Camera ကို နားလည်စေဖို့ ၁၀၁ အပိုင်း (၁)

Camera အကြောင်း ၁၀၁ (ပုံ) camera နဲ့ lens ဟန်ချက်ညီညီ လုပ်ဆောင်ခြင်းရဲ့ ရလာဒ်
Unicode Version | Zawgyi-One Version

အရင်တစ်ပတ်က camera setting ခြေခံတွေအကြောင်း ပုံကောင်းကောင်းရစေမယ့် Camera Setting များ မှာတင်ပြပြီးသွားတဲ့ အတွက် ဒီတစ်ပတ်တော့ ဓါတ်ပုံ အခြေခံ အကြောင်းနဲ့ အခေါ်အဝေါ် တွေကို ဆက်ပြီး တင်ပြချင်ပါတယ်။ Camera setting အကြောင်းကို မလေ့လာရသေးလို့ လေ့လာချင်သူများကတော့ အောက်ပါလင့်တွေမှာအသေးစိတ်မှာ အသေးစိပ် သွားရောက် ဖတ်ရှုနိုင်ပါတယ်။ အာက်ပါလင့်တွေမှာအသေးစိတ်မှာ အသေးစိပ် သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ပုံကောင်းကောင်းရစေမယ့် Camera Setting များ
ဓာတ်ပုံပညာသင်ယူစ လက်သစ်များ အတွက် ကင်မရာ မုဒ်ရွေးချယ်ရန်လမ်းညွှန်
ဘယ်အချိန်ဘယ်မုဒ်သုံးမလဲ

ဓါတ်ပုံရိုက်တော့မယ်ဆိုရင် ရင်းနှီးထားသင့်တဲ့ Digital Single Lens Reflex (DSLR) camera အစိပ်အပိုင်းများနဲ့ အခေါ်များကတော့

Max_P2 Camera101 camera anatomy z
(၁) Camera Body ပေါ်မှာ တွေ့နိုင်တာတွေကတော့

(က) Reflex Mirror
(ခ) Shutter
(ဂ) Digital sensor
(ဃ) Shutter Speed Dial*
(င) Exposure Dial/Mode Switch
(စ) ISO select button*
(ဆ) Shutter released button
(ဇ) Aperture select wheel / button
(ဈ ) Pentaprism*
(ည) View finder/LCD screen

ညာဘက်မှာ ပြထားတဲ့ပုံကို အပေါ်က စာနှင့် တွဲကြည့်ပါ။

စာညွှန်းတွေဟာ ပုံမှာပြထားသလောက် မပါပါဘူး။ အခြေခံ ဖွင့်ပိတ်ပုံ လိုအပ်သလောက်သာ ပြထားတာပါ။


(၂) Lens ပေါ်မှာ တွေ့နိုင်တာတွေကတော့

(က) Aperture Ring*
(ခ) Distance scale
(ဂ) Focus Ring
(ဃ) Zoom Ring*
(င) Auto/Manual Focus switch

စသည်ဖြင့် အသီးသီး ပါရှိပါတယ်။ SLR camera မဟုတ်တဲ့ point and shoot compact camera၊ နဲ့ mirrorless camera တွေမှာ ၁-က နဲ့ ၁-ဈ မပါတာပဲကွာပါတယ်။


(၁) Camera Body ပေါ်မှ တွေ့နိုင်သည့် အရာများ

 

 

Reflex Mirror, Leica R7
Leica R7 camera ရဲ့ Reflex mirror ဖြစ်ပါတယ်

(၁-က) Reflex Mirror

မှန်ပြောင်း (Lens) ကဝင်လာတဲ့ ပုံရိပ်တွေကို ရိုက်သူက မြင်ရအောင် lens နဲ့ Sensorကြားမှာ တစောင်းခံပေးထားတဲ့ မှန်ပါ။

ဒီမှန်ကြောင့် ဓါတ်ပုံရိုက်တဲ့သူဟာ ခလုပ်မနှိပ်ခင် အချိန်အတွင်း ရိုက် ချင်တဲ့ အရာတွေကို camera ကို ဖြတ်ပြီး မြင်နိုင်တာပါ။ ဒီလို မှန်နဲ့ တဆင့်မြင်ရတာကို အစွဲပြုပြီး Single Lens Reflex (SLR) ရယ်လို့ ခေါ်ဆိုတာပါ။
Shutter release button လို့ခေါ်တဲ့ ဓါတ်ပုံရိုက်တဲ့ခလုတ်ကို နှိပ်လိုက်တာနဲ့ တပြိုင်နက် အဲ့ဒိ မှန်လေးကို အပေါ်ကို ဆွဲတင်လိုက်မှာပါ။ အဲ့ဒီနောက်မှာတော့ Shutter က ဝင်လာတဲ့ အလင်းပုံရိပ်တွေကို ပေးဝင်ဖို့ အဆင်သင့်ပါပဲ။

