Camera ဝယ်ယူခြင်းလမ်းညွန်


Unicode Version | Zawgyi-One Version

Camera တစ်လုံးဝယ်ယူမယ်ဆိုရင် စာဖတ်သူများအနေနဲ့ ဒီအချက်အလက်တွေကို သိထားမယ်ဆိုရင် မိမိတို့ ရွှေးချယ်မှုကို ကောင်းကောင်း အထောက်အပံ့ ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။

Camera ဝယ်ယူမယ်ဆိုရင် သိသင့်တဲ့အချက်တွေကတော့ –

ဘယ် Camera ဟာ သင့်အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါဆိုပြီး ဖော်ပြချက် သတ်မှတ်ချက်တွေမရှိပါဘူး။ Higher resolution (megapixel များခြင်း) သို့မဟုတ် zoom အများကြီးချဲ့နိုင်ခြင်းတို့ကြောင့် camera တစ်လုံးကိုကောင်းတယ်လို့မပြောနိုင်ပါဘူး။ ဒါကြောင့် မိတ်ဆွေအနေနဲ့ camera ဝယ်ယူမယ်ဆိုရင် megapixel အများဆုံး၊ zoom ဆွဲယူချဲ့ယူနိုင်စွမ်းအများဆုံးစသည့် အချက်တွေကို အခြေခံပြီး မရှာဖွေပါနဲ့။

အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ camera ကို ရှာဖွေရင်းအချိန်ကုန်မခံပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကင်မရာတစ်လုံးဟာနောက်ကင်မရာတစ်လုံးထက် camera ကောင်း လို့ အဆုံးအဖြတ်ပေးတဲ့အချက် (၄) ချက် ဖြစ်တဲ့ ၁) ဓာတ်ပုံအရည်အသွေး၊ ၂) စွမ်းဆောင်နိုင်ရည်၊ ၃) ပါဝင်တဲ့ features များနဲ့ ၄) camera ရဲ့အသွင်အပြင် စတဲ့အချက်တွေအားလုံးမှာမကျော်နိုင်ပါဘူး။ ပြည့်စုံကျော်လွန်တဲ့ camera ရဲ့ဈေးနှုန်းဟာလဲ သင်မတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်နေမှာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်သင့်အတွက်အကောင်းဆုံး camera ကိုပဲ ရှာဖွေဝယ်ယူပါ။ ဥပမာအားဖြင့် သင့် camera ဟာ pixel တွေကိုအသေးစိတ်ကြည့်ရှူသူအတွက် ပုံထွက်မကောင်းရင်လည်း ပြဿနာမရှိပါဘူး။

မဝယ်ခင် ကိုင်တွယ်ကြည့်ပြီး စမ်းရိုက်ကြည်ပါ။ ဒါကလဲ အရေးပါတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သင်အနေနဲ့ camera ဝယ်ယူပြီးဆိုရင် သင့်လက်ထဲမှာ အဆင်ပြေစွာဖြင့် ကိုင်ဆောင်နိုင်မှသာ အသုံးပြုရလွယ်ကူပြီး သက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေ့နဲ့ သိပ်မကြီး သိပ်အလေးချိန်မများသော အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ မဟုတ်လျှင်တော့ သင့်အနေနဲ့ camera အိမ်မှာပဲ ထားရစ်ခဲ့မဲ့အဖြစ်က ကျိန်းသေသလောက်ပါပဲ။ ဒါအပြင်အများဆုံးအသုံး ပြုတဲ့ functions တွေကိုလည်းအလွယ်တကူ access လုပ်ခွင့် ပေးသင့်ပါတယ်။ ထို့အပြင် menu များဟာလည်း ရိုးရှင်းပြီး လွယ်ကူစွာ သင်ကြားတက်မြောက်လွယ်တဲ့ အမျိုးအစားမျိုးလဲဖြစ်သင့်ပါတယ်။ touch-screen model တွေဟာ function တွေကို များများစားစားခွင့်ပြုပေးပါတယ်။ ဒါပေ့မယ် touch-screen ကောင်းစွာ အလုပ်မလုပ်လျှင်တော့ သင့်အနေနဲ့ စိတ်ကသိကအောက် ကြုံတွေ့ရတတ်ပါတယ်။

