Canon DSLR အတွက်အကောင်းဆုံးMacroမှန်ဘီလူးများ

Unicode Version | Zawgyi-One Version

ဤဆောင်းပါးမှာပါဝင်တဲ့ မှန်ဘီလူးတွေက အယ်ဒီတာအဖွဲ့ရဲ့ အာဘော်သာဖြစ်ပြီး တန်ဖိုးသင့်တင့်မှု၊ အသုံးဝင်မှုနဲ့ အကြမ်းခံနိုင်မှုကို အဓိကထားပြီး ရွေးချယ်ထားတာပါ။

အနီးကပ်ဆွဲထားတဲ့ ဓာတ်ပုံတွေလိုချင်တဲ့အချိန်မှာ မက်ကရို လန်းစ် တစ်လုံး သင့်အတွက် လိုအပ်ပါလိမ့်မယ်။ သေးငယ်တဲ့ အရာဝထ္တုလေးတွေကို သူတို့ရဲ့ ပကတိအရွယ်အစားအတိုင်း ကင်မရာရဲ့ဆင်ဆာပေါ်မှာ ဖိုးကပ်စ် ဖြတ်နိုင်စေဖို့ ဒီမှန်ဘီလူး လိုအပ်ပါတယ်။ ဥပမာ စာတိုက်တံဆိပ်ခေါင်းလောက်သာရှိတဲ့ အရာဝထ္တုသေးသေးလေးက APS-C ဆင်ဆာမှာ အပြည့်အဝနီးပါးမြင်ရပြီး ကွန်ပျူတာမော်နီတာနဲ့ ပုံနှိပ်တဲ့အခါ ထွက်လာတဲ့အရည်အသွေးက အံ့မခန်း ဖြစ်စေနိုင်ပါတယ်။ ဒီ မက်ကရို လန်းစ်တွေကို သာမန်အကွာအဝေးအတွက်လည်း ရိုက်ကူးနိုင်ပြီး Prime Lens အဖြစ်အသုံးပြုနိုင်တာပါ။

အောက်ဖော်ပြပါ ကင်နွန် မက်ကရို လန်းစ် တွေက full frame ကင်မရာတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတယ်ဆိုသော်ငြားလဲ APS-C ကင်မရာတွေမှာပါ အသုံးပြုလို့ရပါတယ်။ ထို့အတွက်ကြောင့် Image Stabilization၊ Autofocus စနစ်၊ focal length နဲ့ တန်ဖိုး စတာတွေပေါ်မူတည်ပြီး မှန်ဘီလူးတွေကို ရွေးချယ်နိုင်ပါတယ်။ မက်ကရိုလန်းစ်တွေအဖြစ်အသုံးပြုပြီး အနီးကပ်ရိုက်ချက်တွေ ရိုက်ကူးရာမှာ အသုံးပြုပေမယ့် tripod တော့ အသုံးပြုနိုင်ရပါသေးတယ်။

Canon DSLR တွေအတွက် အကောင်းဆုံး မက်ကရို မှန်ဘီလူးများ

Sigma 105mm f 2 8 EX DG OS HSM Macro
Sigma 105mm f 2 8 EX DG OS HSM Macro

1. Sigma 105mm f/2.8 EX DG OS HSM Macro for Canon

သင့်တင့်မျှတဲ့ ဈေးနှုန်းနဲ့အတူ အကောင်းဆုံး ပုံထွက်ရနိုင်တဲ့အတွက် ပြိုင်ဘက်မရှိတဲ့ မှန်ဘီလူးပါ။

အမျိုးအစား: prime lens | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: 4 stops | Weather seals: No | Minimum focus distance: 31cm | Filter size: 62mm | Dimensions: 78 x 126mm | Weight: 725g

ထူးခြားချက်များကတော့ ကိုင်တွယ်ရလွယ်ကူခြင်း၊ ရုပ်ပုံအရည်အသွေး၊ တော်တော်လေး အလုပ်ဖြစ်တဲ့ stabilizer တို့ပါဝင်ပေမယ့် Weather seal မပါဝင်တဲ့အပြင် focus ring ကလည်း ကင်မရာ ဘော်ဒီနဲ့ တော်တော်လေး လှမ်းပါတယ်။