Max_P2 Camera101 camera anatomy_Shutter system 01(၁-ခ) Shutter

Reflex Mirror ရဲ့ အနောက်ဘက် မှာတော့ Shutter လို့ခေါ်တဲ့ အလွန်ပါးလွှာ ပျော့ပျောင်းတဲ့ သတ္ထု ကန့်လန့်ကာလေး ရှိပါတယ်။ ပုံမှာပြထားတဲ့ အနီကွက်ထဲက အရာကတော့ shutter ကို နောက်မှ မြင်ရတဲ့ ပုံပါ။

Shutter က ဝင်လာတဲ့ အလင်းတွေကို မလိုလားအပ်သေးတဲ့ အချိန်တွေမှာ ဖြတ်ကျော်မသွားအောင် ကာကွယ်တားဆီးပေးထားတာပါ။ သူ့ကို ဖွင့်လိုက်မယ်ဆိုရင် Lens ကဝင်လာတဲ့ အလင်းရောင်ဟာ အနောက်ဖက်မှာရှိနေတဲ့ ဖလင် ဒါမှမဟုတ် Digital sensor ပေါ်အထိ ထိုးဖောက်ဝင်ရောက်သွားမှပါ။

သူဟာ အလွန် ပါးလွာပြီး နူးညံ့ တာကြောင့် သူ့ကို မထိခိုက်စေသင့်ပါဘူး။ ယုတ်စွအ ဆုံး လက်ဗလာနဲ့ သွားကိုင်မိရင်တောင် လက်ကထွက်တဲ့ အဆီကြောင့် shutter ရဲ့ လှုပ်ရှားမှုကို ထိခိုက်စေပါတယ်။

Max_P2 Camera101 camera anatomy Sensor

(၁-ဂ) Digital Sensor

အရင် သုံးခဲ့တဲ့ ဖလင်နေရမှာ အစားထိုးဝင်ရောက်လာတဲ့ IC တစ်မျိုးပါပဲ။ သူဟာ camera နောက်ကျော၊ shutter ရဲ့ အနောက်ဘက် ကပ်လျက်မှာ ရှိပါတယ်။ သူ့ပေါ်ကို ကျသမှ အလင်းကို Shutter ဖွင့်တဲ့ ကာလအတွင်း ဖတ်ယူပေးမှာပါ။ လက်သည်းခွံထက် သေးတဲ့ အရွယ်ကနေစပြီး လက်ဖဝါးပြားလောက် ကြီးတဲ့အရွယ်အထိ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ ကြီးတဲ့ အရွယ်တွေက သေးတာတွေလို ဈေးမသက်သာကတော့ မေးစရာ မေးခွန်း ဖြစ်မယ်မထင်ပါဘူး။

 

Max_P2 Camera101 camera anatomy_ExposureDial

(၁-ဃ) Shutter Speed Dial

Shutter ကို ဖွင့်မယ့် အချိန်ကို သတ်မှတ်ပေးလို့ရတဲ့ ဆုံလည်ခလုပ်ပါ။ Touch screen တွေ ပေါ်မလာခင်အထိတော့ အသုံးပြုရလွယ်အောင် ဆုံလည်လုပ်ခဲ့ပေမယ့်လည်း၊ ခုချိန်မှာတော့ လက်ညှိုးလေးနဲ့ ပွတ်ပြီးပြောင်တဲ့ camera တွေလဲ ဈေးကွက်ထဲမှာ အပြည့်ပါ။ အဓိက ကတော့ ဘယ်လောက်မြန်မြန် ဖွင့်မလဲ ကို ရွေးဖို့ပါ။ ရွေးချယ်စရာတွေကတော့ အကြာဆုံး ၃၀ စက္ကန့်ကနေပြီး ၊ အမြန်ဆုံး တစ်စက္ကန့်ရဲ့ ၈၀၀၀ ပုံ တစ်ပုံအထိ ပြောင်းချိန်နိုင်ပါတယ်။ သင့် camera က ဘယ်အမြန်နှုန်းအထိ ပေးနိုင်လဲဆိုတာ၊ camera ထုတ်လုပ်စားရိပ် ဘယ်လောက် ကုန်ကျလဲနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒီအကြောင်းကို ယခင်ရက်က တင်ထားတဲ့ “http://dpmyanmar.com/ပုံကောင်းကောင်းရစေမယ့် Camera setting/“ မှာ တင်ပြထားပါသေးတယ်။