ယခု ထပ်မံဖော်ပြမှာကတော့ ကင်မရာဝယ်ယူလိုသူများ ရွေးချယ်ရလွယ်ကူစေရန် အလို့ငှာ နမူနာအနေဖြင့် ကင်မရာ အမျိုးအစား ၉ မျိုးခန့်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အပေါ့စား point and shoot camera လေးများ ($200 အောက်)

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် powershot-sx600

အပေါ့စား point and shoot camera လေးတွေကိုတော့ တယ်လီဖုန်းကင်မရာထက် သာတဲ့ဓာတ်ပုံများကို လိုချင်သူတွေနဲ့ zoom ချဲ့ပီးရိုက်ကူးလိုသူတွေသုံးကြပါတယ်။ အရွယ်အစားကတော့ အင်္ကျီအိတ်ထဲထည့်သယ်နိုင်အောင်သေးငယ်ပြီး lens က body မှာ ပူးတွဲပါရှိပါတယ်။ zoom ဆွဲနိုင်မှုကတော့ ၁၂ ဆ အောက်ပဲရှိပြီး သေးငယ်သော sensor ပါရှိပါတယ်။ automatic operation တွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပြီး လျှပ်တစ်ပြတ် ဓာတ်ပုံများ၊ social Media ပေါ်သို့တင့်လေ့ရှိသော အစားအသောက်ဓာတ်ပုံများ၊ ကလေးငယ်များနဲ့ အိမ်မွေးတရိစ္ဆာန် ဗီဒီယိုကလစ်အတိုလေးများ ရိုက်ကူးရန်းအတွက် အထူးသင့်တော်ပါတယ်။

Compact Megazooms ( $200 ~ $350)

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် Canon-PowerShot-SX620-HS

အထက်ကဖော်ပြခဲ့တဲ့ point and shoot အမျိုးအစားထဲက ချဲ့နိုင်စွမ်း ပိုမိုကောင်းမွန်တဲ့ ကင်မရာမျိုးပဲဖြစ်ပါတယ်။ ဒီ camera ကိုတော့ point and shoot အမျိုးအစားထက် ပိုမို zoom ဆွဲချင်တဲ့သူတွေ သုံးသင့်ပြီး အဓိကအချက်တွေကတော့ point and shoot နဲ့အတူတူပဲဖြစ်ပြီး zoom ဆွဲနိုင်တဲ့ ပမာဏကွာသွားတာပဲ ခြားနားပါတယ်။ သူရဲ့ zoom ဆွဲနိုင်မှုကတော့ ၁၆ ဆ ထက်များနိုင်ပြီး manual လုပ်ဆောင်ချက်တချို့ ပါဝင်ပါတယ်။ သူရဲ့ ရုပ်ထွက်နဲ့လုပ်ဆောင်နိုင်ချက်တွေကတော့ point and shoot အမျိုးအစားတွေထက် ပိုမိုကောင်းမွန်ပြီး ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်ငယ်လေး များ၏ ဓာတ်ပုံများနှင့် ခရီးသွားအမှတ်တရ video တိုလေးများရိုက်ကူးရန် အတွက် ကောင်းမွန်ပါတယ်။

Full-size Mega zooms ( $350 ~ $900)

