Canon EOS 77D နှင့် EOS Rebel T7i ကင်မရာအသစ်နှစ်မျိုး ကို ထုတ်ဖော်ပြသ

Unicode Version | Zawgyi-One Version

Canon ရဲ့ ပထမဆုံးအဖြစ် Bluetooth® Technology3 နည်းပညာထည့်သွင်းထားတဲ့ DSLR ကင်မရာအသစ်တွေနဲ့ EF-S မှန်ဘီလူးအသစ်ကို ပွဲထုတ်လိုက်ပါတယ်။

မနေ့ EOS DSLR ကင်မရာတစ်လုံးနဲ့ EOS Rebel T7i DSLR ကင်မရာတစ်လုံးကို ဒစ်ဂျစ်တယ် ဓာတ်ပုံလောကရဲ့ ထိပ်သီးဖြစ်တဲ့ Canon က ပွဲထုတ်ခဲ့ပါတယ်။ T7i Rebel ကို လူသစ်တမ်းနဲ့ EOS 77Dကို အတွေ့အကြုံရှိပြီးသား အပျော်တမ်း ဓာတ်ပုံဆရာတွေကိုရည်ညွန်းပြီး ထုတ်လုပ်ခဲ့တယ်လို့ Canon U.S.A ကကြေငြာခဲ့ပါတယ်။ EF-S အမျိုးအစား မှန်ဘီလူးဖြစ်တဲ့ EF-S 18-55mm f/4-5.6 IS STM ကို APS-C ဆင်ဆာ ကင်မရာတွေအတွက်အပြင် Wireless Remote Control BR-E1 နဲ့ EOS ကင်မရာတွေအတွက် Canon Connect Station CS100 လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုပါ ပြသခဲ့ပါတယ်။ Canon EOS စနစ်ကို မိတ်ဆက်ပြသခဲ့တဲ့ နှစ် ၃၀ ပြည့် အချိန်ကာလမှာ ဒီ DSLR ကင်မရာအသစ်နှစ်လုံးကို ပြသခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက ဖောက်သည်တွေအတွက် အကောင်းဆုံးသော ဓာတ်ပုံတွေကို ပိုင်ဆိုင်ချင်တဲ့ ဆန္ဒကို ဆက်လက်ဖြည့်ဆည်းသွားတာဖြစ်ပြီး သူတို့ တနေ့တချိန်ချိန်မှာ တကယ့်ကိုပဲ Professional အဖြစ် ဓာတ်ပုံတွေရိုက်ကူးနိုင်အောင် ရည်ရွယ်ပါတယ်” လို့ Canon U.S.A ရဲ့ COO နဲ့ ဥက္ကဖြစ်တဲ့ ယူအိချီ အစ်ရှီဇူက က ပြောကြားခဲ့ပါတယ်။

စိတ်ကူးစိတ်သန်းတွေအပေါ်စူးစိုက်ခဲ့ခြင်း

EOS Rebel T7i နဲ့ EOS 77D ကင်မရာနှစ်လုံးစလုံးမှာ OVF (Optical Viewfinder) တပ်ဆင်ထားပြီး 45-point AF Cross-Type AF စနစ်* ဖြစ်တဲ့အတွက် focus ပြုလုပ်ရာမှာ ပိုမိုတိကျလာနိုင်လာပါလိမ့်မယ်။ Live view mode နဲ့ဆိုရင်လည်း Canon ရဲ့ Dual Pixel CMOS AF စနစ်ကိုတပ်ဆင်ထားလို့ focusing speed က 0.03 စက္ကန့်သာရှိပြီး ကမ္ဘာအမြန်ဆုံးလို့ ဆိုနိုင်ပါတယ်။ နည်းစနစ်ပိုင်းအရ အောင်မြင်မှုတွေအဖြစ် သုံးစွဲသူတွေအတွက် subject ကိုအလွယ်တကူနဲ့ တိတိကျကျ focus ဖြတ်နိုင်တာ၊ အရင်ကထက်စာရင် ပိုပြီး မြန်မြန်ဆန်ဆန် focus ဖြတ်နိုင် စတာတွေဖြစ်ပါတယ်။ ကင်မရာအသစ်နှစ်မျိုးလုံးမှာ Wi-Fi®2, NFC3 နဲ့ Bluetooth®4 နည်းပညာတွေကို ထည့်သွင်းပေးလိုက်ခြင်းဖြင့် ဓာတ်ပုံတွေကို ပိုမို လွယ်ကူစွာ ကူးပြောင်းပေးနိုင်ပါလိမ့်မယ်။

EOS Rebel T7i နဲ့ EOS 77D ရဲ့focusing စနစ်တွေ အတွက် ပိုကောင်းအောင် ပြင်ဆင်ထားတဲ့ ထပ်ဆောင်းအချက်အလက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • Optical Viewfinder with a 45-point All Cross-type AF System*
  • Fast and accurate Dual Pixel CMOS AF with Phase-detection
  • 24.2 Megapixel CMOS (APS-C) Sensor
  • DIGIC 7 Image Processor, ISO 100–25600
  • Built-in Wi-Fi®2, NFC3 and Bluetooth®4 technology
  • Vari-angle Touch Screen, 3.0-inch LCD
  • Movie Electronic IS
  • HDR Movie & Time-Lapse Movie
  • High-speed Continuous Shooting at up to 6.0 frames per second (fps)

