ပေးလို့ရနိုင်ပါတယ်။ အသက်ကိုးနှစ်ကတည်းက စတင်ပြီး ဓာတ်ပုံရိုက်လာပြီး ဓာတ်ပုံပညာကို ကိုယ့်ဖာသာလေ့လာခဲ့ပေမယ့် ကျန်ခဲ့တဲ့ ၃ နှစ်လောက်ကမှသာ စူးစူးစိုက်စိုက်နဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ယခင်က ဆေးဝါးကျွမ်းကျင် ပညာရှင်အဖြစ် မနက် ၉ ကနေ ညနေ ၅ အထိ အလုပ်လုပ်ခဲ့ပေမယ့် ဒီလမ်းကြောင်းက ကျွန်တော်လိုချင်ခဲ့တဲ့ ဘဝမဟုတ်ခဲ့ပါဘူး။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ နောင်တစ်ချိန်မှာ လူတွေရဲ့ နှလုံးအိမ်ကို ထိုးနှက်နိုင်မယ့် ဓာတ်ပုံတွေကို ရိုက်ကူးလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့် ဓာတ်ပုံတွေက လူတွေကို လွှမ်းမိုးနိုင်ပြီး ကျွန်တော့နောက်ကို လိုက်ပါလာစေချင်ပါတယ်။ Nike နဲ့အတူပူးပေါင်းပြီး နွေဦးကာလလှုပ်ရှားမှုအဖြစ် ချီကာဂိုမှာ ယခင်က တွဲဖက်အလုပ်လုပ်ခဲ့ဘူးသလို W မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရတဲ့ အိုဘားမားရဲ့ နောက်ဆုံးမိန့်ခွန်းဓာတ်ပုံကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။

နိုလစ်စ် အင်ဒါဆန်ရဲ့အခြားသော ဓာတ်ပုံတွေကိုကြည့်ချင်ရင်တော့ သူ့ရဲ့ 500px အကောင့် နဲ့ သူ့ရဲ့  Website မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

REF: President Obama’s Farewell Speech by Alejandro Santiago


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*