Canon 5D Mk III “ဘုန်းတော်ဘွဲ့”

ဘုန်းတော်ဘွဲ့
Unicode Version | Zawgyi-One Version

Canon 5D Mk III ထွက်စဉ်က Mk II ကဲသို့အုံးအုံးကြွက်ကြွက် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ခုအချိန်မှာတော့ 5D Mk III ဟာ Canon ရဲ့လူကြိုက်အများဆုံး ကင်မရာတစ်လုံးဖြစ်နေပါတယ်။

သုံးနှစ်သုံးမိုးကျော်ခဲ့ပါပြီ။ ဒီကင်ရာကိုဖယ်ရှားမယ့်ကင်မရာ မရှိသေးပါဘူး။ 5Ds ကင်မရာဟာ 5D Mk III ကိုဖယ်ရှားတဲ့ ကင်မရာလို့ထင်နေရင်မှားပါတယ်။ 5Ds ဟာ 5D Mk III နဲ့လုံးဝမတူညီတဲ့ကင်မရာတစ်လုံးဖြစ်ပါတယ်။ မတူညီတဲ့ လိုအပ်ချက်တွေကိုဖြည့်စည်းဖို့ပါ။

5D Mk III ဟာ Canon သုံးဓာတ်ပုံဆရာတွေရဲ့ ခိုင်းနွားတစ်ကောင်ဖြစ်ပါတယ်။ ထိပ်တန်းကင်မရာတစ်လုံးမဟုတ်သလို 1Dx နဲ့ယဉ်လိုက်ရင် လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ဒါပေမဲ့လဲ 5D Mk III ဟာ 98% သော ဓာတ်ပုံဆရာတွေရဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်ပါတယ်။

ကြော်ငြာ၊ မင်္ဂလာဆောင်၊ ပေါ့ထရိတ်၊ အလှ နဲ့ ရှုခင်း ရိုက်တဲ့ ဓာတ်ပုံသမားတွေ ဒီကင်မရာကိုကြိုက်ကြပါတယ်။ ပြီးတော့ဒီကင်ရာဟာ နောက်နှစ်အနည်းငယ် ကြာတဲ့အထိရှိနေဦးမှာပါ။

5D Mk III ဟာ Mk II ကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ထားတာကြောင့် 5D series camera ကိုလူကြိုက်ပိုများလာပါတယ်။ ယခင်က 11 points ပဲရှိတဲ့ AF points ကို 61 points ထိတိုးထားတဲ့အတွက် လှုပ်ရှားအားကစားတွေကို ရိုက်ဖို့ကောင်းသလို အခမ်းအနားရိုက်တဲ့ ဓာတ်ပုံသမားတွေအတွက်လဲပိုလွယ်ကူစေပါတယ်။

Mk II မှာလူကြိုက်များတဲ့ အရာတိုင်းဟာ Mk III မှာပိုမိုကောင်းမွန်လာခဲ့ပါတယ်။

ပိုမြန်ပါတယ်။ ပုံထွက်ပိုကောင်းပါတယ်။ dynamic range နဲ့ tonality ကလည်းနောက်တဆင့်မှာပါ။ ဗီဒီရိုရုပ်ရှင်ရိုက်သူတွေကလည်း ဒီကင်မရာရဲ့ ကွာလတီနဲ့ ကွန်ထရိုးကိုကြိုက်ကြပါတယ်။

7D သို့မဟုတ် 5D MK II ကနေ upgrade လုပ်သင့်တဲ့ကင်မရာတလုံးပါ။ ဒီကင်မရာအသစ်ကို ကန်ဒေါ်လာ ၂၅၀၀ နဲ့ သုံးပြီးအကောင်းတစ်လုံးကို ၂၀၀၀ အောက်ရနိုင်ပါတယ်။

via PhotographyTalk


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*