
GoPro Hero5 ရဲ့ ကျောဘက်မြင်ကွင်းလို့ ဖြစ်ဖွယ်ရာရှိတဲ့ ဗီဒီယို ဖိုင်တိုလေး တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ ဗီဒီယိုအတိုလေးထဲမှာ ကင်မရာကို စမတ်ဖုန်း နဲ့ ဘယ်လိုချိတ်ဆက်ရလဲဆိုတာ ပြသထားခဲ့တာပါ။ ယခုနှစ် ဆောင်းအဝင်မှာ အားလပ်ရက် ရာသီအတွက် ရည်ရွယ်ပြီး GoPro5 ကို ဖြန့်ချိဖို့ ပြင်ဆင်နေလောက်ပါတယ်။
GoPro HERO5 from Konrad Iturbe on Vimeo.
ပြီးတော့လည်း mobile01.com ဝက်ဘ်ဆိုက်ရဲ့ မှာ ကင်မရာအသစ်ရဲ့ အချက်အလက်တစ်ချို့ထွက်ပေါ်လာပါပြီ။
ပထမ ဓာတ်ပုံထဲမှာ မြင်ရတာတွေက ဗီဒီယိုဖိုင်ထဲမှာ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေတော တွေ့ရပါလိမ့်မယ်။

GoPro Hero 5 အသစ်ကိုကြည့်ရတာ touch screen ပါလာမယ်လို့ မျှော်လင့်ရပါတယ်။ GoPro Hero 4 နဲ့ အလားတူပါပဲ လို့ပြောလို့ရပေမယ့် Hero 4 black လိုမျိုး ထိပ်တန်း မော်ဒယ်မှာတော့ touch screen သီးခြားတပ်ဆင်ဖို့ port တစ်ခုသာ ပါဝင်ပါတယ်။

အရှေ့ဘက်ခြမ်းကို ရိုက်ပြထားတဲ့ ပုံမှာ ထူးခြားတာ တစ်ခုကို တွေ့လိုက်ရဲ့လား? လက်ရှိ မော်ဒယ်တွေမှာ ပါတဲ့ ခလုတ် မရှိတော့တာ ကို သတိထားကြည့်ပါ။ ဒီအချက်ကဘာကိုပြောနေလဲဆိုတော့ touch screen ကို ဒီမော်ဒယ် သို့မဟုတ် နောင်လာမယ့်မော်ဒယ်တွေမှာ မဖြစ်မနေ ထည့်သွင်း ပေးလာမယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။

GoPro Hero 4 Black ရဲ့ ၄၁ မီလီမီတာ အမြင့်၊ ၅၉ မီလီမီတာအလျားနဲ့ ၂၉.၆ မီလီမီတာ ထု နဲ့ သတင်းထွက်နေတဲ့ ကင်မရာအသစ်နဲ့ နှိုင်းယှဉ်တဲ့အခါ ကင်မရာအသစ်က ပိုကြီးနေတာ တွေ့ရပါလိမ့်မယ်။ နောက်ဘက်ခြမ်းမှာ စခရင် ပိုကြီးတာကို ထည့်ပေးမယ့်သဘောလား? အခုကြားရတဲ့ အရွယ်အစားနဲ့ဆိုရင် ရေလုံအိမ် မော်ဒယ်အသစ် လုံးဝကို လိုအပ်လာပါလိမ့်မယ်။

ဖြစ်နိုင်ဖွယ်ရာ အသေးစိတ် အချက်အလက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

