Canon ရဲ့ 120-megapixel DSLR အသစ်အကြောင်း

Canon DSLR အသစ္အေၾကာင္း
Unicode Version | Zawgyi-One Version

120-megapixel DSLR ကိုဖန်တီးနေတယ်လို့ Canon က 2015 September မှာကြေညာခဲ့ပါတယ်။။ ဒီတပတ် Shanghai မှာပြုလုပ်တဲ့ Canon Expo မှာတော့ Camera ရဲ့စွမ်းဆောင်ရည်တွေကိုထုတ်ဖော်ပြသခဲ့ပါတယ်။

Hong Kong မှာအခြေပြုတဲ့ DCFever website ကသွားရောက်လက်တွေ့လေ့လာခဲ့ပါတယ်။ ဒီကင်မရာဟာအပြင်ကကြည့်လိုက်မယ်ဆိုရင် Canon ရဲ့ 5DS နဲ့ဆင်တူပါတယ်။

တကယ်စိတ်ဝင်စားစရာကောင်းတာကတော့ လက်တွေ့သရုပ်ပြချက်ပါပဲ။ မှန်နဲ့ပြုလုပ်ထားတဲ့ခုန်ပေါ်မှာ 120MP DSLR ကို lens အောက်ထားပြီးထောင်ထားပါတယ်။ အောက်မှာတော့ ပစ္စည်းမျိုးစုံထည့်ထားတဲ့ ပုံးတစ်ပုံးရှိပါတယ်။

Canon DSLR အသစ် အကြောင်း

120MP Canon DSLR အသစ်အကြောင်း

Canon DSLR အသစ်

Camera ကရိုက်လိုက်တဲ့ပုံကို ကြီးမားတဲ့နံရံပေါ်နဲ့ computer တစ်လုံးပေါ်မှာပြသထားပါတယ်။ အသေးစိတ် zoom လုပ်လိုက်ရင်လည်း Camera ကရိုက်လိုက်တဲ့ပုံကို ကြီးမားတဲ့နံရံပေါ်နဲ့ computer တစ်လုံးပေါ်မှာပြသထားပြီး သေးစိတ် zoom in လုပ်ကြည့်လိုက်ရင် 120 MP sensor ကပေးနိုင်တဲ့ အသေးစိတ်တွေကိုရူးသွပ်ဖွယ်ရာတွေ့ရှိရမှာပါ။

Canon ရဲ့120-megapixel DSLR

100% ထိ crop လုပ်ထားတဲ့ပုံရဲ့စာလုံးတွေဟာတကယ့်ကိုကြည်လင်ပြတ်သားလှပါတယ်။

Canon ဒီအစ်အလ်အာ အသစ်အကြောင်း

ဓာတ်ပုံရဲ့ EXIF ကိုကြည့်လိုက်ရင် ဒီ camera ကဖန်တီးလိုက်တဲ့ RAW .CR2 file ဟာ 212.1 megabytes ကြီးမားတာကို့တွေ့ရပါတယ်။

ဒါကြောင့်အနာဂတ်မှာ ဒီ camera ထွက်လာလို့ ဝယ်မယ်ဆိုရင် capacity ကြီးမားတဲ့ memory card နဲ့ hard drive တွေကိုဝယ်ထားဖို့မမေ့ပါနဲ့။

ဒီပုံတွေကို Canon ရဲ့ 24-70mm f/2.8 II, 11-24 f/4 နဲ့ 300mm f/2.8 တွေသုံးပြီးရိုက်ထားတာလို့ DCFever ကပြောပါတယ်။ ဒါကြောင့် Canon ရဲ့ lens အသစ် တော်တော်များများဟာ ဒီ sensor နဲ့တွဲသုံးနိုင်လိမ့်မယ်လို့ထင်ပါတယ်တဲ့။

via Canon 120MP DSLR Shows Off its Stuff at Canon Expo


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*