Canon EOS Rebel T7i

Canon EOS Rebel T7i

Canon EOS Rebel T7i က EOS Rebel စီးရီးထဲမှာ ပထမဆုံးကင်မရာအဖြစ် OVF အတွင်း 45-point, all cross-type AF system ပါဝင်တဲ့ကင်မရာဖြစ်ပါတယ်။ Dual Pixel CMOS AF နဲ့ DIGIC 7 Image Processor ပါဝင်တဲ့ ပထမဆုံး ကင်မရာတစ်လုံးလဲဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယို စနစ်နှစ်မျိုးစလုံးအတွက် Creative filter တွေကို ထည့်သွင်းပေးထားပြီး အသုံးပြုသူတွေကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်မွန်းမံခွင့်ပါ ပေးထားတဲ့အတွက် ဆန်းသစ်တဲ့ ဓာတ်ပုံစိတ်ကူးတွေကို ဖန်တီးနိုင်မယ်လို့ ဆိုထားပါတယ်။

EOS Rebel T7i ကို ဒီဇိုင်းဆွဲတုန်းက ပညာသင် ဓာတ်ပုံသမားတွေရဲ့ Program Mode ကိုကျော်လွန်ပြီး နောက်တစ်ဆင့်ကိုတက်ဖို့စိတ်ဝင်စားတဲ့ တုန့်ပြန်မှု feedbackကို နားထောင်ပြီးမှ လုပ်ဆောင်ခဲ့တာပါ။ Screen ပေါ်မှာတင်ပဲ mode တွေကို ပြောင်းလဲတာ၊ ဓာတ်ပုံရိုက်ခါနည်းမှာ အခြားသော လုပ်ဆောင်ချက်တွေဖြစ်တဲ့ setting ချိန်တာ၊ ပိုကောင်းတဲ့ပုံတွေကို ရအောင် (ဥပမာ shallower DOF သို့မဟုတ် လှုပ်ရှားနေတဲ့အရာတွေကိုဓာတ်ပုံရိုက်ကူးခြင်း) ကူညီလမ်းညွှန်ပေးတာ စတာတွေကို မြင်တွေ့နိုင်ပါတယ်။

Canon EOS Rebel T7i ကို ၂၀၁၇ ဧပြီလ မှာ ဈေးကွက်အတွင်း တင်ပို့ဖို့ စီစဉ်ထားပြီး ကင်မရာ ဘော်ဒီ သီးသန့်ကို အမေရိကန်ဒေါ်လာ ၇၄၉.၉၉ နဲ့ EF-S 18-55mm f/4-5.6 IS STM မှန်ဘီလူးအသစ်ပါဝင်တဲ့ kit ကို အမေရိကန်ဒေါ်လာ ၈၉၉.၉၉၊ EF-S 18-135mm f/3.5-5.6 IS STM နဲ့ kit ကို အမေရိကန်ဒေါ်လာ ၁၂၉၉ နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ http://usa.canon.com/eosrebelt7i မှာ သွားကြည့်လို့ရပါပြီ။

Canon EOS 77D Camera

Canon EOS 77D

အပျော်တမ်းအဆင့်ကနေ နောက်တစ်ဆင့်တက်သွားတဲ့ ဓာတ်ပုံဆရာတွေဆိုတာ အမြဲလိုပဲ သူတို့ရဲ့ DSLR ကင်မရာတွေနဲ့ပက်သက်တဲ့ ဗဟုသုတတွေကို ရှာမှီးကြတာကြောင့် Canon ရဲ့ EOS 77D ကင်မရာအသစ်က သူတို့အတွက် အသင့်လျော်ဆုံးဖြစ်လာပါလိမ့်မယ်။ EOS 77D ဆိုတာ Rebel စီးရီးကင်မရာတွေထက် တစ်ဆင့်မြင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။ EOS 77D DSLR ကင်မရာ အသုံးပြုသူတွေက EOS 80D မှာပါတပ်ဆင်ထားတဲ့ 7650-pixel RBG+IR Metering စနစ် နဲ့ မလိုလားတဲ့ ပြင်ပအလင်းရောင်တွေဝင်ရောက်မှုကို ထိန်းချုပ်ပေးတဲ့ Anti-Flicker shooting mode ကို ရရှိနိုင်မှာပါ။ LCD စကရင်အသေးကို အခြားသော အလယ်အလတ်တန်း ကင်မရာတွေကိုပဲ အပေါ်ဘက်မှာ တပ်ဆင်ပေးထားတဲ့အတွက် ကင်မရာ ဆက်တင်တွေကို အလွယ်တကူထိန်းချုပ်ပြင်ဆင်နိုင်မှာပါ။