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် panasonic-lumix-fz70

ဒီကင်မရာကိုတော့ zoom ဆွဲပြီး မိမိလိုချင်တဲ့ ပုံရိပ်တွေကို အနီးကပ်ရိုက်ကူးလိုသူများနှင့် အားကစားပွဲတွင်းမှ ကစားသမားတွေရဲ့မျက်နှာကို ရှေ့ဆုံးနေရာကနေ ရိုက်ကူးလိုတဲ့သူတွေသုံးသင့်ပါတယ်။ သူရဲ့ပုံပန်းသွင်ပြင်ကတော့ အရွယ်အစားကြီးများပြီးတော့ အတွင်းပိုင်းမှာ အငယ်စား ကနေ အလတ်စားအရွယ်အစားရှိတဲ့ sensor ပါရှိပါတယ်။ မှန်ဘီလူးကတော့ ကိုယ်ထည်မှာ တစ်ခါတည့်တပ်ဆင်ပြီးသား ဖြစ်ပါတယ်။ zoom ချဲ့နိုင်တဲ့ ပမာဏကတော့ အဆ ၂၀ အထက်ရှိပြီး automatic နဲ့ manual လုပ်ဆောင်ချက်အချို့ ပါရှိပါတယ်။ ဈေးပေါတဲ့ model တွေမှာ EVF (Eelectronic View Finder) မပါ ပါဘူး။ ဒီ camera အမျိုးအစား ကို compact နဲ့ DSLR ကြားက bridging camera လို့မှားရွင်း စွာသုံးနုံးလေ့ရှိပါတယ်။ သူရဲ့ပုံပန်းသွင်ပြင်အရ DSLR နဲ့မှားတတ်ပေမဲ့ DSLR နဲ့လုံးဝမနီးစပ်ပါဘူး။ point and shoot အမျိုးအစားတွေထဲမှ တစ်ခုသာ ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးနဲ့ လုပ်ဆောင်ချက်ကတော့ အထက်တွင်ဖော်ပြခဲ့တဲ့ point and shoot နှင့်အတူတူပဲ ဖြစ်ပါတယ်။ လှုပ်ရှားနေတဲ့ action တွေကို ရိုက်ကူးလို့ရပေမဲ့ သိပ်မလှုပ်ရှားတဲ့ အရာတွေကို ရိုက်ယူရင်တော့ ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မှာပါ။

ဒီနေရာမှာ zoom အကြောင်းနဲနဲရှင်းပြလိုပါတယ်။ zoom lens တွေဟာ focal length ရှည်ရင် ရှည်သလို မိမိရိုက်လိုတဲ့ subject ကိုအနီးကပ်ဆွဲယူလို့ရပါတယ်။ 250mm နဲ့ဆွဲတာနဲ့စာလို့ရှိရင် 1000mm နဲ့ဆွဲတာက အရာဝထ္တုကို အသေးစိတ်မြင်နိုင်ပါတယ်။ မြင်ကွင်းကျယ်ကျယ် ရိုက်ရန်နဲ့ အဝေးမှအရာတွေကို အနီးကပ်ဆွဲရိုက်ရန်အတွက်ပါ နှစ်မျိုးလုံး အဆင်ပြေစေမယ့် lens တွေကိုထုတ်လုပ်ကြရာမှာ zoom ကိုဝေးသည်ထက်ဝေးဝေး များများ ဆွဲရိုက်နိုင်ဖို့အတွက် zoom range ကို တိုးပြီး ထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် ဒီလိုအဆင်ပြေစေဖို့အတွက် ပေးဆပ်လိုက်ရတာ တွေရှိပါတယ်။ camera lens ကို telephoto range ရဲ့ အဆုံးစွန် zoom ဆွဲရိုက်ရင် subject ကို frame ထဲမှာတည်ငြိမ်အောင်ထားဖို့ ခက်ခဲပါတယ်။ focal length အကုန်ရတဲ့ lens ရဲ့အရည်အသွေးဟာလည်း သာမန်မျှသာဖြစ်ပါလိမ့်မယ်။

Enthusiast Compacts ($400 ~ $4500)

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် g7x

ဒီအမျိုးအစားကတော့ ဓာတ်ပုံပညာကို စိတ်ပါဝင်စားပြီး setting များနဲ့ ရိုက်ကူးလို ပေမယ့် သိပ်မခက်ခဲတဲ့ setting တွေကို အသုံပြုလိုသူတွေ သုံးသင့်ပါတယ်။ သူရဲ့ဝိသေသတွေကတော့ point and shoot အမိျုးအစားတွေထက် အရွယ်အစား အနည်းငယ်ပိုကြီးပြီး lens ကကိုယ်ထည်မှာ အသေတပ်ဆင် ထားပါတယ်။ zoom range ကတော့ နည်းပြီး medium-to-large sensor တွေပါရှိပါတယ်။ တချို့ model တွေမှာတော့ Electronic View Finder သို့မဟုတ် Reverse Galilean Optical View Finder တွေပါရှိပါတယ်။ manual အတွက် design လုပ်ထားပြီး automatic operation ပါသုံးနိုင်ပါတယ်။ ရုပ်ထွက်အရည်အသွေးနဲ့ စွမ်ဆောင်ရည်ကတော့ အနုပညာဆန်ပြီး ရောင်းတန်းဝင်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်လောက်အောင် ကောင်းမွန်ပါတယ်။ video တိုလေးများနဲ့ အစားအစာ တွေကို ကောင်းမွန်စွာရိုက်ကူး နိုင်ပေမဲ့ လှုပ်ရှားနေတဲ့ action တွေကို ရိုက်ကူးဖို့တော့ မသင့်တော်ပါဘူး

