ဒေါ်လာ 460 တန် Xiaomi ရဲ့ 4K Mi Drone

မီဒရုုန္း ၁
Unicode Version | Zawgyi-One Version

တရုတ်ပြည်မှလူသိအများဆုံး လူသုံးကုန်အီလက်ထရွန်းနစ်ပစ္စည်းတွေထုတ်လုပ်တဲ့ Xiaomi ဟာ ဈေးပေါပြီး 4K video ပါရတဲ့ ဒရုန်း လို့ခေါ်တဲ့မောင်းသူမဲ့ လေယဉ်ငယ်ကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi ရဲ့ Mi Drone ဟာ ပန်ကာလေးခုပါတဲ့ quadcopter အမျိုးအစားဖြစ်ပြီး ဝင်ရိုးသုံးခု gimbal နဲ့ 4K camera ပါရှိပါတယ်။ Mi smartphone ကို viewfinder အဖြစ်အသုံးပြုတဲ့ အဝေးထိန်းအနစ်လဲ ပါရှိပါတယ်။

မီဒရုန်း၄

မီဒရုန်း၃

မီဒရုန်း၆

မီဒရုန်း၅

4K model ကို တရုတ်ရွမ် 2,999 (ဒေါ်လာ 460) နဲ့ 1080p model ကို တရုတ်ရွမ် 2,499 yuan (ဒေါ်လာ 380) ဖြင့်ရောင်းချပါမယ်။ ပုံမှန်အားဖြင့် 4K-camera drones ကို DJI နဲ့ Yuneec ရဲ့ရောင်းဈေးဟာ ဒေါ်လာ တစ်ထောင် ကျော်ပါတယ်။

xiaomi ဒရုန်း၄

xiaomi ဒရုန်း

xiaomi ဒရုန်း၃

xiaomi ဒရုန်း၂

xiaomi ဒရုန်း၉

xiaomi ဒရုန်း၈

Xiaomi အဓိကပြောနေတဲ့ မီဒရုန်းရဲ့အားသာချက်ကတော့ တစစီဖြုတ်ပြီးလဲလှယ်လို့ရတာပါ။ ကင်မရာနဲ့ ပန်ကာတွေအားလုံးကို ဖြုတ်လဲလို့ရပါတယ်။ အလွယ်တကူ လဲလှယ်လို့ရတဲ့ 5100 mA ဘတ္တရီပါရှိပြီး တစ်ခါအားဖြည့်ပြီးရင် 27 မိနစ်စာပျံသန်းလို့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ ဈေးကွက်ထဲမှတခြား ဒရုန်းတော်တော်များများထက်များတဲ့ ပျံသန်းနိုင်မှုပါ။

မီဒရုန်း၂

xiaomi ဒရုန်း၇

xiaomi ဒရုုန္း၆

xiaomi ဒရုန်း၅

တည်နေရာအတွက် GPS နဲ့ GLONASS နှစ်မျိုးလုံးကိုအသုံးပြုပြီး တည်နေရာပြဂြိုတုဆက်သွယ်ချက် မရှိတဲ့နေရာတွေမှာ တည်ငြိမ်စွာပျံသန်းနိုင်ရန် အသုံးပြုတဲ့ visual positioning system လည်းပါရှိပါတယ်။ ပြီးတော့ထုံးစံအတိုင်း autonomous flights modes တွေဖြစ်တဲ့ takeoff, landing, return to home, waypoint navigation တို့ပါရှိပါတယ်။ ပျံသန်းတဲ့နေရာကိုထိန်းချုပ်ရန် geofencing လဲပါရှိပါတယ်။

1080p Mi Drone ကို မေလ 26 ရက်နေ့မှစတင်ကာ ကြိုတင်ငွေပေးမှာယူရှိနိုင်ပြီး 4K ဒရုန်းကိုတော့ ဂျူလိုင်လအကုန်မှာ စတင်ကာ စိတ်ဝင်စားသူတွေကို စမ်းသပ်ခိုင်းမယ်လို့ပြောပါတယ်။

via The Verge and Xiaomi Forum


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*