DJI က Hasselblad ရဲ့ ရှယ်ယာအများစုကို ဝယ်ယူလိုက်ပြီဆိုတာ သေချာသလောက်ဖြစ်နေ

Unicode Version | Zawgyi-One Version

တရားဝင်သတင်းမကြေငြာသေးရသော်ငြားလည်း Fox Business တို့လို Luminous Landscape တို့လို သတင်းဌာနတွေက Hasselblad ရဲ့ ရှယ်ယာပမာဏ အများစုကို တရုတ်အမျိုးသားပိုင် DJI က ဝယ်ယူလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။ Hasselblad ကတကယ်တော့ ၁၉၉၆ ခုနှစ်ကတည်းက Hasselblad တံဆိပ်အစစ်မဟုတ်တော့သလို ခုတစ်ကြိမ် နောက်ဆုံးအကြိမ်ရောင်းချခဲ့မှုက ဓာတ်ပုံဆရာအများစုကို ခေါင်းကုတ်စေခဲ့ပါတယ်။ ဘာလို့များ ဒရုန်းကုမ္မဏီတစ်ခုက medium format နဲ့ နာမည်ကြီးတဲ့ အမှတ်တံဆိပ်ကိုဝယ်ယူချင်ခဲ့တာလဲဆိုတာ စဉ်းစားရခက်ပါတယ်။ ဒရုန်းတွေကို ဗီဒိယိုအတွက် အသုံးမပြုချင်တာမျိုးလား? DJI မှာရော ဒီဈေးကွက်ထဲမှာ ဝင်ရောက်ကစားဖို့ တတ်နိုင်တဲ့ နောက်ခံရှိပါ့မလား? စသဖြင့် မေးခွန်းများစွာ အဖြေများစွာ ဖြစ်နေပါတယ်။

Hasselblad ကို ခုနှစ်ပိုင်းတွေထဲမှာ မျက်ခြေမပျက် စောင့်ကြည့်ခဲ့ရင်တော့ စမတ်ဖုန်းတွေကြီးစိုးနေတဲ့ သေးလေကောင်းလေဆိုတဲ့ အတွေးတွေများနေတဲ့ မျက်မှောက် ဈေးကွက်နဲ့ ဝေးကွာနေတာကို သတိထားမိမှာပါ။ သူတို့ရဲ့ အကောင်းဆုံးထုတ်ကုန်ဖြစ်ခဲ့တဲ့ V စီးရီး ဖလင်ကင်မရာတွေကို ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တာက စတင်တယ်လို့ ပြောလို့ရပါတယ်။ ဆိုနီကင်မရာတွေအတွက် လူနာ နဲ့ စတယ်လာ လို့ခေါ်တဲ့ လက်ကိုင်ခုံတွေကို ထုတ်လုပ်ပေးတာမျိုးနဲ့လဲ ဟာသဆန်ဆန် သူတို့ရဲ့ တံဆိပ်ကို ဖျက်စီးဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။ RX100 နဲ့ NEX 7 ကင်မရာတွေအတွက် ကြားလို့တောင်မှမကောင်းတဲ့ ဈေးကြီးကြီးသစ်သားသေတ္တာတွေက ကင်မရာတွေထက် ပိုရောင်းရပေမယ့် ဆိုနီကင်မရာတွေထက် ဘာမှပိုမထူးလာတဲ့အပြင်  ဒီဇိုင်းပိုင်းမှာ ပိုရှုပ်ထွေးစေခဲ့ပါတယ်။ B&H အတွက် ထိပ်သီးကင်မရာထုတ်ကုန်တွေအကြောင်း ဆောင်းပါးရေးသူတစ်ယောက်ကတော့ သူတို့(Hasselblad) အနေနဲ့ ဝယ်သူတွေကို ပစ္စည်းဆန်းဆန်းတွေထုတ်လုပ်ပြပြီး ဆွဲဆောင်ဖို့ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ တကယ်တမ်းတော့ သူတို့ မဆွဲဆောင်နိုင်ခဲ့ပါဘူး။

နှစ်အနည်းငယ်ကတည်းက Hasselblad ရဲ့ ကျဆုံးခန်းအကြောင်းကို ကင်မရာဈေးကွက်မှာ တီးတိုးပြန့်နှံ့နေခဲ့ပေမယ့် Rollei နဲ့ Minolta တံဆိပ်တွေလို လုံးဝပျောက်ကွယ်မသွားတာကိုပဲ ကျွန်တော်တို့ ဝမ်းသာလှပါတယ်။ ယမန်နှစ် နိုဝင်ဘာလကတည်းက DJI က ရှယ်ယာအနည်းငယ်ကို ဝယ်ယူခဲ့ခြင်းဖြင့် စိတ်ဝင်စားမှုကိုပြသခဲ့ပြီး အဲဒီစိတ်ဝင်စားမှုနောက်ကွယ်မှာ သူတို့(DJI)အတွက် တစုံတစ်ခု ကြီးကြီးမားမားပြန်ရနိုင်ဖို့ကို မျှော်လင့်ခဲ့တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဝါးမြိုခံရခြင်းဟာ Hasselblad ရဲ့အနာဂတ်ကို ဖော်ပြခြင်းလား? သူတို့ကရော သူတို့ရဲ့ digital medium format ကင်မရာတွေကို ဆက်လက်ပြုလုပ်ဦးမှာလား သို့မဟုတ် DJI က သူတို့ရဲ့ ဒရုန်းတွေမှာ Hasselblad ရဲ့ နည်းပညာတွေကို အသုံးချမှာလား?

Luminous Landscape ရဲ့ Kevin Raber ကတော့ ဒီသတင်းက ခိုင်မာသေချာတဲ့ ရင်းမြစ်တွေဆီကလာတာပါလို့ပြောပါတယ်။  DJI က PC Mag ကိုတော့ Hasselblad နဲ့ DJI ပေါင်းစည်းမှုအတွက် ခုချိန်မှာ ဘာမှပြောဖို့မရှိသေးပါဘူး၊ ဒါပေမယ့် ကမ္ဘာအဝန်းက ကမ္ဘာ့အဆင့်ဓာတ်ပုံဖန်တီးသူတွေနဲ့ ဆက်လက်ပူးပေါင်းသွားမှာပါလို့ဆိုပါတယ်။

X1D-50c mirrorless ကင်မရာနဲ့ သူ့ရဲ့အစ်ကိုကြီးဖြစ်တဲ့ H6D တို့ဟာ တင်ပို့ရောင်းချခြင်းမရှိတော့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် Hasselblad မှာ ကုန်ပစ္စည်းအမှာစာအသစ်တွေကို ထုတ်လုပ်ဖို့ ငွေမရှိတဲ့အတွက် သူတို့တံဆိပ်ကို ရှင်သန်အောင် အဓိက ရှယ်ယာတွေကို ဈေးလျော့ထုတ်ရောင်းနေတာလို့ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် ဒီရှယ်ယာရောင်းချမှုရဲ့ နောက်ကွယ်က အသေးစိတ်ကို ကျွန်တော်တို့ မသိနိုင်ပေမယ့် မကြာခင်မှာ ဘယ်သူက Hasselblad ရဲ့ အနာဂတ်ကိုပိုင်ဆိုင်သွားပြီလဲဆိုတာကိုတော့ သိလာမှာပါ။ တောက်ပတဲ့ အနာဂတ်သာဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်။

REF: fstoppers


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*