အရှေ့ကင်မရာသုံးလုံးဖြင့် Samsung Note 7 လာမည်

မှန်ပြောင်းသုံးလုံး2
Samsung’s proposed Iris Recognition system uses multiple lenses to locate the eyes within the face (Photo Credit: USPTO)
Unicode Version | Zawgyi-One Version

ဖုန်းကိုကြည့်လိုက်ရုံဖြင့် unlock လုပ်ပေးမယ့် လုံခြုံရေးစနစ်တစ်ခုကို Samsung မိတ်ဆက်ပေးလိမ့်မယ်လို့ ထင်ကြေးပေးနေတာကြာပါပြီ။

Samsung Iris နဲ့ Samsung Eyeprint ဆိုတဲ့အမှတ်တံဆိပ်တွေကို မှတ်ပုံတင်ပြုလုပ်ခဲ့ပြီး Galaxy Tab Iris tablet မှာလဲဒီလုပ်ဆောင်ချက်ပါရှိနေပြီးနောက် August လမှာထွက်မယ့် Galaxy Note 7 phablet မှာဒီလိုလုပ်ဆောင်ချက်ကိုထည့်သွင်းရန်အလားအလာများပါတယ်။

မှန်ပြောင်းသုံးလုံး
Samsung’s proposed Iris Recognition system uses up to three cameras (10) and an IR illuminator (20) (Photo Credit: USPTO)

အမေရိကန် မူပိုင်ခွင့်နှင့်ကုန်ပစ္စည်းအမှတ်တံဆိပ်ရုံးမှာ မှတ်ပုံတင်ထားတဲ့ မူပိုင်ခွင့်လျှောက်လွှာအမှတ် 20160180169 မှာ အသေးစိတ်တွေ့နိုင်ပါတယ်။ June 23 ရက်မှာ တင်ခဲ့တဲ့ မူပိုင်ခွင့်လျှောက်လွှာမှာအရှေ့ကိုမျက်နှာမူထားတဲ့ ကင်မရာသုံးလုံးကိုတွေ့မြင်နိုင်ပါတယ်။

ကင်မရာသုံးလုံးရဲ့ မှန်ပြောင်းသုံးလုံးမှာ နှစ်လုံးကမျက်လုံးတွေကိုရိုက်မှာဖြစ်ပြီး နောက်တစ်လုံးကမျက်နှာတစ်ခုလုံးကိုရိုက်မှာပါ။ ပထမမှန်ပြောင်းတစ်ခုကတော့ မြင်ကွင်းချဲ့လို့ရတဲ့ zoom lens ဖြစ်နိုင်ပါတယ်။ အိုင်းရစ်ကိုမှတ်မိတဲ့ နည်းပညာအပြင်ဓာတ်ပုံတွေရိုက်ရာမှာလဲဖြစ်နိုင်ခြေတွေများလာပါတယ်။

via Forbes


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*