 

ကင်မရာမုဒ်ရွေးချယ်ရန်လမ်းညွှန်

(၁-c) Exposure Dial

Camera ကို ဘယ်ပုံဘယ်နည်းနဲ့ အသုံးပြုချင်ပါသလဲ။ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ပုံရဖို့ အရးကြီးလား၊ အနုပညာ ဆန်ဆန်ရိုက်ချင်လို့ ကိုယ့်စိတ်ကြိုက် ချိန်ချင်လားဆိုတာကို ရွေးချယ်ဖို့အတွက် ပံ့ပိုးပေးထားတဲ့ ဆုံလည်ခလုတ်၊ မဟုတ်ရင် ရွေးစရာ နှိပ်လို့ရတဲ့ ခလုပ် တစ်မျိုးမျိုးပါ။ “ http://dpmyanmar.com/ပုံကောင်းကောင်းရစေမယ့် Camera setting/ “ မှာ အသေးစိပ် သွားရောက် ဖတ်ရှုနိုင်ပါတယ်။

 

(၁-စ) ISO Select button

ISO ဆိုတဲ့ ဝေါဟာရအပေါ်မှာ ဘာလဲမေးလို့ ဖြေရမယ်ဆိုရင် တော်တော်ရှည်လျားပါတယ်။ ISO ကိုယ်တိုင်ကိုက ဓါတ်ပုံနဲ့ မဆိုင်ဘူးလို့ ပြောလို့ရပါတယ်။ International Standard Organization ISO ( အပြည်ပြည်ဆိုင်ရာ စံနှုံးများ သတ်မှတ်ရေး အဖွဲ့လို့ ခေါ်လို့ရမယ် ထင်ပါတယ်။) က သတ်မှတ်ထားတဲ့ ကိန်းတွေဖြစ်လို့ ISO လို့ ရှေ့က ပါလာတာပါ။

Max_P2 Camera101 camera anatomy ISO
ISO စာလုံးရဲ့အနောက်မှာ ပါတဲ့ ကိန်းဂဏန်းတွေကတော့ ဖလင် (ဒါမှမဟုတ်) Digital sensor ရဲ့ အလင်းကို အာရုံခံ တုန့်ပြန်တဲ့ အမြန်နှုံးပါ။ ကိန်းငယ်လေလေ၊ တုန့်ပြန်နှုံး နှေးလေလေ၊ ကိန်းကြီးလာလေလေ အလင်းကို တုံ့ပြန်နှုံး မြန်လေလေပါပဲ။ ပုံမှန် တွေ့နိုင်တဲ့ တန်ဖိုးတွေကတော့ အနှေးဆုံး ISO 50 ကနေ အမြန်ဆုံး ISO 20000 ထိ တွေ့နိုင်ပါတယ်။ ဥပမာ ISO 50, 100, 200, 400, 800, 1600, 3200, 6400, 12800 စတဲ့ တန်ဖိုးတွေပါ။ ဒီတန်ဖိုးတွေခြားနားချက်က နှစ်ဆ ကွာတာ သတိထားမိမှာပါ။ သို့သော်လည်း ဓါတ်ပုံမှက “stop” လို့ခေါ်တဲ့ scale နဲ့ သတ်မှတ်ပြီး၊ ISO ခြားနားချက်တွေက 1 stop စီပဲ ရှိကြတာပါ။
သင့်အတွက် ကောင်းမွန်တဲ့ အလင်းရောင်ရနိုင်ပြီး ရိုက်မယ့် အရာကလဲ ငြိမ်သက်တဲ့ အရာမျိုးဆို ငယ်တဲ့ ISO တန်ဖိုးတွေကို သုံးသင့်ပြီး၊ အလင်းရောင် လုံလောက်မှုမရှိတာ၊ ရိုက်ချင်တဲ့ အရာက လှုပ်ရှားနေတာ မျိုးဆိုရင်တော့ အသင့်အတင့် မြင့်မားတဲ့ ISO တန်ဖိုးတွေကို သုံးသင့်ပါတယ်။
ဥပမာ နေသာသာ အောက်မှာ ရိုက်တဲ့ပုံမျိုး ဆိုရင် ISO 100 လောက်သာ လိုအပ်တဲ့ အချိန်မှာ၊ အားကစား လှုပ်ရှားမှု၊ အလင်းရောင်အားနဲတဲ့ ညအချိန် စတဲ့ အခြေအနေမျိုးမှာတော့ ISO 800 လောက် ထားရိုက်သင့်ပါတယ်။
ငယ်တဲ့ ISO တန်ဖိုးတွေအတွက် ရလိုက်ရတာတော့ ပိုမိုကြည်လင်ပြတ်သားတဲ့ ပုံတွေနဲ့၊ ပံ့ပိုးရမှာက camera ကို ငြိမ်အောင် ကိုင်နိုင်မယ့် လက်တစ်စုံပါ။ ကြီးတဲ့ ISO တန်ဖိုးတွေအတွက် ရမှာက မှောင်တဲ့ အထဲ၊ သို့ ၊ အမြန်ရွေ့လျားနေတဲ့ အရာတွေကို ဖမ်းမိအောင် ရိုက်နိုင်မှာဖြစ်ပြီး၊ ဒါအတွက် ဆုံးရှုံးရမှာတော့ ပုံမှာ Noise လို့ခေါ်တဲ့ မဲညစ်တဲ့ အစက်အပျောက်တွေပါ။ မြင်ကွင်းထဲမှာ မပါခဲ့တဲ့ ရောင်စုံ အစက်တွေလဲ ဖြစ်နိုင်ပါတယ်။ အဓိက ကတော့ ဘယ်အရာကသင့်အတွက် ပိုအရေးကြီးလဲ ဆိုတာပါပဲ။ သင် ဘာလိုသလဲဆိုတာကို ဆုံးဖြတ်ပြီး ရွေးချယ်ဖို့ပါ။