ဓာတ်ပုံဆရာအများစုဆီမှာ သူတို့ကိုင် တဲ့ ကင်မရာတွေနဲ့ တူတဲ့ မှန်ဘီလူးတံဆိပ်ကိုသာ လိုချင်တဲ့ စိတ်အစွဲဆိုတာရှိကြတယ်ဆိုပေမယ့် ဒီနေရာမှာ တော့ Sigma ကနှာတဖျားသာသွားပါတယ်။ မြန်ဆန်ပြီး အသံညင်သာတဲ့ ring-type ultrasonic auto focus စနစ်ကို အဆင့်လေးဆင့်ရှိတဲ့ stabilizer တွဲစပ်ထားတဲ့ နည်းစနစ်က ဒီမှန်ဘီလူးမှာ တပ်ဆင်ထားပါတယ်။ အပါချာကို အကျယ်ဆုံးအနေအထားမှာထားရင်တောင်မှ SLD (Special Low Dispersion) နှစ်ခု တပ်ဆင်ထားလို့ sharpness က ကျမသွားနိုင်ပါဘူး။ အရောင် ရောထွေးမှုနဲ့ အရောင်ယိုင်သွားခြင်းများလည်း မရှိပါဘူး။ မြန်မြန်ဆန်ဆန်နဲ့ auto focus လုပ်နိုင်ခြင်းကြောင့် အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်တဲ့အပြင် focus-timing ၃ ခု ပါဝင်တာ ကိုတွေ့ရပါတယ်။ ကိုင်တွယ်ဖို့အကောင်းဆုံးအနေအထားမှာ ရှိခြင်းနဲ့ ဖွဲ့စည်းပုံအနေအထားမှာ ကန်နွန်ကို ယှဉ်ပြိုင်နိုင်ခြင်းတို့အကြောင့် အကောင်းဆုံး မက်ကရို မှန်ဘီလူးဖြစ်ပါတယ်။

USD 619 နဲ့ ဒီမှာ ဝယ်ယူနိုင်ပါတယ်။

Tamron SP 90mm f/2.8 Di VC USD Macro for Canon
Tamron SP 90mm f/2.8 Di VC USD Macro for Canon

2. Tamron SP 90mm f/2.8 Di VC USD Macro for Canon

ဖွဲ့စည်းတည်ဆောက်ပုံ ကောင်းကောင်းနဲ့ ဒီမက်ကရိုမှန်ဘီလူးက သူ့ကိုပေးရတဲ့ ငွေကြေးထက် အများကြီးတန်ပါတယ်။

အမျိုးအစား: prime | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: 4 stops | Weather seals: Yes | Minimum focus distance: 30cm | Filter size: 58mm | Dimensions: 76 x 123mm | Weight: 550g

ထူးခြားချက်တွေကတော့ ပုံထွက်အကောင်းစားနဲ့ weather sealing ပါဝင်တာပဲဖြစ်ပါတယ်။ Sigma 105mm လောက် ပုံထွက် sharp မဖြစ်ပေမယ့် ဈေးနည်းနည်းပိုသက်သာပါတယ်။

Sigma 105mm က အငြင်းပွားစရာမရှိအကောင်းဆုံးလို့ ဒီဆောင်းပါးမှာ ဖော်ပြထားပေမယ့် Tamron က ဒုတိယအနေနဲ့ နောက်ကနေ ကပ်လိုက်နေပါတယ်။ Stabilization စနစ်အတွက် အကောင်းဆုံးတစ်ခုဖြစ်တဲ့ VC(Vibration Compensation) တပ်ဆင်ပေးထားတဲ့အပြင် အလွန်လျင်မြန်တဲ့ ring-type untrasonic auto focus စနစ် နဲ့ အဆင့်သုံးဆင့်ပြောင်းလို့ရတဲ့ three-positions focus စနစ်တွေပါဝင်ပါသေးတယ်။ Weather seal အပြင် အကြမ်းခံ နိုင်အောင် တည်ဆောက်ထားတဲ့အပြင် အလွန်ကောင်းမွန်တဲ့ ပုံထွက်တွေရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Tamron ရဲ့ ebond နာနိုကုတ်တင်း စနစ်ကြောင့် Ghosting ဖြစ်တာတွေနဲ့ အရောင်ရောထွေးမှုတွေကို လျော့ချပေးနိုင်ပါလိမ့်မယ်။ Sigma 105mm လိုပဲ f/2.8 အထိဖွင့်လို့ရပေမယ့် တကယ်တမ်းတော့ f/4 နဲ့ f/11 အကြားက sharpness က အလွန်ကောင်းမွန်ပါတယ်။

