လူပြောများတဲ့ Calvin Klein ရဲ့ အတွင်းခံကြော်ငြာဓာတ်ပုံ

calvin klein Klara Kristin panty blurred
Unicode Version | Zawgyi-One Version

ဘယ်လိုအခြေအနေမျိုးမှာကြော်ငြာဓာတ်ပုံတစ်ခုဟာဘောင်ကျော်တယ်လို့ပြောလို့ရပါသလဲ။ Calvin Klein ရဲ့ကြော်ငြာတွေဟာ သင့်တော်တာနဲ့မသင့်တော်တာတွေ ကြားထဲဆော့ကစားတတ်တယ်လို့လူသိများပေမယ့် ဒီတခေါက် အတွင်းခံကြော်ငြာကတော့ဘောင်ကျော်ခဲ့ပါတယ်။

ဒီကြော်ငြာဟာ အင်တာနက်မှာဒေါသပုံထစေခဲ့ပါတယ်။ တချို့တွေက ဒါဟာ fashion လောကရဲ့ ပုံမှန်နေ့တစ်နေ့သာဖြစ်တယ်လို့ပြောကြပြီး တချို့တွေက “ရွံ့စရာ”၊ “ရွံ့မုန်းစရာ”၊ “ခလေးစော်ကားသူတွေရဲ့စားတော်ပွဲ” လို့ခေါ်ကြပါတယ်။ ABC သတင်းဌာနက “ဖက်ရှင်အညီအဟောက်” လို့ခေါ်ခဲ့ပါတယ်။

တချို့တွေကတော့ဒီကြော်ငြာကိုကာကွယ်ပြောဆိုခဲ့ပါတယ်။ “Klara Kristin ရဲ့ စကတ်ကိုချောင်းကြည့်တာခလေးအညီအဟောက်မဟုတ်ဘူး။ Klara Kristin ဟာ 15 နှစ်အရွယ်မဟုတ်ဘူး” လို့ပြောခဲ့ပါတယ်။ တချို့ကတော့ဒါဟာတိုးတက်ထိုးထွက်မှုတခုလို့ပြောကြပါတယ်။ ဒီကြော်ငြာကြောင့်လူအများဟာ လိင်နဲ့ဆက်နွယ်တဲ့ အသိတရားနဲ့ တဖက်သားရဲ့သဘောတူလက်ခံမှုနဲ့ ပတ်သက်တဲ့အရာတွေကိုပြောဆိုဆွေးနွေးနေကြတယ်လို့ပြောပါတယ်။

အမေရိကန်နိုင်ငံက လိင်မှုကိစ္စများနဲ့ဆိုင်တဲ့ မတရားမှုများကိုတိုက်ဖျက်ရေးအဖွဲ့တစ်ဖွဲ့က petition တစ်ခုစခဲ့ပေမယ့် Clavin Klein ကတော့အပြုံးမပျက်ပါဘူး။ အဲဒီအဖွဲ့က ဒီဓာတ်ပုံကို ပြန်ဖြုတ်ပေးပြီး လိင်ပိုင်းဆိုင်ရာအသားပေး ကြော်ငြာတွေကိုရပ်တန့်ဖို့၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တိုက်ခိုက်ခံခဲ့ရသူတွေကို တောင်းပန်ဖို့တောင်းဆိုခဲ့ပါတယ်။

သင်ကောဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ။ အောက်မှာ comment လေးတွေထားခဲ့လို့ရပါတယ်။

via Petapixel.com

Be the first to comment

Leave a Reply

Your email address will not be published.


*