 

(၁-ဆ) Shutter release button

ဒီခလုပ်ကတော့ အထူးပြောစရာမလိုပါဘူး။ ဓါတ်ပုံရိုက်ဖို့ နှိပ်တဲ့ ခလုပ်ပါပဲ။ အဓိက အရေးကြီးတဲ့ အချက်က ပုံရိုက်တဲ့ အခိုက်အတန့်မှာ တချက်တည်း နှိုပ်ချမပစ်လိုက်ဖို့ပါပဲ။

သူ့ကို တစ်ဝက်လောက်ပဲ နှိပ်လိုက်ရင် ဓါတ်ပုံမရိုက်သေးပဲ Auto focus ချိန်ပေးပါလိမယ်။ ရိုက်မယ့်အခါ အရေးကြီးတဲ့ အချက်အလက်တွေကို LCD မှာဖြစ်ဖြစ်၊ view finder မှာပဲဖြစ်ဖြစ် ဖေါ်ပြပေးပါတယ်။ ဒီအချက်အလက်တွေပေါ်မှာ အဆင်ပြေတယ်ဆိုရင် Shutter release button ကို ဆက်နှိပ်လိုက်ရုံပါပဲ။ ဒါကြောင့် အကြံပေးချင်တာက ခလုပ်ကို နှိပ်မယ်ဆိုရင် တစ်ချကတည်း တောက်လျောက် နှိပ်လိုက်တာ မဟုတ်ပဲ အောက်ကိုတစ်ဝက်လောက်နှိပ် ခဏလေးနားပြီးမှ အဆုံးထိဆက်နှိပ်တာ ပိုပြီး ပြတ်သားတဲ့ ပုံလေးတွေကို ရနိုင်မှာပါ။

 

(၁-ဇ) Aperture select wheel / button

Lens တွေမှာဟိုယခင်က Aperture ring က aperture အကျဉ်းအကျယ်ကို ပြောင်းလဲခဲ့ပေမယ့်၊ အခု တော့ Camera body ပေါ်သို့ ပြောင်းလဲတပ်ဆင်လာပါတယ်။ ခေတ်ပေါ် lens တွေမှာဆို အရင်က မြင်ခဲ့ဘူးတဲ့ Aperture ring မပါတော့ပါဘူး။ ဘယ်လိုပုံနဲ့ တပ်ဆင်ထားတယ်ဆိုတာကိုတော့ camera တွေကြားမှာ ကွဲပြားတတ်ပါတယ်။ ဒီအရာက camera ထဲကို ဝင်လာမယ့် အလင်းကို ထိန်းချုပ်မှာ ဖြစ်လို့ သိထားဖို့ လိုအပ်ပါတယ်။

 

 