Canon EOS 77D ကို ၂၀၁၇ ဧပြီလ မှာ ဈေးကွက်အတွင်း တင်ပို့ဖို့ စီစဉ်ထားပြီး ကင်မရာ ဘော်ဒီ သီးသန့်ကို အမေရိကန်ဒေါ်လာ ၈၉၉.၉၉ နဲ့ EF-S 18-55mm f/4-5.6 IS STM မှန်ဘီလူးအသစ်ပါဝင်တဲ့ kit ကို အမေရိကန်ဒေါ်လာ ၁၀၄၉.၀၀၊ EF-S 18-135mm f/3.5-5.6 IS STM နဲ့ kit ကို အမေရိကန်ဒေါ်လာ ၁၄၉၉ နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ http://usa.canon.com/eos77d မှာ သွားကြည့်လို့ရပါပြီ။

EF-S မှန်ဘီလူးအသစ်နဲ့ အတူ Remote Accessory Utilizing Bluetooth® Technology နည်းပညာသစ်

EF-S 18-55mm f/4-5.6 IS STM

လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ EF-S 18-55mm f/3.5-5.6 IS STM မှန်ဘီလူးထက် ၂၀% လောက်ပိုမိုသေးငယ်ပြီး ပုံရိပ်အရည်အသွေးကျဆင်းသွားခြင်းမရှိတဲ့ EF-S 18-55mm f/4-5.6 IS STM မှန်ဘီလူးအသစ်ဖြစ်ပါတယ်။ အောက်ပါအချက်အလက်တွေကတော့ မှန်ဘီလူးရဲ့ အချက်အလက်ဖြစ်ပါတယ်။

  • Compact-size, Standard Zoom Lens with High Image Quality
  • Lead Screw-type STM
  • Image Stabilization at up to 45 Stops of Shake Correction
  • Stylish Design

Canon EF-S 18-55mm f/4-5.6 IS STM မှန်ဘီလူးအသစ် ကို ၂၀၁၇ ဧပြီလ မှာ ဈေးကွက်အတွင်း တင်ပို့ဖို့ စီစဉ်ထားပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၄၉.၉၉ ဖြစ်ပါတယ်။ အသေးစိတ်ကို http://canon.com/efs1855stm မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ Canon ရဲ့ Bluetooth စနစ် Bluetooth® technology3 ကို ပထမဆုံးအဖြစ် စတင်အသုံးပြုတဲ့ Wireless Remote Control BR-E1 ကိုလဲ ထုတ်ဖော်ပြသခဲ့ပါသေးတယ်။ ၁၆ ပေ ပတ်ခြာလည်အတွင်းမှာ ကင်မရာကို အဝေးထိန်းစနစ် နဲ့ ထိမ်းချုပ်ရိုက်ကူးနိုင်ပါတယ်။ အထူးသဖြင့် IR စနစ်မဟုတ်တဲ့အတွက် ကင်မရာနဲ့ ဓာတ်ပုံဆရာအကြားမှာ တစ်စုံတစ်ခုကာနေချိန်မှာ အဝေးထိန်း စနစ်နဲ့ရိုက်ကူးရာမှာ အလွန်အသုံးဝင်ပါလိမ့်မယ်။ ဒီ remote ကို အသစ်ထွက်တဲ့ EOS Rebel T7i နဲ့ EOS 77D တွေမှာ အသုံးပြုလို့ရပါလိမ့်မယ်။ ၂၀၁၇ ဧပြီလ မှာ ဈေးကွက်အတွင်း တင်ပို့ဖို့ စီစဉ်ထားပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၀ နဲ့ရောင်းချမှာဖြစ်ပါတယ်။

CS100 Firmware Update

EOS Rebel T7i နဲ့ EOS 77D ကင်မရာတွေက Canon Connect Station CS100 နဲ့ချိတ်ဆက်နိုင်ပြီး ဓာတ်ပုံတွေ ဗီဒီယိုတွေကို wirelessly6 နည်းပညာနဲ့ သိမ်းဆည်း၊ဝေမျှနိုင်ပါတယ်။ မနေ့ကတည်းက Canon Connect Station CS100 နဲ့ မိုဘိုင်း app တွေအတွက် firware အသစ်ကို Canon က အဆင့်မြှင့်တင်ခွင့်ပေးလိုက်ပါတယ်။ အောက်ပါအချက်တွေကတော့ အသစ်ထည့်လိုက်တဲ့ အချက်အလက်တွေပါ။

  • Compatibility for select Canon and non-Canon cameras, with a wider range of supported file formats7
  • Support for video playback of computer-edited movies8
  • Improved smartphone connectivity and compatibility
    အသေးစိတ်ကိုတော့ http://usa.canon.com/cs100mobile မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

Canon EOS 77D ကို နာမည်ကြီး ကင်မရာအရောင်းဆိုင်တွေဖြစ်တဲ့ B&H Photo | MPEX | Adorama | Amazon တို့မှာ အမှာစာတင်ပြီး မှာယူနိုင်ပါပြီ။

REF:CANON RUMORS and CANON U.S.A

 


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*