Entry-level mirrorless interchangeable-lens camera ($400 – $700 with lens)

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် eosm3

ဒီအမျိုးအစားကတော့ compact camera ထက်ပုံထွက်ကောင်းမွန်မြန်ဆန်ကာ camera size သေးငယ်တဲ့ အရွယ်အစား ကိုလိုအပ်သူတွေသုံးသင့်ပါတယ်။ သူရဲ့သွင်ပြင်ကတော့ ကုတ်အကျီအိတ်ကဲ့သို့သော အိတ်အရွယ်အစားနှင့် သင့်တော်ပြီး camera ရဲ့ lens ကတော့ ဖြုတ်လှဲနိုင်ပါတယ်။ sensor size ကတော့ compact camera များနှင့် DSLR များထဲတွင် တွေ့နိုင်သော sensor များကဲ့သို့အရွယ်စုံပါတယ်။ ဒီ camera ကိုတော့ automatic အတွက် ရည်ရွယ်ပီး design လုပ်ထားတာ ဖြစ်ပြီး manual operation လည်းသုံးလို့ရပါတယ်။ EVF (Electronic View Finder) ပါဝင်လေ့မရှိပါဘူး။ သို့မဟုတ် အပိုထပ်ဆောင်းဝယ်ယူရပါတယ်။ ရုပ်ပုံအရည်သွေးနဲ့ လုပ်ဆောင်မှုတွေကတော့ entry-level DSLR တွေကို ယှဉ်နိုင်ပါတယ်။ ထိုပြင် video ရဲ့အရည့်အသွေးကလဲ compat နဲ့ point and shoot အမိျုးအစားတွေထက် ပိုမိုကောင်းမွန်ပါတယ်။ လှုပ်ရှားနေတဲ့ ခလေးငယ်တွေနဲ့ အိမ်မွေးအကောင်ငယ်လေးတွေကို ရိုက်ကူးလို့ရနိုင်ပါပြီ။

Entry level DSLR finder ($500 ~ $1000) (with lens)

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် nikon d3300

ဒီကင်မရာ အမျိုးအစား တွေကိုတော့ compact camera တွေထက် ပိုမိုမြန်ဆန်ပြီး ပုံထွက်ကောင်းကာ optical viewfinder ကို အသုံးပြုလိုချင်သူတွေသုံးစွဲ သင့်ပါတယ်။ သူရဲ့ဝိသေသတွေကတော့ အရွယ်အစားကြီးမားခြင်း၊ APS-C အမျိုးအစား sensor ကြီးပါရှိခြင်း၊ lens များကို ဖြုတ်လှဲနိုင်ခြင်း၊ lens မှတဆင့် ပုံရိပ်အား ရှာဖွေနိုင်တဲ့ optical viewfinder ပါရှိခြင်း နှင့် manual သို့မဟုတ် automatic operation တွေသုံးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ရုပ်ပုံအရည်သွေးကတော့ entry-level ILC များနဲ့တူပါတယ်။ video quality ကတော့ brand တစ်ခုနှင့်တစ်ခုမတူပါဘူး။ လှုပ်ရှားနေတဲ့ ခလေးငယ်တွေနဲ့ အိမ်မွေးအကောင်ငယ်လေးတွေကို ရိုက်ကူးနိုင်ပါပြီ။

Enthusiast Mirrorless Interchangeable-lens Camera ( $700 + lens)

