DxO စမ်းခဲ့တဲ့ lens တွေထဲမှာ အကောင်းဆုံးဖြစ်လဲဖြစ် ဈေးလဲပေါတဲ့ Sigma 30mm f/1.4 Sony E-Mount Lens

အကြည်လင်အပြတ်သားဆုံး
Unicode Version | Zawgyi-One Version

Sony E-Mount APS-C ကင်မရာအတွက် အကြည်လင်အပြတ်သားဆုံး lens တစ်လုံးရှာနေတယ်ဆိုပါက ထပရှာစရာမလိုတော့ပါဘူး။ Sigma 30mm f/1.4 DN lens ဟာ Sony E-mount ကင်မရာတွေအတွက် အကေင်းဆုံး prime lens ဖြစ်ပြီး A6000 နဲ့စမ်းခဲ့တဲ့ lens တွေထဲမှာ ထိပ်တန်းစာရင်းဝင်တယ်လို့ DxOMark ကပြောပါတယ်။

သိပ်အထင်ကြီးစရာမရှိဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီ lens နဲ့ ဒီ lens လောက်အမှတ်မရခဲ့တဲ့ lens တွေရဲ့ဈေးနှုန်းကို နိုင်းယှဉ်ကြည့်လိုက်ပါ။ Zeiss 32mm f/1.8 က ဒေါ်လာ 720 ကျသင့်ပြီး Sony’s 35mm f/1.8 ဒေါ်လာ 400 ကျပါတယ်။ နှစ်ခုလုံး ဒေါ်လာ 340 တန် Sigma lens လောက်အမှတ်မရပါဘူး။ Sigma lens မှာပိုကျယ်တဲ့ အပါချာရှိတဲ့အပြင် အလယ်မှာပိုကြည်လင်ပြတ်သားပြီး frame တစ်ခုလုံးမှာ အရည်အသွေးပြောင်းလဲမသွားဘူးလို့ DxO ပြောပါတယ်။

အကြည်လင်ဆုံး

မိတ်ဆွေ Sony E-Mount ကိုပိုင်ဆိုင်ပြီး 30mm range (45mm equivalent) lens မဝယ်ရသေးဘူးဆိုပါက သိပ်စဉ်းစားမနေပါနဲ့တော့။ Review အစအဆုံးကို DxO website မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

via Petapixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

1 Comment on DxO စမ်းခဲ့တဲ့ lens တွေထဲမှာ အကောင်းဆုံးဖြစ်လဲဖြစ် ဈေးလဲပေါတဲ့ Sigma 30mm f/1.4 Sony E-Mount Lens

Leave a Reply

Your email address will not be published.


*