ဟွားဝေ P9 လိုက်ကာ ကင်မရာ ရဲ့နမူနာဓာတ်ပုံတွေကို ဒေါ်လာ ၄၅၀၀ တန် ကင်နွန်ကင်မရာနဲ့ ရိုက်ထားတာဆိုပဲ

ဟွားဝေ P9 လိုက်ကာ ကင်မရာ
Unicode Version | Zawgyi-One Version

ဒီပုံတွေကို Google Plus ပေါ်တင်နေစဉ် Huawei ဘာတွေတွေးနေလဲမသိပါဘူး။ မတင်ခင် EXIF data တွေကိုဖယ်ဖို့မေ့နေတာလာ။ ဒါမှမဟုတ် ပုံကိုရိုက်ထားတဲ့ ကင်မရာအကြောင်းကို Google ကပြန်ပြောတတ်တယ်ဆိုတာမသိတာလား။

DSLR ကိုယှဉ်နိုင်မယ်ဆိုတဲ့ camera နှစ်လုံးပါတဲ့ Huawei P9 ကင်မရာကြောင့် အုတ်အုတ်ကြက်ကြက်ဖြစ်ခဲ့ပါသေးတယ်။ ကြော်ငြာတဲ့အတိုင်းသာမှန်ခဲ့ရင် DSLR နဲ့ရိုက်ထားတဲ့ပုံကိုသုံးပြီး သူတို့ရဲ့ဖုန်းကင်မရာကိုကြော်ငြာမှာမဟုတ်ပါဘူး။

P9 လိုက်ကာ ကင်မရာ

အပေါ်ကပုံကို ကြည့်လိုက်မယ်ဆိုရင် ကင်မရာနှစ်လုံးပါတဲ့ နည်းပညာကိုသုံးပြီး depth of field ကိုအကွာအဝေးသုံး simulate လုပ်ရိုက်ထားတဲ့ လှပတဲ့ညနေခင်းပုံတစ်ပုံလို့ထင်စရာရှိပါတယ်။ တကယ်တော့မဟုတ်ပါဘူး။

P9 လိုက်ကာ ကင်နွန်ကင်မရာ

မယုံရင် Google ကထုတ်ပေးတဲ့ EXIF data ကိုကြည့်လိုက်ပါ။

ဒီဓာတ်ပုံကို Amazon ကဝယ်ရင် စုစုပေါင်း ဒေါ်လာ 4500 ခန့်ပေးရမယ့် Canon 5D Mark III ကင်မရာနဲ့ 70-200mm f/2.8L IS II USM lens ကိုအသုံးပြုထားတာပါ။

ဒီပုံရဲ့ဘေးမှာရေးထားတဲ့စာမှာတော့ဒီပုံကို P9 နဲ့ရိုက်ထားတယ်လို့မပြောထားပါဘူး။ ဒါပေမယ့်ထင်ယောင်ထင်မှား လုံးဝ ဖြစ်စေပါတယ်။ ကြည့်မိတဲ့လူတွေလုံးဝထင်စေမှာပါ။

Huawei ရဲ့ ဈေးကွက်မြှင့်တင်ရေးဌာနမှာ နိုင်ငံရေးသမားဟောင်းတွေကိုများ ဌားထားသလားမသိပါဘူး။ ဒါမှမဟုတ်ရင်တော့ Canon 5D Mark III ကင်မရာနဲ့ 70-200mm f/2.8L ကိုဒီဖုန်းသေးသေးလေးထဲ ထည့်သွင်းနိုင်ခဲ့သလို ကြော်ငြာခဲ့တဲ့ဒီ Leica အကြောင်းအရာတစ်ခုလုံးဟာ အလိမ်အညာဖြစ်မှာပါ။

မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။ ကျွန်တော်ကတော့ တရားနည်းလမ်းမကျတဲ့ ကြော်ငြာမှုလို့ ထင်ပါတယ်။

via DIYPhotography and G+


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*