ဘတ္ထရီ
ကြည့်ရတာ ဘထ္ထရီ သိုလှောင်နိုင်စွမ်းကိုလည်း တိုးမြင့်ပေးလာမယ့် ပုံရှိပါတယ်။ Hero 4 ရဲ့ဘထ္ထရီ 1160 mAh ကို 1120 mAh ထိ တိုးလာနိုင်ပါတယ်။ နောက်ဖြစ်နိုင်ခြေက Lithium-Ion နဲ့ Lithium-Polymer ဆိုပြီး ဘထ္ထရီ နှစ်မျိုးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Ports:
Port တွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ လက်ရှိတပ်ဆင်ထားတဲ့ mini USB အစား USB Type C ကို ပြောင်းသွားနိုင်ပါတယ်။ HDMI port ပါလာမလား သို့မဟုတ် USB Type C နဲ့ တွဲဖက်သုံးလို့ရတဲ့ HDMI adapter နဲ့လာမလားဆိုတာတော့ တထစ်ချ ပြောလို့မရပါဘူး။
Connection:
GoPro Hero 5 အနေနဲ့ Wifi, Bluetooth တို့အပြင် BLE လို့ခေါ်တဲ့ Bluetooth Low Energy (စွမ်းအင်ချွေတာနိုင်တဲ့ Bluetooth) တောင် ပါဝင်လာနိုင်ပါတယ်။
Of course the GoPro Hero 5 will have wifi and Bluetooth, incl. Bluetooth low energy (BLE).
ဆိုရှယ်နက်ဝက် Reddit မှာ ပေါက်ကြားထားတဲ့ အချက်အလက်တွေကတော့
Resolution & Frame Rates:
4K – max. 30 fps
2.7K – max. 60 fps
1440 – max. 80 fps
1080 – max. 120 fps
960 – max. 120 fps
Various 720 modes (FOV ပေါ်မူတည်)
ဒီအချက်တွေက အရင်က ကောလဟာလထွက်ခဲ့သလို 4K 60fps သို့မဟုတ် 8K resolution ကို မျှော်လင့်ထားရင်တော့ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။
ဓာတ်ပုံအရည်အသွေး
12 MP & RAW (.dng format)
12MP ဆင်ဆာပဲ တပ်ဆင်ထားမှာဖြစ်လို့ လက်ရှိဈေးကွက်ထဲက မော်ဒယ်တွေနဲ့ တူတူပါပဲ။
Video stabilization
4K သို့မဟုတ် 60fps ထက်ပိုတဲ့ ဗီဒီယို မပါလာဝင်နိုင်ပေမယ့် video stabilization ပါဝင်လာနိုင်ပါလိမ့်မယ်။ ဒီအချက်က Yi 4K Action ကင်မရာနဲ့ အတူတူဖြစ်ပါတယ်။
Manual Audio Control
စတီရီယို အသံဖမ်းယူမှု သို့မဟုတ် လေတိုးသံကို ဖျောက်ပေးနိုင်တဲ့လုပ်ဆောင်မှုတွေပါဝင်လာနိုင်ပါတယ်။ GoPro ရဲ့ အသံဖမ်းယူနိုင်မှုဟာ သူ့ရဲ့ ပြိုင်ဖက် တံဆိပ်တွေမှာ မရှိတာမျိုးဖြစ်ပါတယ်။
အခြားသောအချက်လက်တွေကတော့
Fisheye effect ကို အလိုလျှောက်ဖြေရှင်းပေးမယ့် မြင်ကွင်းကျယ်။ ဓာတ်ပုံရဲ့ အချို့အစိတ်ပိုင်းကိုကို ရွေးချယ်ပြီး မှန်ကန်တဲ့ exposure ချိန်ပေးနိုင်တဲ့ Exposure select၊ Protune Software သုံးတဲ့အခါ GoPro Color နဲ့ Flat Color ကို LCD screen ပေါ်မှာ ကြည့်ခွင့်ပေးမယ့် Colour၊ Shutter speed ကို Protune မှာ ရွေးချယ်ခွင့်ပေးမယ့် Shutter Selection၊ ဗီဒီယိုရိုက်ကူးနေတုန်းမှာ အသံကို တစ်လိုင်းသီးသန့်ခွဲထုတ်နိုင်မယ့် RAW audio ဆက်တင်၊ LCD အလင်းအမှောင်ကို 10% ကနေ 100% သို့မဟုတ် ပိတ်ပေးနိုင်မယ့် LCD