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် a6000

ဒီအမျိုးအစား camera ကိုတော့ ဓာတ်ပုံပညာနှင့် ဗီဒီယိုပညာရပ်ကို စိတ်ဝင်စားပြီး lens နှင့် setting အမျိုးမျိုးကို လွယ်ကူစွာ အသုံးပြုလိုသူများ သုံးစွဲသင့်ပါတယ်။ အရွယ်အစားကတော့ အလယ်အလတ် size ဖြစ်ပြီး lens တွေပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ ဒါအပြင် EVF (Electronic View Finder) ပါရှိပါတယ်။ sensor ကတော့ DSLR နဲ့ Compact Camera တွေမှာပါရှိတဲ့ sensor တွေနဲ့အတူတူ ဖြစ်ပါတယ်။ manual operation အတွက် design လုပ်ထားပြီး automatic operation လဲအသုံးပြနိုင်ပါတယ်။

Enthusiast DSLR ( $800 + Body Only)

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် D750

ဒီ Camera ကိုတော့ လျင်လျင်မြန်မြန်န့ဲ ရုပ်ထွက်ကောင်းကောင်းလိုချင်သော camera သမားများအပြင် ဘတ်ဂျက် အကန့်အသတ်ရှိသော ပရိုဓာတ်ပုံသမားများ၊ secondary body လိုအပ်သူများ သုံးကြပါတယ်။ သူရဲ့ ကိုယ်ထည့်ကတော့ ကြီးပြီး APS-C သို့မဟုတ် full-frame sensor ပါရှိပါတယ်။ lens တွေကိုဖြုတ်လှဲနိုင်ပြီး TTL optical viewfinder ပါရှိပါတယ်။ manual ရိုက်ကူးမှုအတွက် design ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံအရည်အသွေးကတော့ prosumer DSLR တွေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ မိမိတို့ ရိုက်ယူထားသော ဓာတ်ပုံများကို ရောင်းချလိုသူများနှင့် အနုပညာမြောက်ရိုက်ချက်တွေကို ဖန်တီးယူလိုသူတွေအတွက် သင့်တော်ပါတယ်။ ရုပ်ရှင်ရိုက်ကူးခြင်းကတော့ အခြေအနေပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ သိုသော် indie video ရိုက်ကူးမှုများအတွက်တော့ အဆင်ပြေပါတယ်။ လှုပ်လှုပ်ရှားရှား အားကစားသမားတွေကိုလဲ ရိုက်ယူနိုင်ပါတယ်။

Pro cameras ($1200 and up (body only))

ကင်မရာ ဝယ်ယူခြင်းလမ်းညွန် D5

ဒီ Camera ကိုတော့ အကြမ်းခံ၊ အပေခံ၊ အားကိုးရ၊ လိုအပ်သလို setting တွေကိုပြောင်းလဲနိုင်၊ မြန်ဆန်၊တိကျ၊ သေချာသပ်ရပ်ပြီး အကောင်းဆုံးသော ဓာတ်ပုံများကို ဖန်တီးလိုသူ တွေသုံးကြပါတယ်။ သူမှာကြီးမားသော ကိုယ်ထည်ရှိပြီး APS-C sensor အကြီးစား သို့မဟုတ် full-frame အကြီးစား sensor ပါရှိပါတယ်။ lens တွေကတော့ နှစ်သက်သလို သင့်တော်သလို ဖြုတ်လှဲနိုင်ပါတယ်။ view finder ပါရှိပြီး manual operation ကို အပြည့်အဝသုံးနိုင်ရန် ပြုလုပ်ထားသော Camera အမျိုးအစား ဖြစ်ပါတယ်။ ဓာတ်ပုံနှင့် video အရည်အသွေးကတော့ အတွေ့အကြုံပြည့်ဝပြီး ဗဟုသုတရှိတဲ့ အဝယ်သမားတွေကို ရောင်းချနိုင်တဲ့ထိ ကောင်းမွန်ပါတယ်။ ထိုအပြင် အားကစားဓာတ်ပုံနဲ့ အခြားသော ပုံများကိုလည်း လျင်မြန်ကောင်းမွန်စွာ ရိုက်ကူးနိုင်ပါတယ်။

Ref: Camera buying guide by CNET


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*