USD 499 နဲ႕ ဒီမွာ ဝယ်ယူနိုင်ပါတယ်။

Sigma 150mm f 2 8 EX DG OS HSM Macro
Sigma 150mm f 2 8 EX DG OS HSM Macro

3. Sigma 150mm f/2.8 EX DG OS HSM Macro for Canon

Sigma ရဲ့ 105mm လိုပဲ လေးစားလောက်စရာကောင်းတဲ့ အရည်အသွေးရှိပြီး ပိုရှည်တဲ့ focal length ပါဝင်ပါတယ်။

အမျိုအစား: prime | Sensor size: full-frame | Maximum aperture: f/2.8 | Image stabiliser: 4 stops | Weather seals: No | Minimum focus distance: 38cm | Filter size: 72mm | Dimensions: 80 x 150mm | Weight: 1150g

ထူးခြားချက်တွေကတော့ အကောင်းဆုံးအနေအထား ပုံထွက်ဆိုပေမယ့် အခြား မှန်ဘီလူးတွေနဲ့ နှိုင်းယှဉ်ရင်တော့ ပိုလေးပြီး ပိုလဲ ဈေးကြီးပါတယ်။ Sigma မှန်ဘီလူးတွေထဲမှာ ဈေးကြီးတဲ့အနေအထားမှာရှိပေမယ့် သူ့ရဲ့ ပိုရှည်လျားတဲ့ focal length ကြောင့် focus လုပ်နိုင်တဲ့အကွာအဝေး က ၃၁ စင်တီမီတာက နေ ၃၈ စင်တီမီတာ အထိ ဖြစ်သွားလို့ လူတွေကို ကြောက်တဲ့ ပိုးကောင်တွေ ကိုအလွယ်တကူရိုက်တာမျိုး သဘာဝအလင်းရောင်ကို ပဲ အားကိုးရတဲ့အနေအထားမှာ ဓာတ်ပုံဆရာရဲ့ အရိပ်ကို subject ပေါ်ကျနေတာမျိုးမဖြစ်နိုင်တော့တာမျိုး စတဲ့ အကျိုးကျေးဇူးတွေတော့ရှိပါတယ်။ သို့သော်လည်း ၁.၁၅ ကီလိုဂရမ်အလေးချိန်ဆိုတဲ့အနေအထားဟာ သူ့ရဲ့ ညီအစ်ကိုမှန်ဘီလူးဖြစ်တဲ့ 105mm ရဲ့အလေးချိန်နဲ့ယှဉ်ရင် နှစ်ဆ ပိုလေးတဲ့အပြင် ဈေးလဲပိုကြီးပါတယ်။ sharpness အကောင်းဆုံးအနေအထား၊ အရောင်ရောထွေးမှု အရမ်းနည်းပါးခြင်း စတဲ့အချက်တွေ ရှိပါတယ်။ Auto focus စနစ်လည်း အကောင်းဆုံးလို့ပြောနိုင်ပေမယ့် အလွန်အငမ်း close up ဖြစ်တဲ့ ဓာတ်ပုံတိုင်း အတွက်တော့ အားနည်းတယ်လို့ ယူဆနိုင်ပါတယ်။

USD 1099 နဲ႕ ဒီမွာ ဝယ်ယူနိုင်ပါတယ်။

Canon EF 100mm f 2 8 Macro USM
Canon EF 100mm f 2 8 Macro USM

4. Canon EF 100mm f/2.8 Macro USM

ကင်နွန်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အခြားတံဆိပ် တွေကို ယှဉ်နိုင်တဲ့ မက်ကရိုမှန်ဘီလူးဖြစ်ပါတယ်။

အမျိုးအစား: prime | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: No | Weather seals: No | Minimum focus distance: 31cm | Filter size: 58mm | Dimensions: 79 x 119mm | Weight: 600g

ယျေဘုယျ အားဖြင့် ပုံထွက်ကောင်းတယ်လို့ပြောလို့ရပါတယ်။ အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်ထားပြီး အလွန်လျင်မြန်တဲ့ auto focus စနစ်ပါဝင်ပါတယ်။ သို့ပေမယ့် weather seal နဲ့ stabilizer မပါဝင်ပါဘူး။