brightness၊ အရှေ့ဘက်က LCD screen ကိုလည်း နောက်ခံအလင်းရောင် တစ်ရောင်ထက်ပိုထည့်ထားခြင်း။ Touch Display ရဲ့ ဆင်ဆာ လယ်ဗယ်ကို မြှင့်ထားတဲ့ Dive Housing Sensitivity (ရေအောက် ၁၀ မီတာအထိ ရေလုံအိမ်မပါဘဲ အသုံးပြုလို့ရမယ့် Super Suit ပါဖို့ အသံကြားပေမယ့် ခန့်မှန်းဆဲ)၊ ကျွန်တော်တို့ အချိန်ကြာမြင့်စွာ စောင့်မျှော်နေခဲ့တဲ့ GPS၊ မှန်ဘီလူးရဲ့ လေးထောင့်မျက်နှာပြင် ကာဗာလိုမျိုး Ricoh ရဲ့ WG-M2 မှာ ထည့်သွင်းပေးထားတဲ့စနစ်နဲ့ တူညီတဲ့ Removable Protective Lens info စတာတွေ ပါဝင်လာမယ်လို့ သတင်းတွေကြားနေရပါတယ်။
နိဂုံးချုပ်
ကင်မရာက နည်းလေးလေး ပိုကြီးလာမယ်၊ touch screen နဲ့ ပိုအားကောင်းမယ့် ဘထ္ထရီတပ်ဆင်လာမယ်လို့ ယူဆရပါတယ်။
ဈေးကွက်ထဲက လက်ရှိပြိုင်ဘက်တွေနဲ့ယှဉ်ကြည့်ရင်တော့ လက်တလော ဈေးကွက်ထဲဝင်လာတဲ့ Yi 4K ကင်မရာမှာ SONY 12MP ဆင်ဆာနဲ့ Ambarealla A9 chip တပ်ဆင်ထားလို့ Hero4 Black နဲ့ အလွန်တူညီပါတယ်။ သို့ပေမယ့် Touch screen နဲ့ Electronic image Stabilization ပါဝင်လို့ Yi က ပိုအားသာပါတယ်။ အဓိကအချက် နောက်တစ်ခုက Yi 4K ကို အမေရိကန်ဒေါ်လာ ၂၄၉ နဲ့ ဈေးကွက်အတွင်းမှာ ရောင်းချနေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
အကယ်လို့များ ကောလဟာလတွေထွက်ခဲ့သလို ဒီကင်မရာအသစ်မှာ ပါလာခဲ့ရင်တော့ Yi 4K ကင်မရာတင်မကဘဲ GoPro Hero 4 နဲ့ ပါ လုံးဝတူတော့မှာမဟုတ်ပါဘူး။ GoPro က ဈေးသက်သာတဲ့ ကင်မရာဈေးကွက်ထဲကို ပြောင်းရွှေ့လာနေတာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ GoPro တံဆိပ်လို့ဆိုလိုက်တာနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၉၉ ကျမှာဖြစ်ပါတယ်။ GoPro ကတော့ ယူထားတဲ့ ဈေးနဲ့တန်အောင် နောက်ဆုံးထုတ်လိုက်တဲ့ ဗားရှင်းတွေကို ပိုကောင်းအောင်လုပ်လိုက်တာ အသံပိုင်းဆိုင်ရာမှာ ထင်ထင်ရှားရှားဖြစ်လို့ Yi 4K နဲ့ ယှဉ်ရင် GoPro အတွက် ပေးရဲ့ အပိုငွေကြေးက အတိုင်းအတာတစ်ခုတော့ တန်နေပါသေးတယ်။
ငွေရောင် silver လား အနက်ရောင် black ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။ အပျော်တမ်းသုံးဖို့ အတွက် silver version ကို 4K 30 fps နဲ့ ရည်ရွယ်ထားပြီး Yi 4K ကို ယှဉ်ပြိုင်ဖို့ အဓိကထားတာကို တွေ့နိုင်ပါတယ်။ အနက်ရောင် Black Version ကတော့ Professional တွေအတွက် ပိုကောင်းတဲ့ နည်းပညာ အစိတ်အပိုင်းတွေနဲ့ အဓိက ရည်ရွယ်ပြီး ထုတ်လုပ်သွားနိုင်ပါတယ်။
ကျွန်တော်တို့ကတော့ စိတ်လှုပ်ရှားနေပါပြီ၊ နောက်ထပ်သတင်းတွေကို ဆက်လက် နားစွင့်ကြပါဦးစို့။
ကိုးကား။ GoPro Hero 5 – Infos & Rumors By el Producente
Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။
Leave a Reply