(၁-ဈ) Pentaprism

SLR camera တွေမှာ Lens ကနေ ဝင်လာမယ့် ပုံရဲ့ အလင်းဟာ Mirror ကနေရောင်ပြန်ပြီး ဓါတ်ပုံရိုက်တဲ့သူက မြင်နိုင်အောင် pentaprism လို့ခေါ်တဲ့ ၅မြောင့်ပုံ ဖန်တုံး ကနေ လုပ်ဆောင်ပေးတာပါ။
Mirrorless တွေမှာကတော့ နောက်မှာရှိတဲ့ LCD ကြည့်ပြီးမြင်နိုင်ပါတယ်။ ဒါမှမဟုတ် electronic view finder လို့ခေါ်တဲ့ ပုံမှန် view finder တွေလိုတုပ ကြည့်လို့ရစေတဲ့သေးငယ်တဲ့ display ကို ကြည့်နိုင်ပါတယ်။ သူတို့မှာ Mirror မပါတဲ့အတွက် Prism မလိုအပ်တော့တာပါ။

 

Max_P2 Camera101 camera anatomy view and prism

(၁-ည) View finder/LCD screen

View finder ထဲကနေပြီး ကိုရိုက်မယ့် အရာအပြင် အခြား အရေးပါတဲ့ အချက်အလက်များကိုလဲ ပြပေးပါသေးတယ်။ အရေးကြီးတာတွေက
(၁) အလင်းအမှောင် အချက်အလက် (Metering information)
(၂) Exposure Mode
(၃) Shutter, Aperture နဲ့ ISO setting
(၄) ပုံတစ်ပုံချင်းစီရဲ့ EXIF data လို့ခေါ်တဲ့ အသေးစိပ်အချက်အလက်
(၅) ပုံတွေရဲ့ Histogram လို့ခေါ်တဲ့ အလင်းအမှောင် ပြတဲ့ graph
စတာတွေအပြင် အခြားရေးပါတဲ့ setting တွေကို ပြနေပါသေးတယ်။

 

ဒီဟာတွေက ဓါတ်ပုံခလုပ် နှိုပ်လိုက်ရုံ ရိုက်ဖို့ အတွက် အရေးမပါပေမယ့် ကိုယ်ရိုက်တဲ့ ပုံကို မှတ်တမ်းတင်အဆင့်ထက် ကျော်လွန်ချင်တယ်ဆိုရင်တော့ သိထားဖို့ အလွန်ကောင်းတဲ့ အကြောင်းတွေပါ။ စကားပုံထဲကလို ကိုယ်စီးတဲ့ မြင်း အထီးအမ တော့ သိဖို့ လိုတာပေါ့။

Lens နဲ့ ပတ်သတ်လို့ နောက်တပတ် ဆက်ပါဦးမယ်။ Lens ဟာ မှန်ဘီလူးတွေ စီဆင့်ထားတာ ဆိုပေမယ့် သူ့ရဲ့ စွမ်းဆောင်မှုက သူ့ ဖွဲ့စည်းပုံထက် အများကြီး  သာလွန်ပါတယ်။ Digital camera တွေမပေါ်ဘူးဆိုကြပါစို့၊ ဒါဆိုရင် camera ဘော်ဒီတွေဟာ ဘာမှ ထူးထူးကဲကဲ မကွာခြားပါဘူး။ ပုံရိုက်တဲ့သူတွေရဲ့ ကင်မရာ  ဗဟုသုတ ဘယ်လောက် နှံ့စပ်သလဲရယ်၊ အဲ့ဒီ သုတ ပေါ်မှာ အသုံးချပြီး ဘယ်လိုပုံမျိုးကို ဘယ်လို ကင်မရာ နဲ့ lens တွဲဖက်ပြီး ရိုက်မလဲဆိုတာက ထွက်လာမယ့် ပုံကို အများကြီး အထောက်အကူ ဖြစ်ပါတယ်။

ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။ နောက်တစ်ပတ် Lens တွေအကြောင်း ဆက်ကြတာပေါ့။

Portrait lens တွေအကြောင်းကို ဒီမှာဖတ်ရှုနိုင်ပါတယ်။

Landscape Lens တွေအကြောင်းကို ဒီမှာဖတ်ရှုနိုင်ပါတယ်။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Digital Photography Myanmar ရဲ့ Camera ကိုနားလည်စေဖို့ ၁၀၁ အပိုင်း(၁) ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။

5 Comments on Camera ကို နားလည်စေဖို့ ၁၀၁ အပိုင်း (၁)

  1. ဇော်ဂျီဖောင့်ဖြင့်ပါ တင်ပေးစေချင်ပါသည်
    ဖတ်မရပါ

  2. တကယ်ကောင်းပါတယ
    သိမ်းထားချင်တာ
    ဘယ်လို save ရမလဲ

  3. ကျေးဇူးတင်ပါတယ်။
    အဆင့်မြင့်သင်ခန်းစာတွေကိုဆက်လက်ဖတ်လိုပါတယ်။

Leave a Reply

Your email address will not be published.


*