ဧဝရက်တောင်တက်လမ်းတလျှောက်လုံးရိုက်ထားတဲ့ ကမ္ဘာ့ပထမဦးဆုံး 360-degree ပတ်လည်ဓာတ်ပုံ

ဧဝရက္ေတာင္ကင္မရာတြဲ
Unicode Version | Zawgyi-One Version

ကျွန်တော်လိုထိုင်ခုံပေါ်ကမထတဲ့သူတွေ ကိုယ့်ကိုကိုယ် ဂုဏ်ပြုဖို့ပြင်ဆင်ထားကြရအောင်။ ဘာဖြစ်လို့လဲဆိုတော့ နီပေါလူမျိုးတောင်တက်သမားတွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ကျွန်တော်အားလုံး ထိုင်နေရာကမထပဲ ကမ္ဘာပေါ်မှာအမြင့်ဆုံး ဧဝရက်တောင်ထိပ်ပေါ်တက်နိုင်ကြတော့မှာပါ။

ဧဝရက်တောင် ကင်မရာတွဲ

ဒါဟာ တောင်တက်ပစ္စည်းတွေထုတ်လုပ်တဲ့ Mammut ရဲ့ #Project360 လို့ခေါ်တဲ့ ပရိုဂျက်ပါ။ 360-degree ပတ်လည် ရိုက်လို့ရတဲ့ အကြမ်းခံ ကင်မရာတွဲကို ကျွမ်းကျင်တောင်တက်သမားတွေနဲ့အတူ ကမ္ဘာပေါ်ရှိ အထင်ကရတောင်တက်ခရီးတွေဆီကိုစေလွှတ်တဲ့ ပရိုဂျက်ဖြစ်ပါတယ်။

ဒီပရိုဂျက် နဲ့ virtual mountaineering အတွက် အောင်မြင်မှုမှတ်တိုင်သစ် စိုက်ထူနိုင်လိုက်တာပါ။ နီပေါလူမျိုးတောင်တက်သမား လေးယောက်ဟာ ဧဝရက်တောင်ရဲ့တောင်ဘက်တက်လမ်းတလျှောက်လုံးကို 360-degree ပတ်လည် ရိုက်လို့ရတဲ့ ကင်မရာတွဲ နဲ့မှတ်တမ်းတင်နိုင်လိုက်တဲ့ ပထမဆုံးလူသားတွေအဖြစ်မှတ်တမ်းဝင်သွားပါပြီ။

ဧဝရက်တောင် တက်သမား

#Project360 ပရိုဂျက် အဖွဲ့ဝင်တွေကတော့ Lakpa Sherpa, Pemba Rinji Sherpa, Kusang Sherpa နဲ့ Ang Kaji Sherpa တို့ဖြစ်ကြပါတယ်။

သူတို့သုံးတဲ့ ကင်မရာကတော့ ခြောက်လုံးတွဲ GoPro ဖြစ်ပါတယ်။ ကင်မရာတွဲတလုံးက စက္ကန့်သုံးဆယ်တိုင်းမှာဓာတ်ပုံတစ်ပုံရိုက်ပြီး ကျန်တဲ့အလုံးတွေက တောင်တက်လမ်းတလျှောက်လုံး ဗီဒယိုရိုက်သွားပါတယ်။

ဧဝရက်တောင်အောက်ခြေစခန်း

ဧဝရက်တောင်တက် ခရီးလမ်း

ဧဝရက်တောင်တက်

ဧဝရက်တောင်တက်ခရီး

ဧဝရက်တောင်ထိပ်
တောင်အောက်ခြေစခန်း ကစပြီးတောင်ထိပ်ရောက်သည်ထိ တောက်လျှောက်မနားတန်းရိုက်သွားတာပါ။ ရရှိလာတဲ့ ဓာတ်ပုံတွေကိုတော့ ခရီးလမ်းတလျှေက်လုံးအတွက် ဆက်လိုက်ပြီး အခုလို ကျွန်တော်တို့အိမ်အောက်မဆင်းပဲသွားလို့ရတဲ့ လမ်းခရီးဖြစ်လာပါတယ်။ ဖြစ်ချင်ရင်ဓာတ်ပုံတပုံချင်း တောင်လိုက်တက်လို့ရပါတယ်။

ဧဝရက်တောင်
ခရီးလမ်းအဆုံးမှာတော့ ဒီပုံကိုတွေ့ရပါမယ်။ တောင်ထိပ်မှာရိုက်ထားတဲ့ပုံပါ။ တကယ့်ကမ္ဘာ့ထိပ်ဆုံးပုံပေါ့။ (see you at the top ဆိုလဲမမှားပါဘူး။ :D)

ကိုယ်တိုင်ခံစားဖို့ ဒါကိုနှိပ်ပါ။ ဒီအောင်မြင်မှုကိုရရှိဖို့အတွက် တောင်တက်သမားတွေကြုံတွေ့ခဲ့ရတဲ့ ခရီးလမ်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေအသေးစိတ် ကိုသိလိုရင်တော့ Mammut website ကိုလှမ်းခဲ့ပါ။

via Petapixel.com and Mammut.ch.


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*