ကျွန်တော်တို့သတ်မှတ်ထားတဲ့ ကင်နွန် ထိပ်တန်း မှန်ဘီလူးစာရင်းမှာ ပါဝင်ပေမယ့် ကင်နွန်က ပိုကောင်းတယ်ဆိုတယ့် 100mm L series ထဲမှာတော့ မပါဝင်ပါဘူး။ ကျွန်တော်တို့ က ဒီမှန်ဘီလူးရဲ့ sharpness အကောင်းဆုံးအနေအထားကို f/5.6 နဲ့ f/16 အကြားမှာ ရှာတွေ့ခဲ့တဲ့အပြင် အရောင်ရောထွေးမှု သိပ်မရှိခြင်း ကိုပါတွေ့ရပါတယ်။ သို့ပေမယ့် barrel distortion လို့ခေါ်တဲ့ မှန်ဘီလူးကြောင့် ပုံအနေအထားလွဲချော်ခြင်း အနည်းငယ်တော့ရှိပါတယ်။ ထုတ်လုပ်ထားတဲ့ အရည်အသွေးတည်ဆောက်ပုံက f/2.8L နဲ့ သိပ်မကွာပါဘူးဆိုပေမယ့် ဒီမှန်ဘီလူးမှာ weather seal မပါတာကို တွေ့နိုင်ပါတယ်။ မက်ကရိုလဲရိုက်လို့ရတယ် လူပုံ portrait တွေလည်းရိုက်လို့ရတဲ့ မှန်ဘီလူးတစ်လုံးအဖြစ် ကင်နွန်က ဈေးကွက်တင်ခဲ့ပါတယ်။ အသံညင်သာပြီး မြန်ဆန်တဲ့ ring-type ultrasonic auto focus ကြောင့် ကင်နွန်ညွှန်းထားသလိုပဲ နှစ်မျိုးလုံး ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ သို့ပေမယ့်လည်း focus ကို အတိုင်းအတာတစ်ခုမှာ lock လုပ်ထားလို့မရတဲ့အတွက် တစ်ခါတစ်ရံမှာ အထူးသဖြင့် အလွန်နီးကပ်တဲ့ subject တွေကို focus ဖြတ်ရင် အဆင်မပြေဖြစ်နိုင်ပါတယ်။

USD 599 နဲ႕ ဒီမွာ ဝယ်ယူနိုင်ပါတယ်။

Canon EF 100mm f 2 8L Macro IS USM
Canon EF 100mm f 2 8L Macro IS USM

5. Canon EF 100mm f/2.8L Macro IS USM

ဈေးကြီးတာကလွဲလို့ပြောစရာမရှိတဲ့ ကင်နွန်ရဲ့ ထိပ်တန်း မက်ကရိုမှန်ဘီလူးတွေထဲက sharpness ကောင်းကောင်းနဲ့ တစ်လုံးဖြစ်ပါတယ်။

အမျိုအစား: prime | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: 4-stops | Weather seals: Yes | Minimum focus distance: 30cm | Filter size: 67mm | Dimensions: 78 x 123mm | Weight: 625g

Sharpness ကောင်းကောင်း distortion နည်းနည်းနဲ့ Hybrid IS ပါဝင်လို့ ဈေးကြီးပါတယ်။ ကင်နွန်ရဲ့ L မှန်ဘီလူးတွေ ထုံးစံအတိုင်းအရောင်ရောထွေးမှုကို သတိထားပြီးရှာကြည့်ရင်တောင်မှ တွေ့ဖို့ခက်ပါတယ်။ ဒီအချက်က ဈေးသက်သာတဲ့ အခြားမှန်ဘီလူးတွေနဲ့ ကွဲပြားနေတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် တည်ဆောက်မှုအရည်အသွေးပိုင်းမှာတော့ အခြား L မှန်ဘီလူးတွေလို မကောင်းဘူးဆိုတာ ခံစားမိနိုငါပတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီအချက်ကို weather seal နဲ့ အလွန်လျင်မြန်တဲ့ ultrasonic auto focus စနစ်တို့ အပြင် နေရာသုံးချက်ရွှေ့နိုင်တဲ့ focus limiter switch တို့ရဲ့ ကောင်းကွက်တွေက လွှမ်းခြုံသွားပါတယ်။ အကောင်းဆုံးအချက်ကတော့ hybrid stabilizer ဖြစ်ပြီး မှန်ဘီလူးကို ရွှေ့လိုက်ချိန်မှာ ဖြစ်သွားတဲ့ လှုပ်ရှားမှုတွေကို ကာကွယ်ဖို့ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Sharpness က အကောင်းဆုံးလို့ပြောလို့ရပေမယ့် ဒီဆောင်းပါးမှာပါတဲ့ အခြားထိပ်တန်းမှန်ဘီလူး ၄ လုံးနဲ့စာရင်တော့  အရောင်ရောထွေးမှုအများဆုံးဖြစ်ပါတယ်။

USD 799 နဲ႕ ဒီမွာ ဝယ်ယူနိုင်ပါတယ်။

Ref: Techradar

Nikon DSLRအတွက်အကောင်းဆုံးMacroမှန်ဘီလူးများ


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*