သင့်ဘဝသက်တမ်းတစ်လျှောက်မှာ တစ်ခါလောက်သာ မြင်ရနိုင်ဖွယ်ရှိတဲ့ Drone ဗီဒီယိုမှတ်တမ်း

Photo credit: Eco Abrolhos/Facebook
Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


ခင်ဗျားအနေနဲ့ သဘာဝတရားကြီးက အကြင်နာမဲ့တယ် ရက်စက်တယ်လို့ ပြောချင်ပြောနိုင်ပါတယ်။

သြစတျေးလျ နိုင်ငံ အနောက်ဖက်ကမ်းရိုးတမ်းက ငါးမန်းပင်လယ်အော်မှာ လောလောလတ်တတ်သေဆုံးထားတဲ့ ဟမ့်ဘတ်ထ် ဝေလငါးသေတစ်ကောင်ကို ကျားငါးမန်း အကောင် ၇၀ က ပွဲတော်တည်နေတဲ့ ဗီဒီယိုမှတ်တမ်းက ဒါကို ကောင်းကောင်းသက်သေပြသွားခဲ့ပါတယ်။ ရေယာဉ်ပြေးဆွဲသူ အီကို အက်ဘ်ရိုလ်ဟိုစ့် ဆိုသူက GoPro ကင်မရာတပ်ဆင်ထားသော drone ကိုအသုံးပြုပြီး ရိုက်ကူးထားတဲ့ အဲဒီဗီဒီယိုမှတ်တမ်းကို စနေနေ့က သူရဲ့ Facebook မှာ တင်ထားခဲ့တာပါ။

တသက်မှာတစ်ခါလောက်သာ တွေ့ရနိုင်လောက်တဲ့ ရှားရှားပါးပါး မြင်ကွင်းကို အီကို က drone နဲ့ သေသေချာချာ မှတ်တမ်း တင်နိုင်ခဲ့သလို ဂျီရာလ်ဒ်တွန် ကနေ ဘရွန်းမ်ကို သွားတဲ့ ရေယာဉ်ပေါ်က ခရီးသည်တွေကလဲ တွေ့မြင်လိုက်ရပါတယ်။

အောက်ပါ ဗီဒီယိုဖိုင်မှာ တသက်တာမှာတစ်ခါသာ မြင်ရနိုင်လောက်တဲ့ ကြုံတောင့်ကြုံခဲ မြင်ကွင်းကိုကြည့်ရှုနိုင်ပါတယ်။ ခင်ဗျားတို့ရော အဲဒီနေရာ အနီးအနားမှာ ရေကူးဖို့အစီအစဉ်ရှိလား? အောက်မှာ မှတ်ချက်ပေးသွားပါ။ ကျွန်တော်တို့ ပြန်ဖြေပါ့မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*